Wednesday, September 7, 2016

မြစ်ကမ်းပေါ်က တွေ့ ရှိခဲ့တဲ့ ဂြိုလ်သားပုံအလောင်းကြောင့် သိပ္ပံပညာရှင်တွေ အကျပ်ရိုက် မြစ်ကမ်းပေါ်က တွေ့ ရှိခဲ့တဲ့ ဂြိုလ်သားအလောင်းကြောင့် သိပ္ပံပညာရှင်တွေ အကျပ်ရိုက်

http://i1183.photobucket.com/albums/x474/konay1/general%203/Alien.jpg
အလွန်ထူးဆန်းတဲ့ဦးခွံ နဲ့ အလောင်းတစ်ခုကို ဒေသခံနှစ်ယောက်ဟာ ကိုဗာရှီမြစ်ကမ်းဘေးမှာ တနင်္ဂနွေနေ့ က ရှာဖွေတွေ့ ရှိခဲ့ပါတယ်။

နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုအနားမှာ ရှာဖွေတွေ့ ရှိခဲ့တဲ့ အဆိုပါ ဂြိုလ်သားအရိုးစုကို အဖြေထုတ် ရှင်းပြနိုင်ဖို့ အတွက် သိပ္ပံပညာရှင်တွေ အခက်အခဲတွေ့ လျက်ရှိပါတယ်။

၁၉၅၈ ခုနှစ်မှာ Leningard နျူကလီးယားဓာတ်ပေါင်းဖိုမှာ အလုပ်လုပ်တဲ့သူတွေ နေထိုင်နိုင်ဖို့ အတွက် ဆောက်လုပ်ပေးခဲ့တဲ့ ရုရှားနိုင်ငံ၊ Sosnovy Bor မြို့ ရွာ နားမှာ အဆိုပါအလောင်းကောင်ကို အမှတ်မထင် တွေ့ ရှိခဲ့တာဖြစ်ပါတယ်။

ချင်းတောင်ပေါ်မှ အသည်းပုံသဏ္ဍန် ရိဒ်ရေကန်

ကျွန်တော်တို့နိုင်ငံ မှာ သဘာဝကပေးတဲ့ အလှအပတွေ မြောက်များစွာတည်ရှိပါသည်။
အထူးသဖြင့် လူသူအရောက်နည်းတဲ့တောင်ပေါ်ဒေသ တိုင်းရင်းသား တို့ဌာနေ မှာ
တည်ရှိတဲ့သဘာဝ အလှအပများကို တင်ပြပေးပါမည်။
ချင်းတောင်ဒေသ ဖွံ့ဖြိုးရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ကြိုးစားနေကြတာကို
အခုတလော မြင်နေတွေ့နေရလို့ ကမ္ဘာ့ပေါ်မှာ ရှားပါးသော ပုံသဏ္ဍန်ဖြင့်တည်ရှိသော
အသည်းပုံသဏ္ဍန် ရိဒ် ရေကန်အကြောင်းကို အင်တာနက် wiki နှင့်အခြားသော ဆိုဒ်
များမှတစ်ဆင့် စုစည်းပြီး ပြန်လည်တင်ပေးလိုက်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%203/c6.jpg
ရိဒ်ရေကန်ဆိုတာ  အမြင့်ပေ (၁၉၆၆) ပေရှိသော ချင်းတောင်တန်း ကြီးများပေါ်မှ အသည်းပုံ တိတိ ကျကျ ပေါ်လွင် နေသော ရေကန်ကြီး တစ်ခုပါ။ထိုရေကန် ကြီးသည်ကား ချင်းလူမျိုး တို့အတွက် ဒဏ္ဍာရီ ဆန်သော ရာဇ၀င်များ ၊ ယုံကြည် စွဲလမ်းမှုများ ၊အမြတ်တနိုး တန်ဖိုး ထားမှုများဖြင့် ပြည့်နှက် နေသော ရိဒ်ရေကန်ကြီး (RHI-DIL) ပင်ဖြစ်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%203/399125_234188920050451_711905041_n.jpg
တည်နေရာ
ရိဒ် ရေကန်ကြီး၏ တည်နေရာမှာ မြန်မာနိုင်ငံ၏ အနောက် မြောက်ဖက် ဒေသ ၊ ချင်းပြည်နယ်၏ အနောက်မြောက်ဖက် အစွန်းတွင် တည်ရှိသည်။
အထူးသဖြင့် အိန္ဒိယ - မြန်မာ နယ်စပ် နှင့်ပို၍ နီးသည်။ နယ်စပ် မျဉ်းနှင် ၂ မိုင်သာဝေးသည်။ အိန္ဒိယ နိုင်ငံဘက် ကြံဖိုင်းမြို့ နှင့် မိုင် (၂၀) ဝေးပြီး မီဇိုရမ် ပြည်နယ်ရှိ မြို့တော် အိုက်ဇောနှင့်လည်း မိုင်(၁၃၀) သာဝေးသည်။သို့အတွက် ရိဒ်ရေကန်ကြီးသို့ လာရောက် လည်ပတ် သူများမှာလည်း အိန္ဒိယနိုင်ငံ ဘက်မှသာ များသည်။ မြန်မာ နိုင်ငံဘက်မှ သွားရောက် သူတွေများ အနေဖြင့်တော့ ချင်းတောင်၏ တံခါးဝဟု ဆိုစမှတ်ပြုသည့် ကလေးမြို့မှ တစ်ဆင့်သာ ခရီးဆက်ကြရသည်။

