Monday, October 8, 2012

ထူးဆန်းသောအရာဝတ္တုများကောင်းကင်မှ ကျလာခဲ့ သည့် သမိုင်းမှတ်တမ်းများ

ငါးမိုးရွာတဲ့ မြို့ ....

သြစတေးလျနိုင်ငံမှ ဝေးလံခေါင်ဖျားသော လူနေကျဲပါးသည့် မြို့ လေးတစ်မြို့ မှ
မြို့ သူမြို့ သားများဟာ
ကောင်းကင်ယံမှ ငါးများကျလာခဲ့ သည့် အတွက် စကားမပြောနိုင်လောက်အောင် အံ
့သြသွားခဲ့ ကြရ
ပါတယ်...
ရာနဲ့ ချီတဲ့ အရေအတွက်ရှိတဲ့ အရောင်လက်လက်ထနေတဲ့ ရေချို ကကတစ်ငါးတွေဟာ လူဦးရေ
၆၅၀ ယောက် ရှိတဲ့ မြို့ ကလေး Lajamanu မှာ ဗုံးကြဲချသလိုကျလာခဲ့ လို
့အပြင်မှာလမ်းလျှောက်ပြီး
အိမ်ကိုပြန်လာနေတဲ့  Christine Balmer တစ်ယောက်အံ့ အားသင့် တုန်လှုပ်သွားခဲ
့ရပါတယ်...
” ငါးတွေဟာ ရာနဲ့ ချီပြီးတော့ ကို နေရာအနှံ့ အပြားမှာ ကျလာနေခဲ
့တာပါ...လူတွေဟာအပြေးအလွှား
နဲ့ ကိုဟိုဟိုသည်သည် သွားလာပြီး ငါးတွေကိုကောက်ယူနေခဲ့ ကြပါတယ်...” လို
့သူမက ဆိုပါတယ်...

ခြေလက်မပါ စံပြလူသား


Nick Vujicic ဆိုသူသည် အသက် ၂၉ နှစ်အရွယ် သြစတေးလျနိုင်ငံသား တစ်ဦးဖြစ်သည်။
သူသည် မွေးဖွားစဉ်ကပင် (ခြေထောက်သေးသေးလေး တစ်စုံသာပါရှိ သဖြင့်)ခြေ၊လက်အင်္ဂါမပါရှိသော ကိုယ်အင်္ဂါချို့တဲ့သူဟု ဆိုနိုင်သည်။ သို့သော် သူသည် ရေးကူးသည်၊ ရေလွှာစကိတ်စီးသည်။ ဂေါက်သီးရိုက်သည်။

အိန္ဒိယမှ ခုနှစ်နှစ်သမီးလေး ငိုလိုက်သည့်အခါ မျက်ရည်များက ကျောက်သားဖြစ်သွားဟုဆို


အိန္ဒိယနိုင်ငံမှ ခုနှစ်နှစ်သမီးလေး ကူရာနီရှာသည် ငိုလိုက်သည့်အခါ မျက်ရည်များက ကျောက်သားကဲ့သို့ ဖြစ်သွားသောကြောင့် အိန္ဒိယနိုင်ငံမှ သမားတော်များ လွန်စွာ အံ့အားသင့်နေရကြောင်း Metro သတင်းဌာနက နိုဝင်ဘာလ ၁၇ရက်နေ့တွင် ဖော်ပြသည်။လွန်ခဲ့သည့် သီတင်းနှစ်ပတ် အတွင်း ကူရာ၏ ညာဘက်မျက်လုံးမှ ယင်းကဲ့သို့ ကျောက်ခဲများထွက်လာ သော်လည်း ဆရာဝန်များက ယခုတိုင် အကြောင်းရင်းကို မဖော်ထုတ်နိုင်သေး သည်ဟုဆိုသည်။ အဆိုပါ မိန်းကလေး ငိုကြွေးခြင်းမှ နေ၍ တစ်နေ့လျှင် ကျောက်ခဲငယ် ၁၂ခဲမှ ၂၅ခဲထိ ရရှိသည်ဟုဆိုသည်။ ယင်းကဲ့သို့ ကျောက်ခဲများ ငိုချမှုကြောင့် နာကျင်မှုခံစားရသော်လည်း ယင်းကဲ့သို့ ကျောက်ခဲများအဖြစ် မငိုချမီ သူ၏ညာဘက်မျက်လုံးမှာ ရောင်ကိုင်း၍ လာသည်ဟုဆိုသည်။ မိန်းကလေးငယ်၏ မိဘများသည် အထူးကု ဆရာဝန်ပေါင်းများစွာ ပြခဲ့ပြီ ဖြစ်သော်လည်း မည်သူကမှ ယခုတိုင် အကြောင်းရင်းကို ဖော်ထုတ်နိုင်ခြင်း မရှိသေး ဟုဆိုသည်။

