နေခရမ်း....
|
Thursday, December 20, 2018
အိပ်စက်ခြင်းနှင့် ကျန်းမာခြင်း၏ လျှို့ဝှက်ချက်
လူတစ်ဦးအတွက် နေ့စဉ်အိပ်စက်ခြင်း ခြောက်နာရီမှ ရှစ်နာရီ လိုအပ်တယ်။ အိပ် ရေးမဝရင် ငိုက်မျဉ်းခြင်း၊ သမ်းခြင်း၊ စိတ် အာရုံ မသိတသိဖြစ်ခြင်း၊ ခံစားမှုအာရုံများ လျော့ကျလာခြင်း၊ အသိစိတ်နဲ့ လှုပ်ရှား နိုင်တဲ့ ကြွက်သား လှုပ်ရှားမှုမရှိတော့ခြင်း၊ ပတ်ဝန်းကျင်နှင့် ပြန်ဆက်သွယ်မှု မရှိခြင်း တို့မှ အိပ်မပျော်ခြင်းတို့ ဖြစ်တယ်။ အိပ် ပျော်မှလည်း တစ်နေကုန် သွားလာလှုပ် ရှား ရုန်းကန်ရသမျှ အနားရမှာဖြစ်တယ်။ ကိုယ်ခံအားအဖွဲ့၊ အာရုံကြောအဖွဲ့၊ အရိုး အဖွဲ့၊ ကြွက်သားအဖွဲ့၊ ဟော်မုန်းအဖွဲ့ စတာတွေဟာ အိပ်စက်ပြီးမှသာ အား ဖြည့်ပေးတယ်။ လိုအပ်သလောက် အိပ်ဖို့ လိုမယ်။
အိပ်ချိန် ပြည့်ပြည့်ဝဝ၊ နှစ်နှစ်ခြိုက် ခြိုက် ရရှိစေဖို့ဟာ
(၁) နေ့စဉ်အိပ်ချိန် သတ် မှတ်ထားသင့်တယ်။
(၂) အိပ်ခါနီး ဦးနှောက် ကို အိပ်ဖို့ အသင့်ပြင်ခိုင်းရမယ်။
(၃) တရား ထိုင်၊ ပုတီးစိပ်ရမယ်။
(၄) အိပ်ခါနီး အရက် မသောက်ရပါ။
(၅) အိပ်ခန်းကို အိပ်စက် ခြင်းနဲ့ လင်မယား ချစ်တင်းနှီးနှောခြင်းအ တွက်သာ သုံးသင့်ပါတယ်။
(၆) ကော်ဖီနဲ့ ဆေးလိပ် ရှောင်ရမယ်။
(၇) နေ့ဘက်မှာ လှုပ်ရှားတက်ကြွစွာ အလုပ်လုပ်ရမယ်။
(၈) အိပ်ခန်း အိပ်စက်မယ့်နေရာကို အိပ်ဖို့ အတွက် ပြည့်ဝကောင်းမွန်တဲ့ နေရာဖြစ် အောင် ဖန်တီးထားရမယ်။
(၉) အိပ်မယ့် အဖော်ကို ဂရုတစိုက် ရွေးချယ်ရမယ်။
(၁၀) အိပ်မပျော်ရင် အတင်းဖျစ်ညှစ်ကာ အိပ်ရာ ထဲ တွေးမနေသင့်ပါဘူး။
အိပ်မပျော်ခြင်း ((Insormnia)) ။ အိပ် မပျော်ခြင်းဆိုရာမှာ နိုးတစ်ဝက် အိပ်ပျော် ခြင်းလည်း ပါဝင်တယ်။ နေ့စဉ် ခြောက်နာ ရီ အပြည့်မအိပ်ရရင် လူက ထိုင်းမှိုင်းလာ တယ်။ ပြတ်တောင်းပြတ်တောင်း ရက် ကြာကြာ အိပ်မပျော်တဲ့ရက်များလာရင် ကျန်းမာရေး ထိခိုက်လာနိုင်တယ်။ ဦး နှောက်မှာ နိုးထခြင်း စက်နာရီ (wave cycle) ၊ အိပ်စက်ခြင်းစက်နာရီ ((sleep cycle) ) နှစ်ခုရှိရာ နိုးထခြင်း စက်နာရီမှာ နိုးထ ခြင်း မောင်းနှင်အား (wake drive)ကို မရပ်တန့်နိုင်တဲ့အခါ အိပ်မပျော်ခြင်း ဖြစ် တယ်။
