Friday, March 29, 2019

ကယားပြည်နယ်မှ စိတ်ဝင်စားဖွယ် အောင်သပြေဂူ

ကယားတို့ဌာနေ ငွေတောင်ပြည်ကတော့ စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတဲ့ ပြည်နယ်တစ်ခုပါ။ ပွင့်လင်းလာသော အခြေအနေနဲ့အတူ ခရီးသွားများရဲ့ အထူးတလည် လည်ပတ်စရာ ဒေသတစ်ခု ဖြစ်လာခဲ့ပါပြီ။ ကျွန်တော်အနေနဲ့ သဘာဝအလှများနဲ့အတူ စိတ်ဝင်စားစရာ ခရီးစဉ်တစ်ခုအဖြစ် လွိုင်ကော်မြို့အနီးမှ အောင်သပြေလှိုဏ်ဂူအကြောင်း တင်ပြပေးပါမယ်။

အောင်သပြေလှိုဏ်ဂူဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ဆီဆိုင်၊ တောင်ကြီးသွားကားလမ်းမှ ဘေးမှာ တည်ရှိနေပါတယ်။ ထီးစဲခါးရေတံခွန် အသွားလမ်းပေါ်မှာပါ။ လွိုင်ကော်မြို့မှ ၈ မိုင်ခန့်အကွာတွင် တည်ရှိနေပြီး ကားနဲ့ဆိုရင် မိနစ် ၃၀ ခန့်မောင်းရပါမယ်။ လမ်းကောင်းပါတယ်။ ဆီဆိုင်လမ်းခွဲမှ ၀င်ပြီး မကြာခင်တွင် အောင်သပြေလှိုဏ်ဂူသို့ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရမှာပါ။ ထိုဆိုင်းဘုတ်လမ်းခွဲသို့ မောင်းဝင်လိုက်သည်နဲ့ အောင်သပြေဂူတည်ရှိရာ တောင်ကမ်းပါးယံကြီးကို တွေ့မြင်ရမှပါ။

အောင်သပြေလှိုဏ်ဂူရှိရာ တောင်ပေါ်သို့ကြည့်လိုက်လျှင် တဖတ်၌ လက်ဝါးကပ်တိုင်ရှိနေပြီး အခြားတဖက်တွင် စေတီတစ်ဆူတည်ရှိနေတာကို တွေ့ရမှာပါ။ လှိုဏ်ဂူရှိရာ တောင်ရဲ့အရှေ့ဘက်ရွာများသည် ခရစ်ယာန်ကိုးကွယ်တဲ့ရွာနဲ့ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ရွာဆိုပြီး အသီးသီးရှိကြတယ်လို့ ဆိုပါတယ်။ အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက်ကြပါတယ်။ အောင်သပြေလှိုဏ်ဂူကတော့ စေတီရှိရာ တောင်တစ်ထက်ခြမ်းရဲ့ တောင်အောက်ခြေမှာ တည်ရှိနေတာပါ။ အဝေးမှကြည့်ရင် လှိုဏ်ဂူပေါက်ဝကို မမြင်ရသလောက်ပါပဲ။

Sunday, March 24, 2019

အမေဇုန်တောနက်ထဲက ပွတ်ပွတ်ဆူနေသော မြစ်တစ်စင်း

တောင်အမေရိကတတိုက်ရှိ အမေဇုန်တောကြီးဟာ အသိရခက်သော သဘာဝဆန်းကြယ်များ ပေါများစွာ တည်ရှိနေတဲ့ အရပ်ပါ။ ယနေ့အချိန်အထိ ပညာရှင်အများ လေ့လာသုတေသန ပြုနေရတဲ့ တောနက်ကြီး ဖြစ်သလို လေ့လာစရာ မြောက်များစွာလည်း ကျန်ရှိနေပါသေးတယ်။ ယခု ပူလောင်နေတဲ့ မြစ်ကြီးတစ်စင်းဟာလည်း ပီရူးနိုင်ငံပိုင်နက်အတွင်းရှိ အမေဇုန်တောနက်ကြီးထဲမှာ ရှိနေတာပါ။ ဋ္ဌာနေတိုင်းရင်းသားများရဲ့ ဒဏ္ဍာရီပုံပြင်များထဲမှာ ပါရှိနေတဲ့ ထိုမြစ်ပူကြီးဟာ ယခင်က ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါဘူး။ ဒဏ္ဍာရီ လိုလို ပုံပြင် လိုလိုအဖြစ်သာ တည်ရှိနေခဲ့တာပါ။ ဒါပေမယ့် Adres Ruzo အမည်ရှိ Southern Methodist University မှာ ဒေါက်တာဘွဲ့ယူနေတဲ့ ဘူမိရူပဗေဒ ကျောင်းသားလေးမှ ကြိုးကြိုးစားစား ၊ ခက်ခက်ခဲခဲ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Ruzo ဟာ သူငယ်စဉ်က ရေနွေးပူတွေ စီးဆင်းနေတဲ့ မြစ်တစ်ခုရှိတဲ့ အကြောင်းကို သူ့အဘိုးပြောတာ ကြားဖူးနေခဲ့ပါတယ်။ ဒါကြောင့်ပဲ သူအရွယ်ရောက်ပြီး ဘူမိရူပဗေဒ ကျောင်းသားဖြစ်လာချိန် ဒေါက်တာဘွဲ့အတွက်ကြိုးစားနေရင်း ၂၀၁၁ ခုနှစ်မှာ ပူလောင်နေတဲ့မြစ်ကို ရှာဖွေခဲ့ပါတယ်။ နောက်ဆုံး အမေဇုန်တောနက်ကြီးရဲ့ အတွင်းပိုင်းမှာ အံ့သြလောက်ဖွယ် ပူလောင်ဆူပွတ်နေတဲ့ မြစ်ကို တွေ့ရှိခဲ့ပါတယ်။

