Saturday, August 17, 2013

အတွင်းခံ အ၀တ်အစားများဖြင့် နယူးယောက်မြို့၌ လူပေါင်း ၈၀၀ ကျော် စုရုံးပြီး ကမ္ဘာ့စံချိန်တင်


အမေရိကန်နိုင်ငံ နယူးယောက်မြို့၊ တိုင်းမ်စကွဲယားတွင် လူပေါင်း ၈၀၀ကျော်တို့သည် အောက်ခံ အတွင်းခံအ၀တ်အစားများ ၀တ်ဆင်ကာ စုရုံးခဲ့ကြပြီး လူအများဆုံး အောက်ခံအတွင်းခံ ၀တ်စုံဖြင့် စုရုံးခြင်း အဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့သည်။ နယူးယောက်မြို့သည် ကမ္ဘာကျော်မြို့ကြီး တစ်မြို့ ဖြစ်သော်လည်း ယခင်က ဂင်းနက်စ် ကမ္ဘာ့စံချိန်တင် ဖြစ်ရပ်မျိုး မရှိသလောက် နည်းပါးခဲ့သော မြို့တစ်မြို့ ဖြစ်သည်။ မကြာမီ ရောက်ရှိလာတော့မည့် ခရီးသွားရာသီကို ကြိုဆိုသောအားဖြင့် သဘာ၀၀ါဒီသမားများနှင့် လွတ်လပ်မှုကို မြတ်နိုးခုံမင်သော လူအများ တက်ကြွစွာ ပါဝင် စုရုံးခဲ့ကြောင်း နယူးယောက်မြို့တော်ဝန် အကြံပေးအရာရှိ ဂျန်ဒီလာချက်ဇ်က ပြောကြားသွားခဲ့သည်။

အမေရိကန်နိုင်ငံ ကောင်းကင်ယံတွင် ပန်းကန်ပြားပျံ သဏ္ဌာန် အလင်းတန်းတွေ့ရှိ


အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ကောင်းကင်ယံတွင် ပန်းကန်ပြားပျံ ပုံသဏ္ဌာန် အလင်းတန်းတစ်ခု တွေ့ရှိရကြောင်း မျက်မြင်သက်သေများ၏ မှတ်တမ်းများအရ သတင်းများတွင် ဖော်ပြခဲ့သည်။ အသက် ၃၂ နှစ်အရွယ်ရှိ မာရီဒေ့ခ်ျဟော်ကာဒေဆိုသူသည် သြဂုတ်လ ၇ ရက်နေ့တွင် ၎င်း၏ ခွေးနှင့်အတူ လမ်းလျှောက်ထွက်စဉ် စူးရှတောက်ပသော အလင်းတန်းတစ်ခုကို ကောင်းကင်ယံတွင် တွေ့ရှိခဲ့ရသဖြင့် ၎င်း၏အမျိုးသားကို ခေါ်ယူပြသပြီး မှတ်တမ်းတင်ဓာတ်ပုံနှင့် ဗွီဒီယိုများ ရိုက်ကူးထားခဲ့သည်။ ထိုနေ့တွင် ဖလော်ရီဒါပြည်နယ် အတွင်းမှ မျက်မြင်သက်သေ ၁၄ ဦးတို့က ပန်းကန်ပြားပျံ အလင်းတန်း တစ်ခုကို တွေ့ရှိရကြောင်း အမျိုးသား ယူအက်ဖ်အို လေ့လာရေးစင်တာသို့ ဆက်သွယ် ပြောကြားခဲ့ကြောင်း ယူအက်ဖ်အို လေ့လာရေးဌာန အကြီးအကဲ ပီတာဒါဗန်ပေါ့က ပြောကြားသွားခဲ့သည်။

