
ဒီအဖြစ်ပျက်ကတော့ တကယ့်ကို ကြုံဖူးမှပဲ ယုံရမယ့်အဖြစ်ပါ။ အိန္ဒိယနိုင်ငံက Kanpur’s Bidhnoo အမည်ရ ရွာကလေးတစ်ရွာမှာ လက်ရှိအချိန်ထိ အသက်ရှင်နေဆဲဖြစ်တဲ့ အဖွား Vilasa ရဲ့အဖြစ်ဟာ အလွန်ကို အံ့သြစရာ ကောင်းပါတယ်။ သူမဟာ အခုဆို အသက် 82 နှစ် ရှိပါပြီ။ Vilasa အသက် 40 အရွယ်တုန်းက နွားစာရှာဖွေစဉ်မှာ တောကြီးမြွေဟောက် ကိုက်တာကို ခံခဲ့ရပါတယ်။
အဲဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ 1976 ခုနှစ်က ဖြစ်ခဲ့တာပါ။ Vilasa မှာ သမီးနှစ်ယောက်ရှိပြီး၊ ကလေးတွေက သူမကို ဒေသန္တရ ဆေးခန်းဆီကို ပို့ခဲ့ကြပါတယ်။ ဒါပေမယ့် လမ်းမှာတင်ပဲ ကျွမ်းကျင်သူတွေက Vilasa သေဆုံးသွားပြီဆို တာ သိရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆေးခန်းမှာရှိနေတဲ့ ဆရာဝန်ကလည်း အမျိုးမျိုးစမ်းသပ်ပြီး သေဆုံးကြောင်း အတည်ပြု ခဲ့ကြပါတယ်။
ဒါကြောင့် သမီးဖြစ်တဲ့ Ram Kumari နဲ့ Munni တို့ဟာ မိခင်ရဲ့ ရုပ်အလောင်းကို ပြင်ဆင်ပြီး၊ ဘာသာရေးထုံးစံအတိုင်း ဂင်္ဂါမြစ်ထဲကို မျှောခဲ့ကြပါတယ်။ ဆယ်စုနှစ် လေးစုကျော် ကျော်လွန်တဲ့အခါမှာတော့ သမီးတွေတောင် အသက် 60 နီးပါးကို ရောက်နေကြပါပြီ။ ဒါပေမယ့် အိမ်ရှေ့တံခါးဝမှာ ဘယ်သူလဲလို့ ကြည့်လိုက်တော့ ညီမနှစ်ယောက်စလုံး အံ့သြမင် သက်သွားကြပါတယ်။
သူမတို့အမေ Vilasa ဖြစ်နေလို့ပါ။ သေချာမှ နှစ်ယောက်သား အမေလို့ ပြေးပြီး ခေါ်ခဲ့ကြပါတယ်။ သေရွာက ဘယ်လို လုပ် ပြန်ရှင်လာတာလဲ ၀မ်းသာအားရ မေးတော့ Vilasa က သူမဟာ သေဆုံးခြင်းမဟုတ်ပဲ မေ့မျော့နေခဲ့တာသာ ဖြစ် ကြောင်း၊ သူမကိုတင်ဆောင်လာတဲ့ ၀ါးဖောင်ငယ်ဟာ Ramsaran မြို့နယ်က Sarai Theku ရွာကလေးမှာ သောင်တင် ခဲ့ကြောင်း၊ ထိုရွာဟာ Kannauj ဒီစတြိတ်မှာ တည်ရှိကြောင်း ဆိုပါတယ်။
အဲဒီရွာက လူတွေက သူမကို သတိပြန်လည်လာအောင် ပြုလုပ်ခဲ့ပြီး ဆေးဝါးလည်း ကုသပေးခဲ့ကြောင်း၊ သူမ အသက်မ သေတာ တစ်ရွာလုံးသက်သေ ရှိနေသေးကြောင်း ရှင်းပြပါတယ်။ Vilasa ရွာကို ပြန်ရောက်ကာစမှာ မှတ်ဉာဏ်အချို့ ဆုံးရှုံးနေခဲ့လို့ ဦလေးကိုခေါ်ကာ ဇာတ်ကြောင်းတွေ ပြန်ပြောခဲ့ရသေးတယ်လို့ ဆိုပါတယ်။
အစကတော့ ရုပ်ချင်းဆင်တူသူ တစ်ယောက်က ဟန်ဆောင်နေတာတို့ သမီးနှစ်ယောက်က ထင်ခဲ့ပေမယ့် သူမတို့ မှတ်သားထားတဲ့ မိခင်ရဲ့ အမှတ်အသား တွေက အထင်အရှားရှိနေသေးလို့ အမေအရင်းဖြစ်ကြောင်း အတည်ပြုခဲ့ ကြတယ်လို့ သိရပါတယ်။ ဘာလို့ နှစ်ပေါင်း 40 မှ ပြန်လာခဲ့ရတာလဲဆိုတဲ့ မေးခွန်းအတွက်တော့ ထိုနှစ်များ အတောအ တွင်းမှာ Vilasa ဟာ ပုံမှန်မှတ်ဉာဏ်တွေ ဆုံးရှုံးနေတဲ့အချိန်လို့ ယူဆရပါတယ်။
source : indianexpress.com
Credit: shwemom.com
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။