Sunday, April 30, 2017
လက်ချောင်း အတိုအရှည်ကို ကြည့်ပြီး အမျိုးသား တစ်ဦး၏ စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်
အမျိုးသမီးများ အတွက် သတင်းကောင်း တစ်ခုရှိနေပါပြီ။ ကိုယ်နှင့် ဒိတ်လုပ်သည့် အမျိုးသားသည် ရက်ရောသူ ဖြစ်သလား၊ တွန့်တိုတတ်သည့် ကပ်စေးနည်း ဖြစ်သလားကို သိရှိနိုင်မည့် နည်းလမ်း ရှိနေပါပြီ။
            သိနိုင်ဖို့ အတွက် သူ့အလုပ်အကိုင် ကိုလည်း မမေးပါနှင့်။ သူ့ ပိုက်ဆံအိတ်ထဲ ကိုလည်း မကြည့်ပါနှင့်။ သူ့လက်ချောင်းလေးတွေကိုသာ ကြည့်လိုက်ပါ။ ရက်ရောသူလား၊ ကပ်စေးနည်းသူလား သိဖို့ရန် လက်ချောင်းလေးများ၏ အတိုအရှည်ကိုသာ ကြည့်လိုက်ပါ။ အမျိုးသား တစ်ဦး၏  လက်ညှိုးသည် လက်သူကြွယ်ထက် တိုနေပါက ယင်းအမျိုးသားသည် အမျိုးသမီးများ အထင်ကြီးစေရန် အတွက် ငွေကြေးများစွာ သုံးစွဲသူ ဖြစ်နိုင်ခြေများကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။
            အဆိုပါ အမျိုးသားသည် ပန်းများ လက်ဆောင် ပေးတတ်သည်။ ချောကလက်များ လက်ဆောင် ပေးတတ်သည်။ ညစာအတွက်လည်း သူကပဲ စိုက်ထုတ် အကုန်အကျ ခံတတ်သည်။ ထို့ပြင် အဆိုပါ ကိုယ်တော်ချောသည် အားကစားရုံ သို့လည်း ပိုသွားနိုင်ခြေရှိသည်။ စတိုင်ကျသော အ၀တ်များကိုလည်း ၀တ်ကြသည်။
ဟာဝိုင်အီကျွန်းပေါ်မှ ကမ္ဘာကျော် လှေကားထစ်များ
ဟာဝိုင်အီ (Hawaii) ၊ Oahu ဒေသရှိ Ko’olau တောင်တန်းများပေါ်တွင် ရှည်လျားမြင့်မားသည့် ကမ္ဘာကျော် Stairway to Heaven လှေကားထစ်များ တည်ရှိပါသည်။ တောင်တန်းတစ်လျောက် အနိမ့် အမြင့်အတိုင်း ရှည်လျားစွာ တည်ရှိနေပြီး လှေကားထစ်ပေါင်း ၃၉၂၂ ရှိပါသည်။
၁၉၄၂ ခုနှစ် ၊ ဒုတိယကမ္ဘာစစ်ပွဲ ဖြစ်ပေါ်နေချိန်၌ အမေရိကန်စစ်တပ်မှ ရေဒီယိုစခန်း တစ်ခုအဖြစ် ထိုတောင်ပေါ်တွင် တည်ဆောက်ခဲ့ပါသည်။ ယခုလှေကားများမှာ ထိုရေဒီယိုစခန်းသို့ သွားရန်အတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းပါ။
ကျောက်တုံးများကို ဟန်ချက်ညီရပ်တည်စေရန် ထပ်ဆင့်တင်ကာ ဖန်တီးခြင်း (၂)
Balance Art ဟုခေါ်သည့် အရာဝတ္ထုများကို ဟန်ချက်ညီ ရပ်တည်နေစေရန် အဆင့်ဆင့် အထပ်ထပ် တင်ကာ ပြသသည့် အနုပညာ တစ်မျိုးပါ။ ထိုကဲ့သို့ အံ့မခန်းပညာရှင်မျိုး ကမ္ဘာမှာ များစွာရှိကြပါတယ်။ တစ်ချို့က လူပုံအလယ် ပြပွဲများ ပြသကြသလို သူတို့၏ ပညာရပ်များကို တင်ဆက်လေ့ ရှိကြပါတယ်။ ယခုလည်း Kokei ဆိုသည့် လူငယ်တစ်ယောက်မှ ကျောက်တုံးများ အဆင့်ဆင့် ရပ်တည်နေစေရန် ထူးခြားစွာ တင်ဆက်ပြသခဲ့ပါတယ်။ ကြည့်မြင်ရသူအနေဖြင့် ယုံကြည်ရန် ခက်ခဲလောက်အောင် ပြသနိုင်ခဲ့ပြီး သူပြုလုပ်ခဲ့ပုံအဆင့်ဆင့်ကို ဗွီဒီယို မှတ်တမ်းတင်ထား ခဲ့ပါသည်။ သူ၏ ဗွီဒီယိုအပိုင်း များစွာထဲမှ တစ်ခုကို နေခရမ်း Page တွင် သီးခြား တင်ပေးပါအုံးမည်။ ကဲကြည့်လိုက်ရအောင်ဗျာ…
