Friday, July 6, 2012

ထူးထူးခြားခြားအနုပညာ(၄)






ရိုမေးနီးယား၌ ဒေါက်မြင့်ဖိနပ်စီး အပြေးပြိုင်ပွဲကျင်းပ



ဇွန်လ၂၄ရက်နေ့က ရိုမေးနီးယားနိုင်ငံ ဘူချာရက်မြို့တွင် အမျိုးသမီးများရိုမေးနီးယား၌ ဒေါက်မြင့်ဖိနပ်စီး အပြေးပြိုင်ပွဲ ကျင်းပအပြေးပြိုင်ပွဲ တစ်ရပ်ကိုကျင်းပခဲ့သည်။ အဆိုပါအပြေးပြိုင်ပွဲ၌ အမျိုးသမီးများသည် ဒေါက်မြင့်ဖိနပ်များကို စီးကာပြိုင်ပွဲ ဝင်ခဲ့ကြောင်းသိရသည်။

Wednesday, July 4, 2012

လေထီးခုန်သမားက ဟိမ၀န္တာတောင်တန်းမှ ခုန်ချပြီး ကမ္ဘာ့စံချိန်သစ်တင်


ကျော်ကြားသော Base Jump လေထီးခုန်သမား ဗယ်လာရီရိုဇော့ (၄၇နှစ်)သည် ဟိမ၀န္တာတောင်တန်းပေါ်မှ ခုန်ချပြီး ကမ္ဘာ့အမြင့်ဆုံး BaseJumpအဖြစ် ဇွန်လ ၆ ရက်နေ့တွင် စံချိန်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရုရှားလေထီးခုန်သမားသည် ၆၄၂၀မီတာ အမြင့်မှ ခုန်ချခဲ့ခြင်းဖြစ်သည်။ သူသည်တောင်ပေါ်သို့ တက်ရာတွင် ငါးရက်ကြာခဲ့ပြီး အောက်သို့ပြန်ခုန်ဆင်းရာတွင် ၃၀ စက္ကန့်သာကြာခဲ့သည်။
ref: Swesone Media Group

ရေအောက်၌ အသက်ရှူကိရိယာမပါဘဲ ၂၂မိနစ်နှင့် ၂၂စက္ကန့် အသက်ရှူအောင့်ပြပြီး ကမ္ဘာ့စံချိန်တင်

ဂျာမန်လူမျိုး အလွတ် ရေငုပ်သမား တွမ်ဆိုက်တာ(၃၅ နှစ်)ဆိုသူသည် ရေအောက်၌ ၂၂ မိနစ်နှင့် ၂၂ စက္ကန့်ကြာ အသက်ရှူအောင့်ပြခဲ့ပြီး ကမ္ဘာ့စံချိန်သစ်တင်ကာ ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်း ထဲသို့ဝင်ရောက်သွားကြောင်း သိရသည်။ သူသည် ဘရာဇီးလူမျိုးရီကာ ဒိုဘာဟီယာတင်ထားသည့် စံချိန်ဟောင်းကို ချိုးနိုင်ခဲ့ခြင်းဖြစ်သည်။ဘာဟီယာ၏စံချိန်မှာ ၂၀မိနစ်နှင့် ၂၁ စက္ကန့်ဖြစ်သည်။ တွမ်ဆိုက်တာသည် ယခုသီတင်းပတ်အကုန်က တရုတ်နိုင်ငံတွင် ယခုကဲ့သို့ စံချိန်ချိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆိုက်တာ၏ အဆုတ်သည် ပုံမှန်လူများထက် လေကိုသိုလှောင်ထားနိုင်သည့် ပမာဏ ၂ဝရာခိုင်နှုန်း ပိုများပြီး သူ၏ ရေငုပ်ပညာသင်တန်းမှူးက သူ၏အသက်ရှူအောင့်နိုင်စွမ်းကို စတင်သတိပြုမိခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
ref: Swesone Media Group

နီယာဂါရာ ရေတံခွန်ပေါ်ဖြတ်ကျော်ကာ ကြိုးတန်းလမ်းလျှောက်ပြသည့် ပထမဆုံးလူသားဖြစ်လာ

ဇွန်လ၁၅ရက်နေ့က နစ်ခ်ဝေါ်လန်ဒါ (၃၃နှစ်)ဆိုသူသည် နီယာဂါရာရေ တံခွန်ပေါ်၌ ကြိုးတန်းလမ်းလျှောက်ပြပြီး ယင်းကဲ့သို့ပြုလုပ်သည့် ကမ္ဘာ့ပထမဆုံး လူသားဖြစ်လာကြောင်း သိရသည်။ သူသည် ဇွန်လ၁၅ရက်နေ့ညတွင် မြူနှင်းများကျနေသော ရေတံခွန်ပေါ်၌ ပေပေါင်း၁၈ဝဝ အကွာအဝေးကို ကြိုးတန်းလမ်းလျှောက်မှု ပြုလုပ်ပြခဲ့ခြင်းဖြစ်သည်။ သူသည် အမေရိကန်ပြည်ထောင်စုမှ ကနေဒါသို့လာရောက်ရာတွင်လည်း ခရီးစဉ်တစ်လျှောက်လုံး လမ်းလျှောက်၍လာခဲ့ခြင်းဖြစ်သည်။ သူသည် ကြိုးတန်း၏ တစ်ဖက်စွန်းမှ အခြားတစ်ဘက်စွန်းသို့ ရောက်ရှိရန်အတွက် ၂၅မိနစ်သာကြာခဲ့သည်။ သူလမ်းလျှောက်ပြခဲ့သည့် ကြိုးသည် သံမဏိကြိုးဖြစ်ပြီး အချင်းနှစ်လက်မသာရှိသည်။
ref: Swesone Media Group

ပင်အပ်တစ်ချောင်းဖြင့် ကြက်ဥခွံများကို ဖောက်ထွင်းကာ အလွန်ထူးဆန်းသောပန်းပုများ ပြုလုပ်

ဆလိုဗေးနီးယား အနုပညာသမားဖရန့်ဂရွမ် (၇၂ နှစ်)သည် ကြက်ဥခွံများကို ပင်အပ်ဖြင့် ဖောက်ထွင်းကာ အလွန်ထူးဆန်းသော ပန်းပုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။ သူသည် ကြက်ဥများကို ထိပ်၌ အပေါက်သေးသေးဖောက်ကာ အရည်များကို ဖောက်ထုတ်လိုက်ပြီး ပန်းပုပြုလုပ်ခြင်းဖြစ်သည်။ သူသည် ပင်အပ်အရွယ်အသွားကို အသုံးပြုသည့် လျှပ်စစ်ဖောက်စက်ကို အသုံးပြုသည်။ သူသည် ယင်းရှားရှားပါးပါး ကြက်ဥအနုပညာကို ဖန်တီးလာခဲ့သည်မှာ ၁၈နှစ်ရှိပြီဟုဆိုသည်။ ဂရွမ်သည် ဆလိုဗေးနီးယားနိုင်ငံ မြို့တော်အနီးရှိ စတာရာဗာနီကာရွာကလေး၌ နေထိုင်လျက်ရှိကြောင်း သိရသည်။ သူသည် သူ၏ကြက်ဥပန်းပုတစ်ခုကို ဒေါ်လာ၅၀၀ ဖြင့်ရောင်းချပြီး ဆလိုဗေးနီးယား၊ အိန္ဒိယ၊ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့၌ ပြပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။
ref: Swesone Media Group
Related Posts Plugin for WordPress, Blogger...