အမြှီးရှည် ငါးမန်း

http://i1183.photobucket.com/albums/x474/konay1/general%203/Thresher.jpg
ကြည့်လိုက်တာနှင့် သိသိသာသာ အမြှီး ရှည်လျားနေသည်ကို
မြင်နိုင်သည့် ထိုငါးမန်းမျိုးကို thresher shark ဟု ခေါ်ကြပါသည်။
ထိုငါး၏ အမြှီးတွင် လွှသွားသဏ္ဍန် ဆူးလေးများ ရှိကြပြီး
အစာ ရှာရာ နှင့် ရန်သူကိုတိုက်ခိုက် ရာတွင် ထိုအမြှီးကို
အသုံးပြုတတ်ပါသည်။ ထိုအမြှီးနှင့် ရိုက်လိုက်လျှင် တစ်ဖက်
ရန်သူ နှစ်ပိုင်းပြတ်အောင် ပြုလုပ်အနိုင်ယူလေ့ ရှိပြီး စားသောက်
တတ်ပါသည်။ထို thresher shark ငါးမန်းမျိုးများကို အများအားဖြင့်
သုံးမျိုးတွေ့ရတတ်ပါသည်။ Alopias vulpinus မျိုးကွဲအမြှီးရှည်ငါးမန်းများသည်
အခြားအမြှီးရှည် ငါးမန်းမျိုးများထက်အရွယ်အစားပိုကြီးတတ်ပြီး
6.1 metres (20 ပေ) အထိရှိတတ်ကြပြီး အလေးချိန်အားဖြင့်
500 kilograms (1,100  ပေါင်) ရှိပါသည်။မျက်လုံးကြီး အမြှီးရှည်ငါးမန်း
(The bigeye thresher ) မျိုးကွဲကတော့ ၁၆ ပေ အထိရှည်တတ်ကြပြီး
အသေးဆုံး အမြှီးရှည်ငါးမန်းမျိုးကွဲ ဖြစ်သည့် pelagic thresher ကတော့
၁၀ ပေအထိသာ ရှည်ကြပါသည်။ထို အမြှီးရှည် ငါးမန်းမျိုးများကို
အန္ဒိယ သမုဒ္ဒရာတွင် တွေ့ရတတ်ပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ..........   နေခရမ်း

