Thursday, September 15, 2016
လက်တစ်ရာနှင့် သတ္တဝါဆန်း
http://i1183.photobucket.com/albums/x474/konay1/general%203/1964966_782420435134229_3697225208046848162_n.jpg
ကမ္ဘာမြေတွင် ရှိနေမည်ဟု ထင်မှတ် ဖွယ်ရာ မရှိသည့် ထူးဆန်းသည့် သက်ရှိ သတ္တဝါ တစ်မျိုးကို စင်ကာပူ တံငါသည် တစ်ဦးက ပင်လယ်အတွင်းမှ ဖမ်းဆီး ရမိခဲ့သည်
အွန်ဟန်ဘွန်းဆိုသူ အသက်၅၄နှစ်ရှိသူတစ်ဦးသည် အပျော်ငါးဖမ်းခြင်းကို မွေ့ လျော်ပြီး ၎င်း၏နေ့ လည်စာ အတွက် လတ်လတ်ဆတ်ဆတ် စားနိုင်ရန် ငါးဖမ်းထွက်ရာ အဆိုပါ ဆန်းပြားသည့် သတ္တဝါတစ်မျိုးကို ဖမ်း ဆီး ရမိခဲ့ခြင်း ဖြစ်သည်။
ဆန်တိုဆာ ကျွန်းတွင် အွန် ဖမ်းမိခဲ့သည့် သတ္တဝါဆန်း၏ အသွင်အပြင်မှာ လက်တံများ ၁၀၀ ခန့် ပါရှိပြီး သွင်ပြင်ဆန်းသည့် သတ္တဝါဖြစ် သည်။ အွန်က ကျွန်းပေါ်တွင် ဘီယာသောက်ရင်း ငါးဖမ်းလိုက်၊ စား
သောက်လိုက်ဖြင့် အပန်းဖြေ နေလျက်ရှိရာမှ ယခုသတ္တဝါကို ဖမ်းမိခြင်းဖြစ်သည်။
“ကျွန်တော်က ငါးမျှားနေခဲ့တယ်။ အဲအချိန်မှာ တော်တော်လေးလည်း ဆာနေပါတယ်။ ငါးစာကို လာသုတ် တာ တွေ့ တာနဲ့ ဖျတ်ခနဲ ဆွဲတင်လိုက်တာ ကျွန်တော် တအံ့တသြ ဖြစ်သွား တော့တာပဲ။ ဒါပေမယ့် ကျွန်
တော်ဆက်ပြီး ငါးမျှားတံကို ဆွဲတင်ခဲ့ ပါတယ်။ ကျွန်တော် မိထားတဲ့ အရာကို ကြည့်ပြီး တော်တော်လေး
ခေါင်းတောင် နောက်သွား ခဲ့ရတယ်”ဟု ၎င်းကပြောသည်။
သခင့်အလာကို သစ္စာရှိရှိစောင့်နေသည့် အွန်လိုင်းနာမည်ကျော် ခွေးမလေး
http://i1183.photobucket.com/albums/x474/konay1/general%203/wp-1473859112596.jpg
သခင်ပြန်လာမယ်အထင်နဲ့ လမ်းမကြီးတခုရဲ့ဘေးမှာ စောင့်နေခဲ့တဲ့ ထိုင်းနိုင်ငံမှ ခွေးမလေးတကောင်ရဲ့ သတင်းဟာ တိရစ္ဆာန်ချစ်သူတွေရဲ့ စိတ်နှလုံးထဲထိ ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ဒီသတင်းဟာ ထိုင်းလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပြီးနောက်မှာ ထိုင်းအခြေစိုက် ဒေးလီးနယူးစ်သတင်းမှ သတင်းထောက်တွေက သွားရောက် သတင်းရယူခဲ့ကြတာပါ။
အဆိုပါခွေးမလေး စောင့်နေခဲ့တဲ့နေရာဟာ ချန်သဘူရီခရိုင်၊ ခွန်ဘမ်ဒေသမှ ထရက်တ်လမ်းမကြီးပေါ်မှာဖြစ်ပြီး ၃ နှစ်အရွယ် ခွေးမလေးဟာ အထီးကျန်စွာ မိုးရေထဲမှာ စောင့်ဆိုင်းနေခဲ့တာကို တွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။
