ref: Swesone Media Group
နေခရမ်း....
|
Wednesday, July 4, 2012
ထူးဆန်းသော အ၀ါရောင်နှင်းထုကြီး
ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံ၏ အစိတ်အပိုင်းအခိျု့တွင် ထူးဆန်းသော
အ၀ါရောင်နှင်းထုကြီး ထူထပ်စွာဖုံးလွှမ်းခဲ့ရာ တရုတ်နိုင်ငံသားများအနေဖြင့်
ပတ်ဝန်းကျင်ညစ်ညမ်းမှုကို စိုးရိမ်ထိတ်လန့်ခဲ့ကြ ရသည်ဟုဆိုသည်။
ဝူဟန်းမြို့တွင် နေထိုင်ကြသူများသည် ဇွန်လ ၁၂ရက်နေ့နံနက်က
အ၀ါရောင်နှင်းထုကြီး ရုတ်တရက် ကျရောက်လာသောကြောင့် မျက်နှာဖုံးများ
အလျင်အမြန်တပ်ဆင်ခဲ့ရ သည်ဟုဆိုသည်။ နန်ကင်းမြို့ရှိ ဆန်ဝူရေအိုင်အတွင်းရှိ
လှေများအပေါ်၌ အ၀ါရောင်နှင်းထုကြီး ဖုံးလွှမ်းထားသည်ကိုလည်း တွေ့မြင်ရသည်။
ဝူဟန်းမြို့သို့ရောက်နေသော ပြင်သစ်အကြံပေးအရာရှိတစ်ဦးက မြို့နေလူများကို
ပြတင်းပေါက်များပိတ်လျက် အိမ်အတွင်း၌ နေကြရန်နှင့် လေအေးပေးစက်များကို
အကန့်အသတ်ဖြင့်သာ အသုံးပြုရန် အကြံပေးခဲ့သည် ဟုဆိုသည်။ တရုတ်နိုင်ငံ၏
အထင်ကရမြို့ကြီးများတွင် ရုတ်တရက် လေထု ညစ်ညမ်းမှုဖြစ်ပေါ်ခြင်းများ
တိုးတက်များပြားလာနေရာ သက်ဆိုင်ရာအာဏာပိုင်များမှာ ပြစ်တင်ဝေဖန်ခြင်း
ခံနေရသည်ဟုဆိုသည်။
ref: Swesone Media Group
ref: Swesone Media Group
အောက်ပိုင်းလုံးဝမရှိသည့် လူကပေပေါင်း၁၉၀၀၀ မြင့်သည့်တောင်ကို လက်ဖြင့်တွားသွားကာ အောင်မြင်စွာတက်ရောက်နိုင်ခဲ့
ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှ အောက်ပိုင်းလုံးဝမရှိသည့် ဆပင်ဆာဝက်စ် ၃၁နှစ်သည် ဇွန်လ၂ဝရက်နေ့တွင် ပေပေါင်း၁၉၃၄၁မြင့်သည့် ကလီမန်ဂျာရိုးတောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ သူသည် အာဖရိကတိုက်၏ အမြင့်ဆုံးတောင်ကို လက်များဖြင့်တွားသွားကာ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ သူသည် မြေပြင်အခြေအနေ ကောင်းသည့်နေရာ၌ ဘီးတပ်ကုလားထိုင်ကို အသုံးပြုပြီး ကျန်နေရာများတွင် လက်ဖြင့်သာတွားသွားခဲ့ခြင်းဖြစ်သည်။ သူသည် တောင်ထိပ်သို့ ရောက်ရှိရန်အတွက် ခုနှစ်ရက်ကြာခဲ့ကြောင်း သိရသည်။ ဝက်စ်သည် SacralAgenesisဟုခေါ်သော ရှားရှားပါးပါး မွေးရာပါဗီဇချို့ယွင်းမှုကြောင့် ခါးအောက်ပိုင်းအရိုးများ ဖွံ့ဖြိုးမှုမရှိဘဲ မွေးဖွားလာခြင်းဖြစ်သည်။
ref: Swesone Media Group
ကမ္ဘာကျော် စတုန်းဟင့် အဆောက်အအုံပုံစံကို မော်တော်ကား၁၈စီးဖြင့် ပြုလုပ်ပြ
ကမ္ဘာကျော် စတုန်းဟင့်ရှေးဟောင်း အဆောက်အအုံပုံစံကို အနုပညာသမားတစ်ဦးက မော်တော်ကား ၁၈စီးဖြင့်ပြုလုပ်ပြခဲ့ကြောင်း DMသတင်းဌာနက ဇွန်လ၁၈ ရက်နေ့တွင်ဖော်ပြသည်။ အနုပညာသမားတော်မီဂန်းသည် ယင်း ကဲ့သို့ပြုလုပ်ပြရန်အတွက် သုံးလအချိန်ယူခဲ့ရသည်။ သူ၏ အဆောက်အအုံသည် ငါးမီတာ(၁၆ပေကျော်)မြင့်ပြီး ၃၆တန်အလေးချိန်ရှိသည်။ သူကယင်း အဆောက်အအုံပုံစံကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ဆောက်သ်ဘန့်အရပ်၌ ပြုလုပ်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ref: Swesone Media Group