Tuesday, September 6, 2016

အသက်ဝင်လှပသော ခဲတံဖြင့်ဆွဲထားသားသည့် 3D ပန်းချီများ

အသက် ၃၀ ကျော်သာ ရှိသေးသည် ဘယ်ဂျီယံ ပန်းချီပညာရှင် Benheine ၏
လက်ရာများ နှင့် သူ အဆင့်ဆင့် ရေးချယ်ခဲ့ပုံများကို တင်ပြပေးလိုက်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/generral%202/PhotoGrid_1473063437593.jpg

http://i1183.photobucket.com/albums/x474/konay1/generral%202/PhotoGrid_1473063479583.jpg

http://i1183.photobucket.com/albums/x474/konay1/generral%202/PhotoGrid_1473063548760.jpg

http://i1183.photobucket.com/albums/x474/konay1/generral%202/PhotoGrid_1473063605100.jpg

အမေရိကန်မှ အသက်အငယ်ဆုံး သုံးနှစ်အရွယ် မြို့တော်ဝန်

အသက်သုံးနှစ်အရွယ်နှင့် မြို့တော်ဝန်ရာထူးရွေးချယ်ခံရသော ကလေးငယ်
ကလေးမှာ James Tufts ဖြစ်ပါသည်။မင်နီဆိုးတားပြည်နယ်၏
တောင်ပိုင်းတွင်ရှိသော ဒေါဆက်မြို့ကလေး၏ မြို့တော်ဝန်ရာထူးကို
ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/generral%202/james-tufts-tdy-parents_e51c4a3d0b9bd0162abaf6de42e7ca97.today-inline-large.jpg
ရွေးကောက်ပွဲထုံးစံများအတိုင်းပဲ ကတိက၀တ်ပေးမှုများဖြင့် မဲရအောင်
လုပ်ကြရပါသည်။ James Tufts ကလေး၏ မဲဆွယ်ကတိစကားကတော့
"Eat ice cream all day," (နေ့တိုင်း ရေခဲမှုန့် စားရအောင်)ပါတဲ့ ခင်ဗျာ။
http://i1183.photobucket.com/albums/x474/konay1/generral%202/james-tufts-tdy-parents-festival_20ebf0fe4a00a4bd04838e071fd319cd.today-inline-large.jpg
ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိသော ဒေါဆက်မြို့ လေးဟာ
လူဦးရေ ၂၂ ယောက်သာ ရှိပါသည်။ မြို့ တော်ဝန်ရွေးချယ်ပုံက ဒီလိုပါ။
တစ်ဒေါ်လာ ပေးရင် မဲပေးခွင့် တစ်ခု ရရှိမှာဖြစ်ပါသည်။

Monday, September 5, 2016

အထီးကျန်ဆန်တဲ့ ခံစားမှုဟာ လူကို ပိုဗိုက်ဆာစေတတ်

http://i1183.photobucket.com/albums/x474/konay1/general%203/Celebrity_hot_model_6.jpg
လေ့လာတွေ့ရှိချက်အသစ်တစ်ရပ်ကတော့ လူတစ်ယောက်ဟာ အထီးကျန်ဆန်တယ်လို့ ခံစားရပြီဆိုရင် သူဟာ သာမာန်အချိန်တွေထက် ဗိုက်ပိုဆာတော့တာပဲလို့ ဆိုထားပါတယ်။ ဒါဆို အထီးကျန်မဆန်စေဖို့ သူငယ်ချင်းတွေနဲ့ အတူတူ ရှိနေပေးတာမျိုးဟာ ၀ိတ်မတက်အောင် ကာကွယ်တာနဲ့လည်း တူနေပြန်ပါရော။ ဒီအချက်ဟာ သူငယ်ချင်းကောင်းတွေရှိမရှိနဲ့ သက်ဆိုင်နေပါပြီ၊
ကိုယ်တစ်ယောက်တည်း အထီးကျန်တယ်လို့ ကိုယ့်ကိုယ်ကိုယ်သနားပြီး စားသောက်တာမျိုးဟာ တကယ်တော့ ပြသနာတစ်ရပ်ပါပဲ။ အမျိုးသမီးအများစုဟာ ရုံးမှာပင်ပန်းတယ်၊ စိတ်ဖိစီးမှုများတယ်ဆိုပြီးရင် ကယ်လိုရီတွ တက်လာကြတာ သတိထားမိကြပါသလား။ ဒါပေမယ့် နောက်ထပ်အပြစ်တင်ဖို့ အကြောင်းအရင်းတစ်ချက် ပေါ်ပေါက်လာပြန်ပါပြီ၊ အဲ့ဒါကတော့ အထီးကျန်ဆန်တာပဲ ဖြစ်ပါတယ်၊
အိုဟိုင်းရိုး ပြည်နယ် တက္ကသိုလ်က အတွေးအခေါ်ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရတော့ ငါ့ဘေးနား ဘယ်သူမှမရှိဘူး၊ အမြဲတမ်း ငါတစ်ယောက်တည်းပါလားဆိုပြီး အထီးကျန်နေတဲ့ အမျိုးသမီးတွေဟာ ဗိုက်ပိုဆာတတ်ကြ သလို အစားအသောက်ကိုလည်း ပိုစားတတ်ကြပါတယ်တဲ့။