သွေးစုတ်ဖုတ်ကောင်အမျိုးသမီး


သူတို့ နိုင်ငံတွေမှာ တစ်ကိုယ်လုံးတက်တူးထိုးကြတာဝါသနာ
တော်တော်ပါကြတယ်ဗျ။အခုလဲ မက်ဆီကိုအမျိုးသမီးတစ်ယောက်က
သွးစုတ်ဖုတ်ကောင်လို ခန္ဓာကိုယ် တစ်ခုလုံး တက်တူးတွေထိုးထားယုံ
သာမက အပေါက်တွေဖောက်လို့ ခွဲစိတ်ပြီး တိုက်တေနီယမ် ဂြိုလ်တွေ
အဆင်တန်ဆာတွေကိုဦးခေါင်း မှာထည့်ထားပါသေးတယ်။

ထိတ်လန့်အံ့သြဖွယ်ရာစားသောက်ဆိုင်

ပထမဦးဆုံး ခရီးဆုံးထိရောက်ဖို့ကိုတော့ သင်အားမွေးထားရမယ်နော်... ။
 
 ပထမဆုံး တောင်ကုန်းပေါ်ကို ဒီလို ကောင်းကင်ရထားတွေနဲ့ အရင်သွားကြရမယ် ။ အောက်ကိုတော့ ငုံမကြည့်မိစေနဲ့ နက်ရှိုင်းတဲ့ အသူရာ ချောက်တွေရှိတယ် ။

Saturday, October 6, 2012

ကမ္ဘာ့အအေးဆုံး တောင်ထိပ်ဟိုတယ်

အစ်ဂလူဒေါ့ရွာခုနစ်ရွာကို ကမ္ဘာ့အစည်ကားဆုံး စကိတ်စီးအပန်းဖြေစခန်းအထက်၌ တည်ထားသည်။ ၎င်းတို့သည် ရေခဲသက်သက်ဖြင့် တည်ဆောက်ထားသော ဟိုတယ်များဖြစ်ကြကာ တစ်ညတည်းခိုခအဖြစ် အမေရိကန်ဒေါ်လာ ၉၉ နှင့် ၂၉၉အကြား ပေးရသည်။ အဆိုပါဟိုတယ်များ၌ စားသောက်ဆိုင်များ၊ အရက်ဘားများ ရှိသည့်အပြင် ရေနွေးဘုံပိုင်များနှင့် ရေနွေးကန်များလည်း စီစဉ်ပေးထားကြောင်း သိရသည်။ ၎င်းတို့သည် ကမ္ဘာ့အစည်ကားဆုံး စကိတ်စီး အပန်းဖြေစခန်းများ ဖြစ်သော စိန့်မောရဇ်နှင့် ဒါဘိုကလော်စတာတို့ အထက်၌ရှိသည်။ အင်ဒိုရာ၊ ဆွစ်ဇာလန်နှင့် သြစတြီးယား နိုင်ငံများတွင် နှစ်စဉ် ဆောင်းတွင်း၌ ယင်းရေခဲဟိုတယ်များ တည်ဆောက်လေ့ရှိကြောင်း သိရသည်။
  ref: ပြည်မြန်မာ

ကမ္ဘာ့အရှည်ဆုံး လူအစုလိုက် ချီတက်ပွဲ


ကမ္ဘာ့အရှည်ဆုံး လူအစုလိုက်ချီတက် ပွဲအဖြစ် ဂင်းနက်စ်မှတ်တမ်း စံချိန်တင်သွားသော တရုတ်ရိုးရာ နဂါးချီတက်ပွဲတွင် ၇၉၁ဒသမ ၅မီတာ(ပေပေါင်း ၂၅ဝဝကျော်) ရှည်လျားသော နဂါးရုပ်ကြီးကို လူစုလူဝေးကြီးက ဖေဖော်ဝါရီ ၆ရက်တွင် တရုတ်တိုင်ပေ Gitian မြို့အနှံ့လှည့်လည် ပြသခဲ့ကြသည်။ ယင်းချီတက်ပွဲကို မီးပုံးပွဲတော် ကျင်းပသည့် တရုတ်နှစ်သစ်ကူး လဆန်း၁၅ရက်တွင် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။ ယင်းနေ့တွင် မိုးများသည်းထန်စွာ ရွာသွန်းခဲ့သော်လည်း လူထုကြီးက မီးပုံးများ ချိတ်ဆွဲလျက် နဂါးနှင့် ခြင်္သေ့အကများဖြင့် မြူးထူးခုန်ပေါက် ကခုန်ခဲ့ကြပြီး နှစ်သစ်ကူးပွဲတော်ကို နွှဲပျော်ခဲ့ကြသည်။
  ref: ပြည်မြန်မာ
Related Posts Plugin for WordPress, Blogger...