
သြစတြေးလျနိုင်ငံမှာ မျက်စိလည် လမ်းမှားလို့ တောထဲမှာ
ညအိပ်ခဲ့ရတဲ့ ၃ နှစ်အရွယ် ကလေးငယ်ကို ခွေးအိုကြီးတစ်ကောင်က စောင့်ရှောက်ပေးခဲ့ပါတယ်။ ပျောက်ဆုံးသွားတဲ့ ၃ နှစ်အရွယ် မိန်းကလေးငယ်ကို အရေးပေါ်အဖွဲ့ဝင်နဲ့ လုပ်အားပေး
၁၀၀ ကျော်က အင်တိုက်အားတိုက်ရှာဖွေခဲ့ကြပါတယ်။
သြစတြေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ်မှာ ဖြစ်ခဲ့တာပါ။
မိန်းကလေးငယ် အူရိုရာ(Aurora)အိမ်က ထွက်သွားချိန်မှာ
သူနဲ့အတူ အိမ်မှာမွေးထားတဲ့ ခွေးကြီး မက်စ်(Max)ပါ
လိုက်ပါသွားခဲ့ပါတယ်။ တောထဲမှာ ညဘက် အပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်အောက် ရောက်ခဲ့လို့ မိန်းကလေးငယ်နဲ့ ခွေးအိုကြီးက ကျောက်ဆောင်တစ်ခုအောက်မှာ ခိုလှုံခဲ့ကြပါတယ်။
တောထဲမှာရောက်နေတဲ့ ၁၆ နာရီ အတွင်း ခွေးအိုကြီးက သူ့သခင်မလေးဘေးမှာ စောင့်ရှောက်ပေးခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ သူ့အဘွားဖြစ်သူက သူ့မြေးအသံကြားတယ်ဆိုပြီး တောင်ပေါ်တက်ကြည့်ခဲ့ပါတယ်။ အဘွားဖြစ်သူ တောင်ပေါ် တက်လာချိန်မှာ ခွေးအိုကြီးက သွားကြိုခဲ့ပြီး မိန်းကလေးငယ်ရှိတဲ့နေရာကို လိုက်ပြခဲ့ပါတယ်။
အဲဒီခွေးအိုကြီးဟာ အသက် ၁၆ နှစ်ရှိတဲ့ သိုးထိန်းခွေးကြီးဖြစ်ပြီး
မျက်စိနည်းနည်းမှုန်သလို နားလည်း နည်းနည်းလေးနေပြီလို့ ဆိုပါတယ်။
Credit:yoyarlay facebook page