Sunday, April 29, 2018

ဒဏ္ဍာရီထဲက နေရာလေးအလား Hobbiton ရွာလေး

သူငယ်ချင်းတို့အနေနဲ့ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ The Lord of The Rings ဇာတ်ကားထဲက တောင်ကုန်းအောက်မှာ ဆောက်ထားတဲ့ အိမ်ကလေးများကို တွေ့မြင်ဖူးကြမှာပါ။ တကယ်တော့ ဒီဒေသလေးဟာ နယူးဇီလန်နိုင်ငံ Matamata Piako ခရိုင်အတွင်းမှာ တည်ရှိတဲ့ အေးချမ်းလှပတဲ့ နေရာလေးဖြစ်ပါတယ်။ ဒီလို ဒဏ္ဍာရီထဲကကျေးရွာလေးလို တည်ရှိနေတဲ့ အိမ်ကလေးများဟာ The Lord of The Rings ဇာတ်ကားများရိုက်ကူးရန်အတွက် ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ထိုကဲ့သို့ လှပဆန်းပြားတဲ့ အိမ်ကလေးပေါင်း ၃၇ လုံးအပြင် လမ်းကလေးများ ၊ ခြံဝင်းများ ၊ ပန်းဥယျာဉ်များကိုလည်း တည်ဆောက်ခဲ့ရခြင်း ဖြစ်ပါတယ်။ ထိုဒေသဟာ မြက်ခင်းများ ထူထပ်စွာပေါက်ရောက်နေပြီး ကျွဲ ၊ နွား နှင့် သိုးများအဓိက မွေးမြူတတ်ကြပြီး သိုးမွေးများလည်း များစွာထွက်ရှိရာ ဒေသတစ်ခု ဖြစ်ပါတယ်။ ယခုအခါ The Lord of The Rings ဇာတ်ကားကြောင့် ကျော်ကြားလာခဲ့ပြီး လှပပြီး အမြင်ဆန်းပြားတဲ့ အိမ်ကလေးများတည်ရှိရာ ထိုကျေးရွာလေးကို ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်တတ်တဲ့ အဓိကနေရာတစ်နေရာ ဖြစ်နေပါပြီ။ Hobbiton ရွာလေးကို ကြည့်လိုက်ရအောင်နော်…

Sunday, April 22, 2018

၃၆ နှစ်ကြာ တောင်ကမ်းပါးစောက်များကို ဖြတ်ကျော်ဖောက်လုပ်ခဲ့သည့် တာ့ဖား ရေမြောင်း

ရေမြောင်းတစ်ခု ဖောက်လုပ်တာ အထူးအဆန်းမဟုတ်ဘူးဟု ထင်ရပေမယ့် ယခုတာ့ဖားရေးမြောင်းကတော့ နှစ်ပေါင်း ၃၆ နှစ်ကြာအောင် ခက်ခက်ခဲခဲ ဖောက်လုပ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ထို့ပြင် ထိုရေမြောင်းဟာ တောင်သုံးလုံးကို ကျော်ကာ ဖောက်လုပ်ခဲ့ရခြင်းဖြစ်ပြီး မီတာ ၃၀၀ မှ ၄၀၀ ကျော်အထိ မြင့်တဲ့ ကျောက်တောင် ကမ်းပါးစောက်များကို ခက်ခက်ခဲခဲ ဖောက်လုပ်ခဲ့ရခြင်းဖြစ်ပါတယ်။ ထိုရေမြောင်းရဲ့ အရှည်ကတော့ မီတာ တစ်သောင်းကျော် (၆ မိုင်ကျော်) အထိရှည်လျားခဲ့ပါတယ်။

ဘာကြောင့် ထိုရေမြောင်းကို ဒီလောက်ဝေးဝေး ဒုက္ခခံကာ ဖောက်လုပ်ခဲ့ရသလဲဆိုတာ နောက်ခံအကြောင်းအရင်း ရှိပါတယ်။ တကယ်တော့ တရုတ်ပြည် အနောက်ပိုင်းဒေသရှိ ကျွေးယိမြို့ ၊ ထွမ်ကျယ်ရွာလေးဟာ လူသူအရောက်အပေါက်နည်းပြီး ရေအလွန်ရှားပါးတဲ့ ရွာလေးဖြစ်ပါတယ်။ သုံးရေမပြောနဲ့ သောက်ရေပင် ရှားပါးလှသည့် တောင်ကမ်းပါးများ ၀န်းရံနေတဲ့ ရွာလေးပါ။ ဒါကြောင့်လည်း ဒေသခံရွာသားများ အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို စိတ်ရှိသလို မလုပ်နိုင်ဘဲ ရေကိုချွေတာသုံးကြ၇ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က ထိုရွာမှာ ဟွမ်တာ့ဖားဆိုသူ ရွာသူကြီးတာဝန်ကို စတင်ထမ်းဆောင်ခဲ့ပါတယ်။ သူရွာလူကြီး ဖြစ်ချိန်တွင် ရွာသားများရဲ့ ဆင်းရဲချို့တဲ့ရတဲ့ အကြောင်းအရင်းကို ဆန်းစစ်ကြည့်ပါတယ်။ သူ အဓိကမြင်တာကတော့ သူ့ရွာမှာ ရေအလွန်ရှားပါးမှုကြောင့်ပဲ ဖြစ်ပါတယ်။ ရေရှားပါးမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ မြေရှိသလောက် မလုပ်ကိုင်နိုင်ပဲ စားလောက်ယုံအနည်းငယ်သာ စိုက်ကြရပါတယ်။ မွေးမြူရေးလည်း မလုပ်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့်လည်း ရွာအတွက် မရှိမဖြစ် တူးမြောင်းတစ်ခု ဖောက်လုပ်ပေးဖို့ ကြံစည်ခဲ့ပါတယ်။