ခွေးမလေးဟာ လမ်းဘေးမှာ နေစရာရှာပြီး နေနေခဲ့ကာ လမ်းသွားလမ်းလာတွေ ကျွေးတဲ့ အစားအစာတွေကို လက်ခံပေမယ့် သူ့ကို ဘယ်သူကမှ မွေးစားဖို့ ခေါ်လို့မရခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ သခင့်အလာကို ဇွဲနပဲနဲ့ စောင့်နေခဲ့တဲ့ ခွေးမလေးဟာ အွန်လိုင်း နာမည်ကျော် ဖြစ်လာခဲ့ပြီး သူ့ကို အစားအစာတွေ သွားကျွေးကြတာတွေ၊ ဓာတ်ပုံရိုက်ကြတာတွေနဲ့အတူ သူ့ရဲ့သတင်းကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ မျှဝေမှုတွေ လုပ်နေကြတာပါ။
အဆိုပါခွေးမလေးဟာ အဲဒီနေရာမှာ သခင့်အလာကို စောင့်နေခဲ့တာ လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက ဖြစ်တယ်လို့ အသက် ၄၀ အရွယ် ဒေသခံအမျိုးသမီး ဆီဝါပလွိုင် ရီရွန်ချိုင်ချော့ခ်က ပြောပါတယ်။
အိုင်ယာလန်နိုင်ငံက ဖအေမတူ မအေကွဲ အမြွှာညီအစ်မ
ဒီ မိန်းကလေး ၂ ယောက်ကတော့ အမြွှာလို့ကို ထင်မှတ်ရလောက်အောင် ရုပ်ချင်းဆင်နေကြပါတယ်။ ဒါပေမယ့် သူမ တို့ ၂ ယောက်ဟာ ဆွေးမျိုးတော်စပ် ခြင်း လုံးဝ မရှိပါဘူး။
Niamh Geaney ဆိုသူ ကောင်မလေးတစ်ယောက် ဟာ TwinStrangers.com ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ သူမနဲ့ ရုပ်ချင်းအရမ်းဆင်လွန်းတဲ့ Irene Adams ဆိုသူ ကောင်မလေးတစ်ယောက်နဲ့ ခင်မင်တွေ့ဆုံခဲ့ရပါတယ်။ အဲဒါကြောင့် သူမတို့ ၂ ယောက်ဟာ သွေးသားတော်စပ်ခြင်း ရှိ/မရှိ စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အဲဒီအခါမှာတော့ အံအားသင့်စရာက သူမတို့ ၂ ယောက်ဟာ ညီအစ်မ ဖြစ်နိုင်ချေ ၁.၁ ရာခိုင်နှုန်း ရှိနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် သွေးသားတော်စပ်တဲ့ လက္ခဏာ မျိုးတော့ ရလဒ် မှာ ဖော်ပြထားခြင်း မရှိပါဘူး။ ရုပ်ချင်းဆင်ကြတာပဲရှိပြီး သူမတို့ ၂ယောက်လုံးဟာ အိုင်ယာလန်သူ တွေလည်း ဖြစ်နေကြပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general%203/Twin-from-Different-Parents.jpg
သူမတို့ ၂ ယောက်အနေနဲ့ သွေးသားတော်စပ်ခြင်း မရှိရခြင်းအကြောင်းအရင်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သောင်း လောက်ကတည်းက Niamh ရဲ့  ဘိုးဘေးဘီဘင် မျိုးရိုးဟာ အနောက်တောင် အာရှ မှာ အခြေစိုက်ခဲ့တာ ဖြစ်ပြီး Irene ရဲ့  မူလ မျိုးရိုးကတော့ အီရတ်နိုင်ငံနဲ့ အီရန် နိုင်ငံတို့ကြားက