အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ကောင်းကင်ယံတွင် ပန်းကန်ပြားပျံ ပုံသဏ္ဌာန် အလင်းတန်းတစ်ခု တွေ့ရှိရကြောင်း မျက်မြင်သက်သေများ၏ မှတ်တမ်းများအရ သတင်းများတွင် ဖော်ပြခဲ့သည်။ အသက် ၃၂ နှစ်အရွယ်ရှိ မာရီဒေ့ခ်ျဟော်ကာဒေဆိုသူသည် သြဂုတ်လ ၇ ရက်နေ့တွင် ၎င်း၏ ခွေးနှင့်အတူ လမ်းလျှောက်ထွက်စဉ် စူးရှတောက်ပသော အလင်းတန်းတစ်ခုကို ကောင်းကင်ယံတွင် တွေ့ရှိခဲ့ရသဖြင့် ၎င်း၏အမျိုးသားကို ခေါ်ယူပြသပြီး မှတ်တမ်းတင်ဓာတ်ပုံနှင့် ဗွီဒီယိုများ ရိုက်ကူးထားခဲ့သည်။ ထိုနေ့တွင် ဖလော်ရီဒါပြည်နယ် အတွင်းမှ မျက်မြင်သက်သေ ၁၄ ဦးတို့က ပန်းကန်ပြားပျံ အလင်းတန်း တစ်ခုကို တွေ့ရှိရကြောင်း အမျိုးသား ယူအက်ဖ်အို လေ့လာရေးစင်တာသို့ ဆက်သွယ် ပြောကြားခဲ့ကြောင်း ယူအက်ဖ်အို လေ့လာရေးဌာန အကြီးအကဲ ပီတာဒါဗန်ပေါ့က ပြောကြားသွားခဲ့သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဖလော်ရီဒါ အခြေစိုက် အမျိုးသား မိုးလေ၀သဌာနက ငြင်းဆိုခဲ့ပြီး ၎င်းအလင်းတန်းသည် တောင်အာဖရိကနိုင်ငံမှ လွှတ်တင်ခဲ့သည့် Delta IV ဂြိုဟ်တု သယ်ဆောင်ရေး ဒုံးကျည်မှ ထွက်ပေါ်လာသော အလင်းတန်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုအလင်းတန်းသည် မြေပြင်မှ အထက်ပေ ၂၄၀၀၀ မှ ၂၈၀၀၀ အတွင်း တွေ့ရှိရခြင်းဖြစ်ပြီး သာမန်မျက်စိဖြင့် ကြည့်ရှုခဲ့သောကြောင့် ယင်းသို့ ထင်ယောင်ထင်မှား ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု မိုးလေ၀သသတင်း တစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။