သူတွေ့ရှိခဲ့တဲ့ မြစ်ရဲ့ အပူချိန်ဟာ ၁၂၀ ဒီဂရီ ဖာရင်ဟိုက် မှ ၁၉၆ ဒီဂရီ ဖာရင်ဟိုက် အထိရှိပါတယ်။ ဒီအပူချိန်ဟာ မည်သည့်သက်ရှိမဆို မြစ်ထဲကျသွားရင် ခဏခြင်းအတွင်း ပြုတ်ထားသလိုဖြစ်ကာ သေစေနိုင်ပါတယ်။ Ruzo ရဲ့အဆိုအရ မြစ်ပေါ်လေဟာ ကြီးမားပြင်းထန်ပြီး လေကအစ ပူလွန်းလို့ ရှုမိလိုက်တာနဲ့ နှာခေါင်းနဲ့ အဆုတ်တွေထဲမှာပါ ပူလောင်သွားခြင်းကို ခံစားရတယ်လို့ ဆိုပါတယ်။

Sunday, March 3, 2019

ကမ္ဘာတလွှား တောင်ပေါ်လမ်းများ

ကမ္ဘာတလွှားမှာရှိတဲ့ လှပပြီး အသဲယားစဖွယ်ကောင်းတဲ့တောင်ပေါ်လမ်းများကိုတင်ပြပါမယ်။
 
(၁)ကဲပထမဆုံးအနေနဲ့  လှပတဲ့လမ်းကလေးနဲ့ စလိုက်ရအောင်နော်...
ဒါကတော့ ပြင်သစ်နိုင်ငံ မှာရှိတဲ့ Colde Turini လမ်းပါ...
ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ဒီလမ်းလေးဟာ ပင်လယ်ပြင်အမှတ်ထက် (၁)မိုင်ကျော်မြင့်ပါတယ်...
ပြင်သစ်နိုင်ငံ မှာရှိတဲ့ Colde Turini လမ်း

Wednesday, February 27, 2019

မှတ်ဖွယ်စုံရာ သုတပဒေသာ (၃၀)


အမှတ်တမဲ့ အလွဲများ ( ၁၀၁ )

ဒါကတော့ နောက်ထပ်တွေ့ရသမျှ အလွဲတွေ ဖြစ်ပါတယ်။ သူငယ်ချင်းတို့ ကြည့်ရှု့ပြီး ပြုံးပျော်ရွှင်လန်းနိုင်ကြပါစေဗျာ...

အရင်ထဲက မကျေနပ်နေတာ။ နာပေတော့...

တင်းနေပြီ။ မပြောသေးဘူး...

သစ်ရွက်လေးများအပေါ်တွင် ဖန်တီးထားသော လက်ရာမြောက်ပုံလေးများ (၄)

သစ်ရွက်များပေါ်တွင် လိုချင်သည့် ပုံများရရန် အနုစိတ်ဖန်တီးရေးဆွဲထားခြင်းပါ။ ယခင်ကလည်း ထိုကဲ့သို့ပုံများကို တင်ပေးဖူးပါသည်။ ယခုဖန်တီးမှုများကိုတော့ Janette Rose ဆိုသူ ပညာရှင်တစ်ဦးမှ ရေးဆွဲထားခြင်းပါ။ သူရဲ့ဖန်တီးထားမှုများကို ကြည့်ရှု့အားပေးလိုက်ရအောင်နော်…

လက်ရာမြောက်လှသော မျက်နှာပြင်ပေါ်မှ ပန်းချီများ (၇)

မိတ်ကပ်ပညာရှင် Cakefacerj ဆိုသည့် ပန်းချီပညာရှင်တစ်ယောက်၏ စိတ်ကူးဆန်းသစ်ပုံဖော်မှုများပါ။ မျက်နှာပြင်ပေါ်တွင် လိုချင်တဲ့ ပုံရရန် သေသပ်လှပစွာ နေရာချရေးဆွဲထားတဲ့ ပုံလေးများ ဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...