ကမ္ဘာကျော် အအိပ်ကြီးကြသူများ

ကြိုက်မရှက် ၊ ငိုက်မရှက်တဲ့။ ဒီစကားလေးအတိုင်း တကယ်အိပ်ချင်လာရင် လူကြားသူကြားမရှောင် ခြေပစ်လက်ပစ် အိပ်တတ် ငိုက်တတ်ကြပုံလေးများကို စုစည်းတင်ပေးလိုက်ပါတယ်။ ကြည့်ရှု့ပြီး ပြူံးပျော်ရွှင်လန်းနိုင်ကြပါစေဗျာ …

ကမ္ဘာ့လူဦးရေအထူထပ်ဆုံး ကျွန်းကလေး

ကင်ညာနိုင်ငံမှ ဘောလုံးကွင်းတစ်ကွင်း၏ တ၀က်ခန့်သာ အကျယ်အ၀န်းရှိသော Migingo ကျွန်းကလေးပေါ်တွင် လူအများစုပုံနေထိုင်ကြသောကြောင့် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးကျွန်းအဖြစ် သတ်မှတ်ကြပါသည်။ Migingo ကျွန်းကလေးသည် အာဖရိကတိုက်၏ အကြီးဆုံးကန်ကြီးဖြစ်သည့် ဗစ်တိုးရီးယားကန်ကြီးအတွင်း တည်ရှိနေသည့် သေးငယ်ကျဉ်းမြောင်းသည့် ကျောက်ဆောင်ကျွန်းကလေးပင် ဖြစ်ပါသည်။
ဗစ်တိုးရီးယားကန်ကြီးသည် အပူပိုင်းဒေသရှိ ကန်ကြီးများတွင်လည်း အကြီးဆုံးဖြစ်ပါသည်။

Migingo ကျွန်းကလေးသည် ၀.၄၉ ဧကသာ ကျယ်ပြီး တရားဝင်နေထိုင်သူ ၁၃၁ ဦး (၂၀၀၉ ခုနှစ်စာရင်း) နေထိုင်ပြီး လုပ်ငန်းများနှင့် ဆက်စပ်ကာ လာရောက်နေထိုင်နေသူပေါင်း ၁၀၀၀ ကျော်အထိ ရှိကြပါသည်။ တရားဝင် အခြေချနေထိုင်သူ ၁၃၁ ဦးသာ ရှိသဖြင့် ကမ္ဘာ့လူဦးရေအထူထပ်ဆုံးကျွန်းများတွင် အဆင့်(၃) ဟုသတ်မှတ်ထားသော်လည်း အခြားလာရောက်နေထိုင်လုပ်ကိုင် စားသောက်သူပေါင်း ၁၀၀၀ ကျော်ကိုပါ ထည့်သွင်းတွက်ချက်လျှင် ကျွန်း၏အကျယ်အ၀န်း သေးငယ်မှုကြောင့် ကမ္ဘာ့လူဦးရေအထူထပ်ဆုံး ကျွန်းအဖြစ်လည်း အများကသတ်မှတ်ကြခြင်း ဖြစ်ပါသည်။

ထိုကျွန်းကလေးတည်ရှိရာ အနီးတ၀ိုက်တွင် ငါးများအလွန်ပေါသောကြောင့် ငါးဖမ်းလုပ်ငန်းနှင့် အသက်မွေးသူများ ၊ ရောင်းဝယ်ဖောက်ကားသူများစသည်ဖြင့် အများအပြား လာရောက်နေထိုင်ကြခြင်း ဖြစ်ပါသည်။

သဘာဝ သစ်ရွက် ပန်းပွင့်ပန်းခက်များဖြင့် ဖန်တီးထားသော ပုံများ (၁၀)

သဘာဝ ပန်းပွင့်ပန်းခက်များ ၊ သစ်ရွက်ကလေးများကို နေရာတကျ စီစဉ်ကာပုံလေးများအဖြစ် ဖန်တီးပုံဖော်ထားခြင်းပါ။ Helen Ahpornsiri ဆိုသူပညာရှင်တစ်ဦးမှ ဖန်တီးထားမှုများဖြစ်ပြီး သူမရဲ့ပုံလေးများရဲ့ ထူးခြားချက်မှာ အသေးစိတ် အရောင်အသွေးစုံလင်ပြီး လက်ရာမြောက် သေသပ်လှပမှုတို့ ဖြစ်ပါတယ်။


အသက်ဝင်လှပသော 3D ပန်းချီများ (၁၀)

ယခုတွေ့မြင်ရတဲ့ 3D ပန်းချီပုံလေးများကတော့ အနုပညာရှင် Nikola Culjic ရဲ့လက်ရာများ ဖြစ်ပါတယ်။


မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၂၄ )

Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...

Related Posts Plugin for WordPress, Blogger...