အင်္ဂလန်တွင် ကျင်းပသော မင်္ဂလာပွဲတစ်ပွဲ၌ အပျိုရံ ၈၀ ပါဝင်ဆင်နွှဲ


အင်္ဂလန်နိုင်ငံ အက်စက်စီရင်စု ဟာ့ဝစ်ရှ်မြို့တွင် ကျင်းပခဲ့သော မင်္ဂလာပွဲတစ်ပွဲ၌ အပျိုရံ ၈၀ ခန့် ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။ ယင်းမင်္ဂလာပွဲသည် အသက်၂၆ နှစ်အရွယ် အကဆရာမ ကေတီဒါလ်ဘီနှင့် အသက် ၃၇ နှစ်အရွယ် မီးသတ်သမား နော်မန်ဂို့ရှ်တို့၏ မင်္ဂလာပွဲ ဖြစ်ပြီး သြဂုတ်လ ၉ ရက်နေ့က ဟာ့ဝစ်ရှ်မြို့ရှိ စိန့်နီကိုးလတ်စ် ဘုရားကျောင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဘိုဂီရှူးစ် အကသင်တန်း ကျောင်း၏ အကဆရာမ ဖြစ်သူ ကေတီ၏ တပည့် ၇၄ ဦးလုံးသည် ကေတီ၏ မင်္ဂလာပွဲတွင် ပါဝင် ဆင်နွှဲချင်ကြသောကြောင့် ကေတီက ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ကေတီ၏ ယောင်းမသုံးဦး၊ တူမ တစ်ဦး၊ ညီမ ၀မ်းကွဲတစ်ဦးနှင့် သူငယ်ချင်း ဖြစ်သူတို့ကပါ ကေတီ၏ ဆန္ဒအရ ပါဝင် ဆင်နွှဲခဲ့သောကြောင့် အပျိုရံပေါင်း ၈၀ ဖြင့် မင်္ဂလာပွဲကို ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

လင်းပိုင်များသည် အပေါင်းအဖော် လင်းပိုင်များ၏ အချက်ပေးသံကို နှစ်ပေါင်းနှစ်ဆယ်တိုင် မှတ်မိနေ


ပုလင်းနှာခေါင်း လင်းပိုင်များသည် ၄င်းတို့ အပေါင်းအဖော်လင်းပိုင်များ၏ အချက်ပေးသံကို နှစ်ပေါင်း နှစ်ဆယ်ကျော်သည့်တိုင် မှတ်မိနေသည်ဟု သြဂုတ်လ ၇ ရက်နေ့က ထုတ်ပြန်လိုက်သော လေ့လာချက် တစ်ရပ်က ဆိုသည်။ အဆိုပါ မှတ်ဉာဏ်သည် ပညာရှင်များ လေ့လာခဲ့သမျှသော တိရစ္ဆာန်မှတ်ဉာဏ်များ အနက် အကောင်းဆုံး မှတ်ဉာဏ်ဖြစ်သည်။ ထိုလေ့လာချက်ကို ဒေါက်တာ ဂျေဆင်ဘရပ်က ပြုစုခဲ့ခြင်း ဖြစ်ပြီး ဇီဝဗေဒဆိုင်ရာ သုတေသနဂျာနယ် ဖြစ်သည့် Proceedings B တွင် ဖော်ပြခဲ့သည်။ ဒေါက်တာဘရပ်သည် အမေရိကရှိ တိရစ္ဆာန်ရုံများနှင့် ငါးပြတိုက်များရှိ လင်းပိုင် ၄၃ ကောင်နှင့် ဘာမြူဒါရှိ လင်းပိုင်များကို လေ့လာခဲ့သည်။ သူသည် လင်းပိုင်များ၏ အချက်ပေးသံများကို အသံဖမ်းစက်ဖြင့် ဖမ်းယူကာ အခြားလင်းပိုင်များကို ဖွင့်ပြသည်။

Thursday, August 15, 2013

ကမ္ဘာ့အကျော်ကြားဆုံး ရေပန်းအလှများ

ကမ္ဘာ့အကျော်ကြားဆုံး ရေပန်းများတည်ရှိရာအရပ်တွေကို တင်ပြပေးပါမယ်။
နေခရမ်း ၏ထုံးစံအတိုင်းပဲ ၁ မှ ၁၀ အထိစုစည်းပေးလိုက်ပါတယ်။
၁။ Bellagio Fountains (Las Vegas)