အိပ်မပျော်ခြင်းဖြစ်စေတဲ့ အကြောင်း တရား တွေက ဆေးဘက်ဆိုင်ရာ အ ကြောင်းရင်းမှာ
(၁) နှာခေါင်းနှင့် နှာခေါင်း လိုဏ် ဓာတ်မတည့်ခြင်း၊
(၂) အစာအိမ်၊ အူလမ်းကြောင်းပြဿနာများ (လေချဉ် တက်ခြင်း)၊
(၃) ဟော်မုန်းဆိုင်ရာ ပြဿနာ များ (သိုင်းရွိုက်ဟော်မုန်းများခြင်း)၊
(၄) အ ဆစ်မျက်ရောင်ခြင်း၊
(၅) ပန်းနာရင်ကျပ်၊
(၆) အာရုံကြောဆိုင်ရာပြဿနာများ၊
(၇) နာတာရှည်နာကျင် ကိုက်ခဲမှုများ၊
(၈) ခါးနာခြင်း၊
(၉) သွေးတိုး ရောဂါ၊
(၁၀) နှလုံးရောဂါ၊
(၁၁) ခြေထောက် ကိုက်ခြင်း လက္ခဏာစု၊
(၁၂) အိပ်ရာဝင် အသက်ရှူ မဝခြင်း (sleep apnea) တို့ ပါဝင် တယ်။
စိတ်ပိုင်းဆိုင်ရာအကြောင်းတရား တွေက စိတ်ကျရောဂါ ပါဝင်ပြီး အိပ်မပျော် လေ စိတ်ကျခြင်း ပိုဝင်လေ ဖြစ်တယ်။ စိုးရိမ်ပူပန်မှုတွေက အိပ်မပျော်ခြင်း ဖြစ်စေ တယ်။ စိတ် တင်းကျပ်ခြင်း၊ အတိတ်အ ကြောင်းများ ပြန်တွေးတောနေခြင်း၊ အနာ ဂတ်အတွက် ပူပန်မှုများ၊ တာဝန်ယူမှုအ တွက် စိုးရိမ်စိတ် ဖြစ်ခြင်း၊ ဖြစ်နိုင်ခြေထက် ပိုမိုတွက်ချက် တွေးတောကာ ထိတ်လန့် ခြင်းတို့ ဖြစ်ပါ တယ်။ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ အိပ်မပျော်တဲ့အခါ စိုးရိမ် ပူပန်မှု လွန်ကဲ ခြင်း၊ သေဆုံးတော့မယ်လို့ ခံစားထိတ်လန့် ခြင်း၊ ရူးကြောင်ကြောင် ဖြစ်ခြင်းတို့ဖြစ်လာ နိုင်တယ်။ အိပ်မပျော် ခြင်း စောစောသိရင် စောစောကုသသင့် တယ်။ ဆေးဘက်ဆိုင် ရာနဲ့ စိတ်ပိုင်းဆိုင် ရာ အိပ်မပျော်ခြင်းအ ကြောင်းအရာ ရှာဖွေ ကုသရမယ်။
ဘဝနေထိုင်မှုပုံစံဟာ အိပ်မပျော်ခြင်း နဲ့ ပတ်သက်နေတယ်။ အလုပ်ကို အိပ်ရာ အထိ ယူလာပြီး လုပ်ခြင်း ရှောင်ရမယ်။ နေ့ အချိန် တစ်ရေးအိပ်ခြင်းဟာ ညဘက် အိပ် မပျော်ခြင်း ဖြစ်စေတယ်။ ခဏတစ်ဖြုတ် ပေမဲ့ အိပ်မပျော် ဖြစ်စေတယ်။
ညဘက်အိပ်မပျော်လို့ နေ့ဘက် ပြန် အိပ်ခြင်း ဟာ ပုံမှန်အိပ်စက်မှုနာရီ (body clock of sleep pattern) ကို ပျက်စေလို့ ညဘက် အိပ်မပျော်ခြင်း ထပ်ဖြစ်စေတယ်။ အချိန်ပိုင်းအလုပ်လုပ်သူတွေအနေနဲ့ အို ဗာတိုင် (သို့) ညပိုင်းပြောင်းလဲလုပ်တဲ့အခါ နေ့ဘက်လည်း အစားထားကာမအိပ်တတ် လို့ အိပ်မပျော်ခြင်းပြဿနာ ဖြစ်လာတယ်။ ကိုယ်နဲ့ကိုက်မယ့် အလုပ်ချိန်ကို လည်း ကောင်း၊ အလုပ်အကိုင်ကိုလည်းကောင်း ညှိနှိုင်း ပြောင်းယူသင့်ပါတယ်။ သတင်းစာ တိုက် မှာ လုပ်သူတွေ နေ့ဘက် အိပ်စက် ရမယ်။
