အမေရိကန်နိုင်ငံ နယူးယောက်မြို့၊ တိုင်းမ်စကွဲယားတွင် လူပေါင်း ၈၀၀ကျော်တို့သည် အောက်ခံ အတွင်းခံအ၀တ်အစားများ ၀တ်ဆင်ကာ စုရုံးခဲ့ကြပြီး လူအများဆုံး အောက်ခံအတွင်းခံ ၀တ်စုံဖြင့် စုရုံးခြင်း အဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့သည်။ နယူးယောက်မြို့သည် ကမ္ဘာကျော်မြို့ကြီး တစ်မြို့ ဖြစ်သော်လည်း ယခင်က ဂင်းနက်စ် ကမ္ဘာ့စံချိန်တင် ဖြစ်ရပ်မျိုး မရှိသလောက် နည်းပါးခဲ့သော မြို့တစ်မြို့ ဖြစ်သည်။ မကြာမီ ရောက်ရှိလာတော့မည့် ခရီးသွားရာသီကို ကြိုဆိုသောအားဖြင့် သဘာ၀၀ါဒီသမားများနှင့် လွတ်လပ်မှုကို မြတ်နိုးခုံမင်သော လူအများ တက်ကြွစွာ ပါဝင် စုရုံးခဲ့ကြောင်း နယူးယောက်မြို့တော်ဝန် အကြံပေးအရာရှိ ဂျန်ဒီလာချက်ဇ်က ပြောကြားသွားခဲ့သည်။
အမေရိကန် အပါအ၀င် ဥရောပနိုင်ငံ အခိျု့သည် ပြီးခဲ့သည့် နှစ်အနည်းငယ် အတွင်း ကြုံတွေ့ခဲ့ရသော စီးပွားရေး အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် ယခုနှစ် ခရီးသွားရာသီတွင် ကမ္ဘာလှည့်ခရီးသွားများ ၎င်းတို့နိုင်ငံသို့ လာရောက် လည်ပတ်မှု မြင့်တတ်စေရန် ကြိုးပမ်းမှုများ အရှိန်မြှင့် ဆောင်ရွက်လာခဲ့သည်။ ပြီးခဲ့သည့် လအတွင်းကလည်း စပိန်နိုင်ငံဗီရာမြို့တွင် လူပေါင်း ရာနှင်ချီ၍ အတွင်းခံ အ၀တ်အစားများဖြင့် စုပေါင်းရေချိုး၍ ကမ္ဘာ့စံချိန်တင်ရန် ကြိုးပမ်းခဲ့ကြသည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။