အမေရိကန်နိုင်ငံ လပ်ဗီးဂပ် မြို့မှာတည်ရှိပါတယ်။ ရေပန်းရှိုးပြသချိန်တွင်
မီးရောင်စုံနှင့်ဂီတသံများပါ နားဆင်နိုင်အောင်ပြုလုပ်ထားပါတယ်။ရေပိုက်ခေါင်း
၁၂၀၀ နှင့် မီးရောင်စုံ ၄၅၀၀ လောက်အသုံးပြုအလှဆင်ထားပါတယ်။ 

အမေရိကန်မှ တစ္ဆေသရဲများ လိင်ဆက်ဆံသည်ကို ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့


အ​မေရိကန်တွင် တ​​စ္ဆေသရဲများ​​ လိင်ဆက်ဆံ​​နေသည်ဟု ယူဆရသည့်​​ ထူး​​ခြား​​​သော ဓာတ်ပုံတစ်ပုံကို ရိုက်ယူမိခဲ့​​​ကြောင်း​​ သိရှိရသည်။ အိုဟိုင်အိုတွင် ​​နေထိုင်​​သော ဒိုင်ယာနီ ကာလက်စလီက သူမ၏ ​​မြေး​​မ​​လေး​​ ရိုက်ယူခဲ့​​​သော ဓာတ်ပုံတစ်ခုတွင် အိမ်​​ရှေ့​​ ဧည့်​​ခန်း​​အတွင်း​​ အချစ်ပလူး​​​နေသည်ဟု ယူဆရသည့်​​ အရိပ်များ​​၏ ဓာတ်ပုံကို ​​တွေ့​​ရှိခဲ့​​ရသည်။
“သူတို့ ​​ ဘာလုပ်​​နေတယ်ဆိုတာကို ​​တွေ့​​နိုင်ပါတယ်။ အမျိုး​​သမီး​​က ​​ဒေါက်မြင့်​​ဖိနပ် စီး​​ထား​​တာ​​တောင် မြင်ရပါတယ်”ဟု ဒိုင်ယာနီက ဆိုသည်။ အမျိုး​​သမီး​​တစ်ဦး​​၏ ​​ခြေ​​ထောက်နှင့်​​ အမျိုး​​သား​​ တစ်ဦး​​၏ ခန္ဓာကိုယ် ​​အောက်ပိုင်း​​တို့​​၏ အရိပ်များ​​ ပါရှိ​​သော ဓာတ်ပုံကို ၄ နှစ်သမီး​​​လေး​​က ရိုက်ကူး​​ခဲ့​​မိခြင်း​​ဖြစ်သည်။

ဆွီဒင်ရှိ ရေလက်ကြားတွင် ဝှေးစေ့ကို ကိုက်ဖြတ်တတ်သည့် ငါးများရောက်ရှိ


ပါကူငါးခေါ် အသားစား ငါးမျိုးစိတ် တစ်ခုသည် အမျိုးသားများ၏ ဝှေးစေ့ကို ကိုက်ဖြတ်စားသောက်တတ်သည့် အလေ့အမျိုး ရှိသည်။ နာမည်ကျော် ပရန်းညား ငါးများနှင့် မျိုးနွယ် ဆက်စပ်မှု ရှိနေသည့် ပါကူငါးများကို အော်ရီဆန် ရေလက်ကြား ဒေသတွင် တံငါသည်များက တွေ့ရှိလာခဲ့ကြသည်။
ဆွီဒင်ရှိ ရေလက်ကြားတွင် ဝှေးစေ့ကို ကိုက်ဖြတ်တတ်သည့် ငါးများရောက်ရှိ
ဆွီဒင်နိုင်ငံရှိ ရေလက်ကြား ဒေသတစ်ခုတွင် အမျိုးသားများအတွက် အထူးအန္တရာယ်များသည့် ငါးမျိုးစိတ် တစ်ခုကြောင့် ရေဆင်းကူးမှုမျိုး မပြုလုပ်သင့်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
Related Posts Plugin for WordPress, Blogger...