ကရာချိ ဧပြီ ၎
ပါကစ္စတန် နိုင်ငံ ကရာချိ မြို့တော်ရှိ
ကလပ်ဖ်တန် ကမ်းခြေတွင် ဧပြီ ၁ ရက်က မျက်လုံးလေးလုံး ပါရှိပြီး ပါးစပ်
မပါရှိသည့် ထူးခြား ဆန်းပြားသော ငါးအသေကောင်အား တွေ့ရှိခဲ့ကြောင်း သိရ သည်။
ထို့နောက် ဒေသခံ ပြည်သူ ၁ဝဝ ခန့်သည်
ယင်းကမ်းခြေသို့ လာရောက်၍ အစုံစား သတ္တဝါဟု ယူဆရသော ၎င်း ငါးအား တအံ့တသြ
ကြည့်ရှုခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်၌ ဖော်ပြ ခဲ့သည်။ ဒေသခံ များသည်
ယင်းငါး အသေ တွေ့ရှိမှုအား ဒေသတွင်းရှိ ရဲတပ်ဖွဲ့သို့ အကြောင်း ကြားခဲ့ပြီး
လုံခြုံရေး တပ်ဖွဲ့များသည် ၎င်းဧရိယာ တစ်ဝိုက်သို့ အစောင့်အကြပ် များဖြင့်
ပိတ်ဆို့ ခဲ့ကြ သည်။