ဒီတစ်ခါတင်ပြပေးမယ့်
Body Art တစ်မျိုးကလည်း တစ်မျိုးဆန်းသစ်နေပါတယ်။ Body Art အနုပညာရှင် Vilija ရဲ့ ကိုယ်ပျောက်ပုံစံ ရေးဆွဲထားမှုများ ဖြစ်ပါတယ်။ သဘာဝ တောတောင်ရေမြေများနဲ့ တွဲဖက်ဖန်တီးထားမှုများက အံ့သြချီးကျူးစရာပါ။
နေခရမ်း....
|
Thursday, December 27, 2018
Wednesday, December 26, 2018
သဲသောင်ပြင်ပေါ်ကပန်းပုလက်ရာများ (၅)
သဲသောင်ပြင်မှ လက်ရာမြောက်လှပသည့် ပန်းပုပုံလေးတွေကို
တင်ပေးလိုက်ပါတယ်။ Sand Art လို့ခေါ်သည့် အနုပညာ တစ်မျိုးပါ။
Sunday, December 23, 2018
စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၂၈)
Victor Nunes ဆိုတဲ့ပညာရှင်မှ ဖန်တီးထားမှုများပါ။ သူက နေ့စဉ်တွေ့မြင်နေကျ
ပစ္စည်းလေးများနဲ့ ပေါင်းစပ်ကာ တီထွင်ရေးဆွဲထားမှုက
ချီးကျူးစရာပါ။
Thursday, December 20, 2018
သားတို့ တော်တော် ဆင်းရဲတယ်
ကျွန်တော်တို့ကို အကာအကွယ်ပေးမယ့် အိမ်နံရံ ကောင်းကောင်းတွေ
ရှိတယ်။ သူတို့မှာ သူငယ်ချင်းတွေ ရှိကြတယ်။
ကျွန်တော်တို့မှာ တီဗွီ ရှိတယ်။ သူတို့ကျတော့ သူတို့မိသားစုအတွက်
အချိန်ပေးကြတယ်။
ရှိတယ်။ သူတို့မှာ သူငယ်ချင်းတွေ ရှိကြတယ်။
ကျွန်တော်တို့မှာ တီဗွီ ရှိတယ်။ သူတို့ကျတော့ သူတို့မိသားစုအတွက်
အချိန်ပေးကြတယ်။
၂၁ ဦးမြောက်ရင်သွေးကိုမွေးဖွားခဲ့ပြန်တဲ့ ဗြိတိန်က ဧရာမမိသားစုကြီး

ဒီမိသားစုက ဗြိတိန်ရဲ့ အကြီးဆုံးသော ဧရာမမိသားစုကြီးအဖြစ် မှတ်တမ်းတင်ထားခဲ့ပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ ၂၁ ဦးမြောက် မိသားစုဝင် ရင်သွေးရတနာလေးကို ထပ်မံမွေးဖွားခဲ့ပြန်ပါပြီ။ မိသားစုက ပိုမိုကြီးထွားလာခဲ့ပြီဖြစ်ပြီး အံ့အားသင့်စရာ လင်မယားနှစ်ဦးကတော့ အသက် ၄၇ နှစ်အရွယ် ဖခင်နိုဝယ်လ်ရက်ဖို့ (Noel Radford) နဲ့ အသက် ၄၃ နှစ်အရွယ် မိခင် ဆူးရက်ဖို့ (Sue Radford) တို့ပဲဖြစ်ပါတယ်။
ကလေးလေးဟာ ၈ ပေါင် ၄ အောင်စ နဲ့ လုံးလုံးကစ်ကစ်လေးဖြစ်ပြီး နာမည်ကတော့ ဘွန်နီ (Bonnie) လို့ခေါ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ် အင်္ဂါနေ့က တော်ဝင်လန်ကတ်ရှိုင်းယား ဆေးရုံမှာ ဆူးဟာ ဘွန်နီလေးကို အခက်အခဲမရှိ မွေးဖွားခဲ့တာဖြစ်ပြီး ကျန်းမာရေးဒေါင်ဒေါင်မြည်၊ ပေါင်အပြည့်နဲ့ မချူမချာမွေးဖွားလာခဲ့တဲ့ ဘွန်နီလေးကို ချစ်စဖွယ်မြင်တွေ့ကြရမှာပါ။ ဒီဆေးရုံမှာတင်ပဲ သူတို့မိသားစုရဲ့ ကလေး ၁၄ ယောက်ကို လာရောက်မီးဖွားခဲ့တာဖြစ်လို့ သူတို့စုံတွဲဟာ ဆေးရုံရဲ့မိသားစုဝင်တွေလိုတောင် ဖြစ်နေပါပြီ။ အသည်းယားစရာ ဘွန်နီလေးကို တစ်မိသားစုလုံးက ချီပွေ့ဖို့မစောင့်နိုင်အောင်ဖြစ်နေကြပြီး ဘွန်နီလေး အိမ်ရောက်လာချိန်မှာတော့ တန်းစီပြီး ချီပွေ့နှုတ်ဆက်ကြပါတော့တယ်။
WhatsApp မှ ပျံ့နှံ့နေသည့် မကောင်းဆိုးဝါးဝိညာဉ်ကြောင့် ကိုလံဘီယာတွင် ညမထွက်ရအမိန့် ထုတ်