ကျောက်ခဲလေးများဖြင့် ဖန်တီးထားသော ပုံလေးများ (၃)
တွေ့မြင်နေကျ ပုံစံမျိုးနှင့်မတူပဲ သဘာဝ ကျောက်ခဲလေးများကို
နေရာတကျ စုစည်း၍ ရုပ်ပုံလေးများဖြစ်လာအောင် ဖန်တီးပုံဖော်
ထားမှုများပါ။ စိတ်ကူးဆန်းသစ်သလို သဘာဝအတိုင်းရှိနေသည့်
ကျောက်ခဲပုံစံမျိုးစုံကို အစီအစဉ်တကျ ပုံဖော်ထားသိုနိုင်မှုဟာ
လေးစားစရာပါ။ ၏
ဆဌမအာရုံဖြစ်ရပ်ဆန်းများ( ၆ )
ဒီတစ်ခါဆက်ပြီး ဖီဂျီ မှမီးနင်းသူများအကြောင်းကိုတင်ပြပါမယ်။
ဒီမီးနင်းပွဲကို ဗီလာဗီလာရီဗို လို့ သူတို့ ကခေါ်ကြပါတယ်။ဒီလို
ပွဲမျိုးကို အစဉ်အလာအရ လွန်ခဲ့တဲ့နှစ်များစွာထဲက ကျင်းပခဲ့
ကြတာပါ။သူတို့ ဟာ အဝိုင်းပုံစံ ခပ်တိမ်တိမ်ကျင်းတစ်ခုကို
တူးပါတယ်။အဲဒီကျင်းကို သစ်ကိုင်းခြောက်တွေ ထင်းတွေနဲ့ 
ပြီးတော့ မီးလျှံတွေပေါ်မှာ
ကျောက်တုံးတွေကို ဖြန့် ခင်းပါတယ်။ နေ့ တစ်ဝက်လောက်ကြာ
အောင်ဆက်တိုက် အပူပေးထားခဲ့တာပါ။ပြီးမှ အလျှံတညီးညီး
နဲ့ပူနေတဲ့ အဲဒီကျောက်တုံးတွေပေါ်မှာ သစ်ရွက်စိမ်းတွေဖြန့် ခင်း
ပြီးတော့မှ အဲဒီကျင်းကြီးထဲမှာ စုပေါင်းကာ ကကြခုန်ကြနှင့် ကပွဲ
ကိုကျင်းပကြပါတယ်။ခေတ်အဆက်ဆက်နိုင်ငံခြားခရီးသွားတွေကို
စွဲဆောင်နိုင်တဲ့ပွဲတော်တစ်ခုပါ။
ခရီးထွက်လျှင် တွေ့မြင်ရမည့် စိတ်ကူး နှင့် လက်တွေ့ကွာခြားပုံလေးများ (၂)
ကျွန်တော်တို့ ခရီးထွက်လျှင် တွေ့မြင်ကြရမည့် ရှုခင်းများ၊ နေရာဒေသများ
နှင့် ပတ်သက်ပြီး ကြိုတင်စိတ်ကူးယဉ်တတ်ကြပါသည်။
သို့သော် လက်တွေ့ခရီးထွက်သည့်အခါ မိမိစိတ်ကူးထားသလို
ပုံစံမျိုးမဟုတ်ဘဲ ကြုံတွေ့တတ်သည့် သဘောများကို ထင်သာမြင်သာ
စေမည့် ပုံလေးများကို ထပ်မံ စုစည်းတင်ပေးလိုက်ပါသည်။
Tuesday, April 25, 2017
Crush ဆိုတာထက် ပိုနေပြီဆိုတာ ပြနေတဲ့ အချက် (၁၃) ချက်"
Crush ဆိုတာက သူ့ရဲ့ရုပ်ရည်နဲ့ ပြောဟန်ဆိုဟန်လေးကြောင့် ခဏလောက်ပဲ စိတ်ကစားတာမျိုးပါ။
ဒီအချက်တွေ သင့်မှာ ဖြစ်နေပြီဆိုရင် သူ့ကို သင် စိတ်ကစားတာထက် ပိုနေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
၁။ စိတ်အရမ်းလှုပ်ရှားနေတတ်ပြီ။ သူ့အနားရောက်ရင် ဘယ်လိုမှသက်တောင့်သက်သာမဖြစ်သလိုခံစားရတယ်။
၂။ သူ ကိုယ့်ဆီပို့မယ့် Message ကိုပဲ မျှော်နေမယ်။
၃။ တခြား Crush တွေက ဖွဲနဲ့ ဆန်ကွဲဖြစ်သွားတယ်။
၎။ အီစီကလီထက်ပိုတဲ့ စကားအကောင်းတွေ ပိုပြောဖြစ်လာမယ်။
Related Posts Plugin for WordPress, Blogger...