နယ်ခြားစည်းမျဉ်း ဒေသ ဖြစ်တဲ့ မီဆိုပိုတေးမီးယား မှာ အခြေစိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Niamh ကတော့ "ကျွန်မတို့ ၂ယောက်လုံးဟာ ကျွန်မတို့များ သွေးသားတော်စပ်နေမလားဆိုတာကို ဖော်ထုတ်ဖို့ သဘာဝ နည်းလမ်းတွေကို အသုံးပြုခဲ့ပါတယ်။ YouTube နဲ့ လူမှု မီဒီယာတွေမှာ လည်း ကွန်မန့်တွေပေးပြီး တောင်းဆို ခဲ့ကြတာက ကျွန်မတို့ ၂ ယောက် တစ်ကယ် အမျိုးမတော်ကြဘူးဆိုတာကို သက်သေပြပေးဖို့ပါ။ အဲဒါကြောင့် နောက်ဆုံးမှာ ကျွန်မတို့ စစ်ဆေးမှု လုပ်ခဲ့ကြပါတယ်။" လို့ ပြောပြပါတယ်။
Australia မှ အရောင်ပြောင်းနေသောကျောက်တုံးကြီး(သို့)တောင်ကြီး
Australia ဆိုတာ ကမ္ဘာ့တိုက်ကြီးများထဲစာရင်းဝင်ပေမယ့် ကျွန်းနိုင်ငံကြီးလို့ပြောရမှာပါ။
 ဒီနိုင်ငံမှာ ထူးဆန်းတဲ့နေရာတွေ မြောက်များစွာတည်ရှိပါသည်။
ဒီအထဲမှ ထူးထူးခြားခြား အမြဲ အရောင်ပြောင်းနေတက်
တဲ့ တောင်ကြီးတစ်တောင်ကဲ့သို့ ဖြစ်တည်နေသော ကျောက်တုံးကြီး
အကြောင်းကိုတင်ပေးမှာပါ။ဒီတောင်ကြီးကတော့ Uluru
လို့အမည်ရပြီး အများက Ayers Rock လို့ခေါ်ကြပါတယ်။ဒီတောင်ကြီးဟာ
အလင်းရောင်ရရှိမှု ၊ တစ်နေ့သာ အချိန် နှင့် ရာသီဥတုအပေါ်လိုက်ပြီး
အရောင် သိသိသာသာပြောင်းလဲနေတတ်ပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general%203/sunset-at-uluru.jpg
Australia  ရဲ့အလယ်ပိုင်းလောက်မှာတည်ရှိပြီး မြေပြန့်တွေအလယ်မှာထင်ထင်ရှားရှား
တည်ရှိနေတာပါ။ လွန်ခဲ့သော နှစ်သန်းပေါင်း ၆၀၀ ခန့်ကတည်းက တည်ရှိနေတယ်လို့
ခန့်မှန်းကြပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%203/024.-Uluru-NT-in-the-wet-Image-By-Ken-Duncan.jpg
ကြီးမားသော သဲကျေက်တောင်အမျိုးအစားဖြစ်ပြီး  348 m (1,142 ပေ) မြင့်ပါတယ်။
ဒါဟာ မြေမျက်နှာပြင်ကနေတိုင်းထားသော အမြင့်ပါ။ ပင်လယ်ရေမျက်နှာပြင်
ကနေ တိုင်းမည်ဆိုလျှင် 863 m (2,831 ပေ) မြင့်ပါသည်။
Wednesday, September 14, 2016
မှတ်ဖွယ်စုံရာ သုတပဒေသာ (၁၁)
http://i1183.photobucket.com/albums/x474/konay1/general%203/800px-Moth_September_2008-3.jpg
http://i1183.photobucket.com/albums/x474/konay1/general%203/Screenshot_2016-09-13-00-15-10.jpeg
အိမ်များ ထပ်ကာထပ်ကာ တည်ဆောက်ထားသော အိမ်မျှော်စင်
