
အမှန်မှာလည်း ထိုမြစ်သည် မြစ်နှစ်ခု ပေါင်းစုံရာမှ ဖြစ်ပေါ်လာသော အရောင်ကွဲပြားမှု တစ်ခုဖြစ်ပါသည်။ တစ်ဖက်သည် စိမ်းပြာရောင် ဖြစ်နေပြီး ၊ အခြားတစ်ဖက်ကတော့ ရွံ့နှစ်ရောင် ထနေပါသည်။ စိမ်းပြာရောင် ကြည်လင်နေသော မြစ်သည် Rhone မြစ်ဟု အမည်ရပြီး ၊ ရွံ့နှစ်ရောင် ဖြစ်နေသော မြစ်သည် Arve မြစ် ဖြစ်ပါသည်။

Arve မြစ်သည် နှုန်းများ နှင့် ပြည့်နေပြီး ကီလိုမီတာ ၁၀၀ ခန့် ဝေးတဲ့ နေရာမှ စီးဆင်လာတဲ့ အတွက် ရွံ့ ရောင်ဖြစ်နေပါသည်။ Rhone မြစ်သည် Leman ဆိုသည့် ရေကန်ကြီးမှ စီးဆင်းလာတာဖြစ်ပြီး
ကန်ရေဖြစ်တဲ့ အတွက် စိမ်းစိုကြည်လင်ပါသည်။

သို့သော် သူတို့ပေါင်းဆုံရာနေရာမှစကာ မြစ်နှစ်ခုသည် ချက်ချင်း ရောနှောမသွားပဲ သိသိသာသာ အရောင်ကွဲပြားနေမှုသည် ကြည့်မြင်ရသူအနေဖြင့် ထူးခြားလှပနေပါသည်။

ထိုမြစ်နှစ်ခု တစ်ခုနဲ့ တစ်ခု ရောနှောခြင်းမရှိရတဲ့ အကြောင်းအရင်းကတော့ အများသတ်မှတ်ချက်အရ နှစ်ခုပဲရှိပါသည်။ မြစ်နှစ်ခုဆုံတဲ့ နေရာ၏ အောက်မှာ ရေအောက်နံရံကြီး ရှိနေတဲ့ အတွက် ရောနှောခြင်းမဖြစ်တာလို့ ပြောကြတာရယ် ၊ Arve မြစ်သည် Rhone ထက် ပိုပြီး အေးတဲ့ အတွက် ရေထုဟာ ချက်ချင်း အနယ်မကျတာရယ် ဒါကြောင့် မရောနှောတာလို့ ဆိုနိုင်ပါသည်။
(ဥပမာ အရ အေးတဲ့ ရေဟာ ပူတဲ့ရေထက် ထုထည်များတယ် သိပ်သည်းဆများတယ် )

သို့သော် မြစ်အောက်ပိုင်းတွင်တော့ ထိုမြစ်နှစ်ခုသည် တဖြည်းဖြည်းပေါင်းစည်း သွားကြပါသည်။ ခရီးသွားများ အနေဖြင့် အရောင်သိသာစွာ ကွဲပြားနေသည့် ထိုမြစ်ဆုံနေရာကို သွားရောက်ကာ အထူးအဆန်း အဖြစ် ကြည့်ရှု့ကြလေ့ ရှိပါသည်။ ကမ္ဘာပေါ်ရှိ မြစ်ဆုံအသီးသီးတွင် ထိုကဲ့သို့ အရောင်ကွဲပြားနေကြသော အဖြစ်အပျက်များ ရှိကြပါသည်။ သို့သော် ဂျီနီဗာရှိ ထိုမြစ်ဆုံကတော့ သိသာစွာ အရောင်ကွဲပြားနေခြင်း ၊ ရှု့ခင်းလှပခြင်းတို့ကြောင့် လူသိများ ကျော်ကြားရခြင်း ဖြစ်ပါသည်။
Sep 12, 2012 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။