နာမည်ကျော် WhatsApp ကနေတစ်ဆင့် မကောင်းတဲ့ စိတ်ဝိညာဉ်တွေ ပျံ့နှံ့နေတယ်လို့ သံသယရှိတာကြောင့် မက္ကဆီကိုမြို့တမြို့မှာ လူငယ်တွေကို ညမထွက်ရအမိန့် ထုတ်ပြန်ထားတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။
ဒီလို ထူးထူးဆန်းဆန်းဖြစ်ရပ်ဟာ နိုင်ငံရဲ့မြောက်ပိုင်း ပါရာဂျီတိုမြို့မှာဖြစ်ခဲ့တာဖြစ်ပြီး အသက် ၁၇ နှစ်အောက် လူငယ်တွေဟာ ညနေ ၇ နာရီကနေ မနက် ၅ နာရီအတွင်း အပြင်ကိုသွားခြင်း၊ စုဝေးခြင်းတို့ကို မလုပ်နိုင်တော့ပါဘူး။
ဒီဖြစ်ရပ်တွေဟာ အခုသီတင်းပတ်အစောပိုင်းက စတင်ခဲ့တာပါ။ ပါရာဂျီတိုမြို့ဟာ ကတ်သလစ်ဘာ သာဝင်တွေစုဝေးနေထိုင်တဲ့ မြို့တမြို့ဖြစ်ပြီးတော့ သီတင်းပတ်တခု အတွင်းမှာတင် အနည်းဆုံး လူငယ် ၁၇ ဦးလောက်က တံတားပေါ်က ခုန်ချမယ်လို့ ခြိမ်းခြောက်တာ၊ ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်လုပ်တာ၊ တဆတ်ဆတ်တုန်နေတာ၊ သတိလစ်တာနဲ့ အသံတွေပြောင်းလဲသွားတာ စတဲ့ ထူးဆန်းတဲ့ အမူအကျင့်တွေ ဖြစ်ပေါ် လာခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး အိမ်မွေးခွေး

စတုတ္ထမြောက် ဂန်သာ Gunther IV လို့ အမည်ရတဲ့ ဂျာမန်ခွေးတစ်ကောင်ဟာ ကမ္ဘာ့အချမ်းသာဆုံး တိရစ္ဆာန်အဖြစ် သတ်မှတ်ခံထားရပါတယ်။ သူဟာ ဖခင်ဖြစ်သူ တတိယမြောက်ဂန်သာထံက အမေရိကန် ဒေါ်လာသန်း ၈၀ အမွေဆက်ခံ ရရှိထားတာဖြစ်ပါတယ်။ သူ့ဖခင် ခွေးကြီးဂန်သာကို ပိုင်ရှင်ဖြစ်သူ ဂျာမန်မြို့စားကြီး ကာလော့တာလီဘန်စတိန်းက ငွေသန်းပေါင်းများစွာ အမွေပေးခဲ့တာဖြစ်ပါတယ်။ ဖခင်ခွေးကြီးက သူအမွေရထားတဲ့ငွေတွေကို ထားခဲ့တာမို့ သားဖြစ်သူ စတုတ္ထမြောက် ဂန်သာက ငွေတွေကို လက်ခံရရှိတာ ဖြစ်ပါတယ်။ ပြုစုစောင့်ရှောက်သူတို့က အဆိုပါငွေများကို ရင်းနှီးမြှုပ်နှံထားရာမှ ငွေတွေပွားများပြီး ယခုအခါ ဂန်သာဟာ အမေရိကန်ဒေါ်လာသန်း ၄၀ဝ လောက် တန်နေပါသတဲ့။ သူဟာ ကမ္ဘာအနှံ့ အိမ်ကြီးတွေပိုင်ဆိုင်ပြီး တန်ဖိုးကြီး ငါးဥဆားနယ်ကို နေ့တိုင်းစားကာ အနားမှာ ပြုစုစောင့်ရှောက်သူတစ်ဦး အမြဲရှိပါတယ်။
Cedit: The Voicemyanmar news journal
Subscribe to:
Posts (Atom)