http://i1183.photobucket.com/albums/x474/konay1/general%203/PhotoGrid_1473861590818.jpg
သည် အိမ်ကြီးကတော့ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်ရှိ
Anchorage မြို့တွင် တည်ရှိပြီး Goose Creek မျှော်စင်ကြီးဟု
အမည်ရပါသည်။အမြင့်အားဖြင့် ၁၈၅ ပေမြင့်ကြီး အိမ်တစ်လုံးပေါ်
တစ်လုံး ဆင့်ကာဆင့်ကာ တည်ဆောက်ထားသည့် ဒီဇိုင်းကြောင့်
နာမည်ကျော်ကြားလာခြင်းဖြစ်ပါသည်။မူလ တည်ဆောကစဉ်က
တစ်ထပ်အိမ်အဖြစ် တည်ဆောက်ခဲ့သော်လည်း ထိုဒေသတွင်
တောမီးလောင်ကျွမ်းပြီးနောက် ပိုင်ရှင်ဖြစ်သူ ဖီးလ်ဝိုင်ဒါ မှ
အိမ်များကို အထက်သို့ ထပ်ကာထပ်ကာ တည်ဆောက်ခဲ့ခြင်း
ဖြစ်ပါသည်။ သူ့ရည်ရွယ်ချက်ကတော့ ဟိုးအဝေးက ရှုမျှော်ခင်းများကို
ကြည့်ရှု့ခံစားနိုင်ရန် ဖြစ်ပါသည်။ထိုအိမ်ကြီး၏ အပေါ်ဆုံးထပ်မှ
ကြည့်လျှင် မြောက်အမေရိက၏ အမြင့်ဆုံးတောင်ဖြစ်သော
Denali တောင်ကြီးကို မြင်နိုင်ပါသည်။၁၉၉၀ ခုနှစ်တွင် လူသူကင်းမဲ့သော
ထိုဒေသတွင် စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ
တွင်တော့ ခရီးသွားဧည့်သည်များ၏ သွားရောက်လည်ပတ်စရာ
နေရာ တစ်ခုဖြစ်လာပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ………နေခရမ်း
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်း ( ၇ )
“ကြောက်အားပိုသော စစ်သူရဲကောင်းများ”
 ---------------------------------------------
ကျွန်တော်အရင်ပိုစ့်တွေထဲမှာ အစွဲအလမ်းကြီးပြီး
ကြောက်အားပိုတက်တဲ့ ဘုရင်တွေအကြောင်းတင်
ပေးဖူးပါတယ်။ အခုလည်းဒီလိုလူမျိုးတွေအကြောင်း
ဆက်လက်တင်ပြပေးပါမယ်။
http://i1183.photobucket.com/albums/x474/konay1/general%203/PhotoGrid_1473674807363.jpg
တိုက်ပွဲပေါင်းများစွာကို ရဲစွမ်းသတ္တိအပြည့်နှင့်တိုက်ခိုက်
အောင်မြင်ခဲ့တဲ့ စစ်သူရဲကောင်း ဖီးမာရှယ် နီကိုလတ်စ်
အော်ဂတ်စ်တီ ဒီ မွန်ထရီဗဲလ် ( ၁၆၄၆ - ၁၇၁၆ ) ဟာ
ပြင်သစ်ဝါရင့် စစ်မှုထမ်းတစ်ယောက်ပါ။သူဟာ စစ်သေနာ
ပတိချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။
လာရောက်တဲ့ဧည့်သည်တစ်ယောက်ယောက်က ဆားပုလင်း
ထဲမှ ဆားတွေဖိတ်စင်သွားတယ် ဆိုရင် သေလောက်အောင်
ဟန်မဆောင်နိုင်လောက်အောင် ပေါ်လွန်စွာ ထွတ်ပေါ်လာတာပါ။
Related Posts Plugin for WordPress, Blogger...