ref: Swesone Media Group
အကြောင်းအရာ
ထူးဆန်းနေရာများ,
ထူးဆန်းနေရာများ(အခြားဆိုဒ်)
Monday, July 2, 2012
Nasa မှလှပသောကမ္ဘာမြေ ပုံများ
Saturday, June 30, 2012
မြန်မာပထမ ဆုံးများ အပိုင်း
* ဂေါတမမြတ်စွာဘုရားသည် ဗာရဏသီပြည်၊ မိဂဒါဝုန်တော် နန္ဒိယ၀ိဟာရကျောင်းတော် တါင် ပထမဆုံးဝါဆိုတော်မူခဲ့သည်။
* ဆူးလေစေတီတော် ကို သာသနာနှစ်(၂၃၅)ခုနှစ်က တည်ခဲ့သည်။
* မြန်မာနိုင်ငံအတွင်းသို့အစောဆုံးဝင်ရောက်ခဲ့သော မျိုးနွယ်စုမှာ တိဗက်-မြန်မာ၊ မွန်-ခမာ တို့ဖြစ်ကြသည်။
* မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးရောက်ရှိလာသော ဥရောပတိုက်သားမှာ အီတလီလူမျိုး၊ဗင်းနစ် မြို့သား နီကိုဒီကွန်တီ ဖြစ်သည်။
* ပထမမြန်မာနိုင်ငံကိုစတင်တည်ထောင်ခဲ့သူမှာ အနော်ရထာမင်း(နန်းစံနှစ် ၁၀၄၄-၁၀၇၇)ဖြစ်သည်။
* ကုန်းဘောင်မင်းဆက်၏ ပထမဆုံးဘုရင်မှာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ (နန်းစံနှစ် ၁၇၅၂-၁၇၆၀)ဖြစ်သည်။
* မြန်မာ့ပထမဆုံးလွှတ်တော်သည် သက္ကရာဇ်(၅၇၃)ခုနှစ် ဇေယျသိင်္ခမင်းလက်ထက်တွင် ပေါ်ပေါက်ခဲ့သည်။

mazon တောထဲမှလူသားစား Piranhasငါးမျိုး
Piranhasငါးမျိုးစိတ်သည်ကမ္ဘာပေါ်မှလူသားစားငါးမျိုးစိတ်ထဲတွင်ပါဝင်ပြီး။အဆိုးဆုံးငါးမျိုးစိတ်ပင်ဖြစ်ပါသည်။
၎င်းတို့သည်အုပ်စုဖွဲ့ကာနေထိုင်တတ်ပြီးအညီနံ့တစ်ခုခုရသည်နှင့်တစ်ပြိုင် နက်တည်းထိုနေရာကိုရှာဖွေနိုင်ပြီး လူသားဖြစ်နေပါက တစ်ကောင်ပြီးတစ်ကောင် ကိုက်ဖြတ်စားသောက်လိုက်သောအခါတွင်ခဏလေးအတွင်းမှာအပင် အရိုးပဲကျန်ရှိနိုင်ပါတော့သည်။ လူသားစားငါးမျိုးပင်ဖြစ်ပါသည်။အင်မတန်ကြောက်စရာကောင်းပါသည်အကောင်းအသေးလေးအရွယ်ကတည်းကပင် လူသားကိုစားသုံးနေပြီဖြစ်ပါသည်။ Piranhas လူသားစားငါးသည် ပစ်မှတ်တစ်ခုကိုတွေ့ သည်နှင့်တစ်ပြိုင်နက်ဝုန်းကနဲဆိုသလိုပင်ငြိမ်သက်နေသောငါးအုပ်ကြီးသည် ထိုပစ်မှတ်သားကောင် နောက်သို့ အလျင်အမြန်ပင်ရောက်အောင်သွားကာ ထိုသားကောင်ကို တစ်ကောင်စီအလုအယှက်ပင်ဆွဲစားပါတော့သည် မကြာခင်အချိန်အတွင်းမှာပင်အသားစ တစ်စမျှမကျန်တော့ပေ အရိုးကိုသာတွေ့ မြင်ရလိမ့်မည်။

ရှန်ဟိုင်းမှ သစ္စာရှိသောခွေးကလေး
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ ၊ ကျောင်ကျိုး လမ်းမမှာ ဖြစ်ပွားခဲ့ တဲ့ လူ ၅၃ ယောက်သေဆုံးခဲ့ တဲ့ မီးလောင်မှု
ကြီးနောက်မှာ ( သူ့ ရဲ့ သစ္စာရှိမှုကြောင့် ) လူတွေရဲ့ စိတ်နှလုံးကို ညို့ ယူဖမ်းစားနိုင်ခဲ့ ပါတယ်...
Subscribe to:
Posts (Atom)