ကလေးရုပ်မပျောက်တဲ့ အသက်အရွယ် လိုက်ဖွံ့ဖြိုးမှု ရပ်တန်းခြင်း ရှားပါး ရောဂါ ခံစားနေရတဲ့ အသက် ၂၆နှစ်အရွယ် လူငယ်

http://i1183.photobucket.com/albums/x474/konay1/general/096065-f94c67b0-185c-11e5-ab4d-ad79f49718a6.jpg
ရှင်ဟွန်ယန်းဆိုတဲ့ ကိုရီးယားလူမျိုး အမျိုးသားတစ်ဦးဟာ ၁၉၈၉ ခုနှစ်ဖွား ၊ အသက် ၂၆နှစ်အရွယ် ရှိနေပြီဖြစ်ပေမယ့် သူ့အသံအပါအ၀င် သူ့ရည်ရည်ဟာ ကလေးတစ်ယောက်ပုံစံသာ ဖြစ်နေပါတယ်။ သူရဲ့ခန္ဒာကိုယ်ဟာ ဆယ်ကျော်သက် ကလေးတစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေပဲ ရှိနေပါတယ်။
ရှင်ဟွန်ယန်းမှာ အသက်အတွက် သက်သေပြစရာ အသက်အထောက်အထား ကဒ်ရှိပါတယ်။
သူဟာ အမျိုးသမီးတစ်ဦးနဲ့ ကော်ဖီဆိုင်မှာ ဒိတ် လုပ်ဖူးပေမယ့် ထိုအမျိုးသမီးက သူ့ရဲ့ အသက်အမှန်ကို မယုံကြည်ခဲ့ပါဘူး။ သူဟာ အရွယ်ရောက် အမျိုးသားတစ်ဦးလိုပဲ ဆိုဂျူသောက်တတ်၊ နိုက်ကလပ်သွားပြီး က တတ်ပါတယ်။
ရှင်ဟွန်ယန်းကတော့ သူဟာ Highlander Syndrome လို့ ခေါ်တဲ့ ရောဂါ လက္ခဏာကြောင့် အသက်ကြီးမှု နှေးကွေးခြင်းဖြစ်ပေါ်ခြင်း ဖြစ်ကြောင်း koreaboo.com သတင်းဌာနကို ပြောပြခဲ့ပါတယ်။
ဆေးပညာအရ တော့ ဒီ စကားလုံးကို တရားဝင် သတ်မှတ်ထားခြင်း မရှိသေးပါဘူး။
ဆရာတွေကတော့ ဒီလက္ခဏာကြောင့် သူအနေနဲ့ ကျန်းမာရေး ဆိုးကျိုးပြဿနာ မရှိနိုင်ဘူးလို့ ပြောပါတယ်။
Credit:Trend Myanmar
Related Posts Plugin for WordPress, Blogger...