ကမ္ဘာ့အမြင့်ဆုံးရေကူးကန် တည်ရှိရာ နေရာသည် စင်ကာပူနိုင်ငံ ရှိ နာမည်ကျော် Marina Bay Sands ဟိုတယ် ၏ အပေါ်ထပ်တွင် တည်ရှိပါသည်။

ထိုရေကူးကန်ကြီးသည် မီတာ ၁၅၀ အမြင့်တွင် တည်ရှိနေပါသဖြင့် ကမ္ဘာ့အမြင့်ဆုံး ရေကူးကန်ကြီး အဖြစ်မှတ်တမ်းဝင်ခဲ့ပါသည်။

ထိုရေကူးကန်သည် အိုလံပစ်ရေကူးကန်များအရှည်ထက် ၃ ဆ ပိုမိုရှည်လျားပါသည် ။ စုစုပေါင်း အရှည် ၆၅၀ ပေ ရှိပါသည်။ ထို့ကြောင့် အထပ်မြင့်များတွင် တည်ရှိသော ရေကူးကန်များတွင် အကြီးဆုံး အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါသည်။

ထိုရေကူးကန်တည်ဆောက်ထားပုံမှာ (infinity pool) အဆုံးမဲ့သကဲ့သို့ ဖြစ်နေပြီး ရေကူးအပန်းဖြေသူများ အနေဖြင့် အသဲတအေးအေး စိတ်လှုပ်ရှားဖွယ် ခံစားရမည် ဖြစ်ပါသည်။

ထိုပြင် ရေကူးကန်တွင် ရေကူးရင်း စင်ကာပူနိုင်ငံကို အပေါ်စီးမှ ကြည့်မြင်နိုင်မည် ဖြစ်ပါသည်။ ရေရဲ့ ဖိအားနဲ့ အလေးချိန်ကို ခံနိုင်ဖို့အတွက် ရေကူးကန်ကို ( Stainless Steel ) စတီး တန်ပေါင်း ၂ သိန်း နဲ့ ဒီဇိုင်း ဆွဲ တည်ဆောက်ထားပါသည်။

အသဲတအေးအေး ရင်တဖိုဖိုဖြင့် စိတ်လှုပ်ရှားဖွယ် ခံစားမှု နှင့်အတူ လှပသော ရှု့ခင်းများကို ကြည့်ရှု့နိုင်မည့် ကမ္ဘာ့အမြင့်ဆုံးရေကူးကန်ကြီး ဖြစ်ပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။