အရက်ဟာ အိပ်ပျော်စေ ပေမဲ့ ည လယ်မှာ ပြန်နိုးတတ်လို့ အရက်မစွဲသင့်၊ မသောက်သင့်ပါဘူး။ ကဖင်း၊ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ ဖျော်ရည်နဲ့ အ စားအစာတွေ နေ့ဘက်မှာသာ စားသင့် တယ်။ တစ်နေ့ကော်ဖီနှစ်ခွက်၊ အချိုရည် နှစ်ဘူးထက် ပိုမသောက်သင့်ပါဘူး။ သောက်သုံးရင် အိပ်မပျော်ခြင်းဖြစ်စေ ကြောင်း ၂၀၁၅ ခုနှစ်၊ အမျိုးသားအိပ်စက် ခြင်း ဖောင်ဒေးရှင်းရဲ့ လေ့လာချက်အရ သိ ရတယ်။ ကဖင်းဟာ ခန္ဓာကိုယ်တွင်း ရှစ်နာရီကြာ အာနိသင်ပြနိုင်လို့ အိပ်ချိန် မတိုင်ခင် ရှစ်နာရီတွင် ကော်ဖီစတာတွေ မသောက်သင့်ပါဘူး။
နီကိုတင်းဟာ လူကို နိုးကြားစေ တဲ့ ဓာတ်ဖြစ်လို့ နီကိုတင်းပါတဲ့ ဆေးလိပ် ဆေးတံ၊ ကွမ်းကို ဆေးထည့်စားသုံးခြင်း ရှောင်ကြU်သင့်တယ်။အိပ်ရာဝင်ခါနီး ဗိုက် ပြည့်အောင် အစာများများစားခြင်းက အိပ် မပျော်မှုဖြစ်စေတယ်။အိပ်ပျော်ရင် အနား ယူတော့ မယ့် အစာအိမ်နဲ့ အူလမ်းကြောင်း ဟာ အနားမရဘဲ ဆက်ပြီး အလုပ်လုပ်ရ ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကြောင့် အိပ်မပျော်ခြင်းဖြစ်စေတယ်။ အိပ်ရာဝင်ခါ နီး ရေသောက်ရင် ဆီးခဏခဏသွားရလို့ အိပ်ရေးပျက်တတ်ပါတယ်။ အိပ်ရာဝင်ခါ နီး ဖုန်းကြည့်ခြင်း၊ သီချင်းနားထောင် ခြင်း၊ ဂိမ်းဆော့ခြင်း၊ ကွန်ပျူတာကြည့်ခြင်း တို့က အိပ်ချင်စိတ်ပျောက်စေတယ်။ တစ် ရေးနိုး ခဏတစ်ဖြုတ်တီဗီကြည့်ခြင်း၊ ဖေ့စ်ဘုတ်ခ်ကြည့်ခြင်းတို့က မျက်စိ ကြောင်စေတယ်။
နေ့စဉ် အိပ်ချိန် ည ၁၁းဝဝ နာရီမှ မနက် ရးဝဝ နာရီ (သို့ ) ည ၁ဝးဝဝ နာရီမှ မနက် ၆းဝဝ နာရီ ဖြစ်သင့်သည်။ ဂိမ်း ဆော့ခြင်း၊ ဖေ့စ်ဘုတ်ခ်အင်တာနက် ကြည့် ခြင်း၊ စာဖတ်ခြင်း၊ ဇာတ်လမ်းကြည့်ခြင်း၊ ဘောလုံးပွဲထိုင် ကြည့်ခြင်းတို့က အိပ်ရေး ပျက်စေပါ တယ်။
