ရေလွှမ်းမိုးမှုကို ကာကွယ်ရန်အတွက် ဗြိတိန်နိုင်ငံ၏ ပထမဆုံး ရေပေါ်ပေါ်နိုင်သည့် အိမ်ကို စတင်မိတ်ဆက်ခဲ့ကြောင်း DMသတင်းဌာနက ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် ဖော်ပြသည်။ အဆိုပါအိမ်သည် ရေနှင့်အတူ လိုက်ပေါ်နိုင်သောကြောင့် ရေလွှမ်းမိုးမှု ဒဏ်ကို ခံရမည်မဟုတ်ပေ။
ဗိသုကာ ပညာရှင်များသည် မိသားစု နေအိမ်များအတွက် ရှေ့ပြေးဒီဇိုင်းတစ်ရပ်ကို သိမ်းမြစ် ကမ်းပါးပေါ်တွင် ဖန်တီးပြခဲ့သည်။ ရေလွှမ်းမိုးမှုဆိုင်ရာ အထူးပညာရှင်များ အဖွဲ့(Baca)က အဆိုပါအိမ်ဒီဇိုင်းကို ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အိမ်တွင် အိပ်ခန်းသုံးခန်း ပါဝင်ပြီး အိမ်ကိုသစ်သား ပေါင်ပေါ်တွင် အခြေပြုထားသည်။ သို့သော် ကြမ်းပြင်ကို အင်္ဂတေလောင်းထားပြီး ဝင်ရိုးလေးခုဖြင့် ဖောင်ဖွဲ့ထားသည်။ အဆိုပါ အိမ်ငယ်သည် အိမ်ရှင်များအတွက် အရေးပေါ်အိမ် ဖြစ်ရုံသာမက ရုပ်ရှင်ကြည့်ခန်း အဖြစ်လည်း ဒီဇိုင်းရေးဆွဲထားသည်။ ၎င်းအပြင် ဗြိတိန်နိုင်ငံ ဘက်ကင်ဟမ်ရှိုင်းယား အရပ်မာလိုးဒေသ၏ ကြွယ်ဝလှသော ရှုခင်းများကိုလည်း ကြည့်ရှုနိုင်လိမ့် မည်ဟုဆိုသည်။
ref: ပြည်မြန်မာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။