ကမ္ဘာ့အရှည်ဆုံး လူအစုလိုက်ချီတက် ပွဲအဖြစ် ဂင်းနက်စ်မှတ်တမ်း စံချိန်တင်သွားသော တရုတ်ရိုးရာ နဂါးချီတက်ပွဲတွင် ၇၉၁ဒသမ ၅မီတာ(ပေပေါင်း ၂၅ဝဝကျော်) ရှည်လျားသော နဂါးရုပ်ကြီးကို လူစုလူဝေးကြီးက ဖေဖော်ဝါရီ ၆ရက်တွင် တရုတ်တိုင်ပေ Gitian မြို့အနှံ့လှည့်လည် ပြသခဲ့ကြသည်။ ယင်းချီတက်ပွဲကို မီးပုံးပွဲတော် ကျင်းပသည့် တရုတ်နှစ်သစ်ကူး လဆန်း၁၅ရက်တွင် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။ ယင်းနေ့တွင် မိုးများသည်းထန်စွာ ရွာသွန်းခဲ့သော်လည်း လူထုကြီးက မီးပုံးများ ချိတ်ဆွဲလျက် နဂါးနှင့် ခြင်္သေ့အကများဖြင့် မြူးထူးခုန်ပေါက် ကခုန်ခဲ့ကြပြီး နှစ်သစ်ကူးပွဲတော်ကို နွှဲပျော်ခဲ့ကြသည်။
ref: ပြည်မြန်မာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။