အိပ်ခါနီး အခြားကိစ္စ။ တီဗီ၊ ရေဒီယို အားလုံး မအိပ်ခင်တစ်နာရီအတွင်း ရပ်ရ မယ်။ အပြာရောင် တီဗီအလင်းတန်းဟာ မျက်စိနဲ့ စိတ်ကို နေ့ဘက်အလား ထင် ယောင်ထင်မှား ဖြစ်စေတယ်။ အိပ်ချင် စိတ် ပျောက်စေတယ်။ ကြောင်စေတယ်။ မအိပ် ခင် ဘာသာရေးလုပ်ခြင်းက စိတ်ကို ငြိမ်း အေးစေပြီး အိပ်စက်ခြင်းအပေါ် အ ထောက်အကူ ပြုပါတယ်။ အိမ်ခန်းထဲမှာ တီဗီ၊ အင်တာနက်၊ ဖုန်း မထားသင့်ပါ။ အ လင်းရောင်ဖျော့ဖျော့မှာ စာဖတ်ခြင်းက အဆင်ပြေစေတယ်။ ချစ်တင်းနှီးနှော ခြင်း ဟာ လင်မယားနှစ်ယောက်စလုံးကို အိပ်စက်ခြင်း အထောက်အကူဖြစ်စေ တယ်။ အရက်ဟာ မူးစေပြီး အိပ်ငိုက်ခြင်း၊ အိပ်ပျော်ခြင်းဖြစ်စေပေမဲ့ ရေရှည်မှာ အိပ်စက် ခြင်း အဆင့်ဆင့် ပျက်စီးစေလို့ ညပိုင်း အိပ် မပျော်ဘဲ ရှိတယ်။
ကော်ဖီ၊ ဆေးလိပ်နဲ့ လက်ဖက်ရည် ၊ အ ချိုရည် တို့ဟာ သောက်တဲ့အချိန် မှ ရှစ် နာရီကြာ သွေးထဲမှာ ရှိနိုင်လို့ ရှောင် သင့် တယ်။ နေ့ဘက်မှာ ကိုယ်လက်လှုပ်ရှားမှု အားကစား နာရီဝက်မှ တစ်နာရီ ( အပြေး၊ လမ်းလျှောက်၊ ရေကူး၊စက်ဘီးစီး)လုပ်သင့် တယ်။ အပူချိန် ၁၉ မှ ၂၁ ဒီဂရီ စင်တီဂရိတ် အတွင်း ရှိပြီး တိတ်ဆိတ်ကာ မှောင်တဲ့ အိပ် ခန်းဟာ အိပ်စက်ခြင်း အားပေးတယ်။ က လေးတွေအဖို့ မိဘ (သို့) အဘွားနဲ့ အိပ်နေ ကျရင်ခွင်မှာသာ အိပ်ပျော်တတ်လို့ အစ ကတည်းက လေ့ကျင့် ပေးထားရမယ်။ ဟောက်တတ်သူနဲ့ အိပ်ရ တာဟာ အိပ်မ ပျော်ခြင်း ဖြစ်စေတယ်။ ဟောက်တတ်သူ များ အိပ်ခန်းသီးခြားအိပ် သင့်တယ်။
အိပ်မပျော်ရင် အတင်းဖျစ်ညှစ် မအိပ် သင့်ပါဘူး။ နို့နွေးနွေးတစ်ခွက်သောက် သင့်တယ်။ နို့ထဲမှာပါတဲ့ ထရစ်တိုပန် ((Tryptophan) ) ဟာ အိပ်ချင်စိတ်ဖြစ်စေ တယ်။ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု လုပ် ခြင်း၊ လက်နှစ်ဖက်၊ ခြေနှစ်ဖက်ဆန့်တန်း ကာ အကြောလျှော့ပေးခြင်းဟာ အိပ်ချင် စိတ်ဖြစ်စေတယ်။ နှိပ်နယ်အနင်းခံနိုင်ပါ တယ်။ အိပ်ချင်စိတ်ဖြစ်မှ အိပ်ရာထဲဝင် သင့်တယ်။ အိပ်ဆေး (Valium 5) ) ဆောင် ထားသင့် တယ်။ ရေရှည်စွဲမသောက်သင့် ပေမဲ့ လိုအပ်တဲ့အခါ သောက်သုံးခြင်းက အိပ်ပျော်စေတယ်။
Author:ဒေါက်တာလွင်သန့်
Credit:Kumudra Journal
အကြောင်းအရာ
သုတပဒေသာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။