Sunday, July 22, 2012
ကမ္ဘာ အကြီးဆုံးမြွေကြီး
အခုတလော internet မှာ ၅၅ ပေရှည်တဲ့ မြွေကြီးအကြောင်း လူပြောများနေပါတယ်။
ကျွန်တော်ပိုစ့်တင်ဖို့  မူရင်းဆိုဒ်တွေကို မတွေ့ သေးလို့ ရှာကြည့်ပါတယ်။
တရုတ်မှာတဲ့။ အခုတော့ ကျွန်တော်တွေ့ တာကတော့ မလေးရှားမှာပါ။
တွေ့ တဲ့ဆိုဒ်ကိုပါညွှန်းပေးပါမယ်။
မလေးရှားနိုင်ငံ တောနက်ထဲမှာ လမ်းဖောက်လုပ်သားတွေဟာ ကမ္ဘာ အကြီးဆုံးမြွေ
ကြီးကို တွေ့ ရှိခဲ့ကြပါတယ်။
Thursday, July 19, 2012
လူများဆင့်ထပ်ကာ တည်ဆောက်သော မျှော်စင်အဖြစ် ကမ္ဘာ့စံချိန်ချိုးရန် ကြိုးပမ်း
စပိန်နိုင်ငံသားများသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ လူများဖြင့်ဆင့်ထပ်သော အဆောက်အအုံဖြင့် တည်ဆောက်ကာ အမြင့်ဆုံးအဖြစ် ကမ္ဘာ့စံချိန်ချိုးရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ သူနယူးယောက်မြို့၌ လူများဆင့်ထပ်ကာ တည်ဆောက်သော မျှော်စင်အဖြစ် ကမ္ဘာ့စံချိန်ချိုးရန် ကြိုးပမ်းတို့သည် ကက်တယ်လိုနီးယား သမိုင်း၌ရိုးရာတစ်ခုဖြစ်သော ယင်းကဲ့သို့လူများဆင့်ထပ်မှုကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့သည်မည်သည့် လှေကား၊ပိုက်ကွန်ကိရိယာကိုမှ အသုံးပြုခြင်းမရှိဘဲ လူတစ်ဦးပေါ်တစ်ဦးဆင့်ထပ်ကာ အမြင့်ဆုံးအဖြစ် တည်ဆောက်ခဲ့ကြပြီး လူပေါင်း၁၅ဝဦး ပါဝင်ခဲ့သည်။ သူတို့၏ဆင့်ထပ်မှုသည် ရှစ်ထပ်အဆောက်အအုံခန့်အထိ ရရှိခဲ့ကြောင်းသိရသည်။
လူပေါင်း၁၃၅ဦး တံတားပေါ်မှပြိုင်တူ ဘန်ဂီခုန်ချပြီး ကမ္ဘာ့စံချိန်တင်
ရုရှားနိုင်ငံရှိ တံတားတစ်ခုပေါ်မှနေ၍ လူပေါင်း၁၃၅ ဦးပြိုင်တူ ဘန်ကီခုန်ချပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့ကြောင်း DMသတင်းဌာနက ဇူလိုင်လ၃ရက်နေ့တွင် ဖော်ပြသည်။ ၎င်းတို့ ဘန်ကီခုန်ချပုံကို ဗီဒီယိုပြကွက်အဖြစ် YouTube ၌တင်ခဲ့သော်လည်း အသေးစိတ်ဖော်ပြခြင်းမရှိပေ။ ပထမဆုံး ခေတ်သစ်ဘန်ဂီခုန်ချမှုကို ၁၉၇၉ခုနှစ် ဧပြီလ၁ရက်နေ့က အောက်စ်ဖို့ဒ်တက္ကသိုလ် အန္တရာယ်များသော အားကစားကလပ် အဖွဲ့ဝင်များက ဘရစ္စတိုးမြို့ရှိ ပေ၂၅၀မြင့်သော ကလစ်ဖ်တန်ဆက်စပန်းရှင်း တံတားပေါ်မှ ခုန်ချကာ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ခုန်ချပြီးမကြာမီ ခုန်ချသူအားလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ယင်းနောက် အမေရိကန်ပြည်ထောင်စုရှိ ဂိုးလ်ဒင်းဂိတ်နှင့် ရွိုင်ရယ်ဂျော့တံတားများပေါ်မှ ဘန်ဂီခုန်ချမှုများ ပြုလုပ်ခဲ့ကြပြီး တစ်ကမ္ဘာလုံးသို့ ပံျ့နှံ့သွားခဲ့ခြင်းဖြစ်သည်။
လေထီးခုန်ချသူတစ်ဦး လေထီးမပွင့်ဘဲ မီတာ၁၂၀အမြင့်မှ ပြုတ်ကျသော်လည်း အသက်မသေ
အဆောက်အအုံမြင့်များပေါ်မှ လေထီးခုန်ချသူတစ်ဦးသည် မီတာ၁၂၀ မြင့်သော အဆောက်အအုံပေါ်မှ လေထီးခုန်ချရာ လေထီးမပွင့်ဘဲ ပြုတ်ကျခဲ့သော်လည်း အသက်မသေကြောင်း DMသတင်းဌာနက ဇူလိုင်လ၄ရက်နေ့တွင် ဖော်ပြသည်။ ရုရှားနိုင်ငံ ကိုနာကိုဗာမြို့တွင် ယင်းကဲ့သို့ လေထီးခုန်ချခဲ့ခြင်းဖြစ်ပြီး အဆိုပါလူငယ် လေထီးခုန်သမားသည် မြေပြင်ရှိ နှင်းများက ကူရှင်ကဲ့သို့ ဖြစ်နေသောကြောင့် အသက်မသေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သူသည် ကျောရိုး၊ တင်ပဆုံရိုးနှင့် ခြေထောက်ရိုးများ ကျိုးခဲ့သော်လည်း ယခုကဲ့သို့ သုံးလကြာပြီးနောက် လမ်းပင်ပြန်လျှောက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ကားလမ်းမကြီးပေါ်၌ ရုတ်တရက်အပေါက်ကြီး ဖြစ်ပေါ်သွား
ဇူလိုင်လ ၅ရက်နေ့ နံနက်အစောပိုင်းတွင် တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်၏ မြို့တော် ချန်ရှာတွင် ကားလမ်းမကြီးပေါ်၌ ရုတ်တရက် အပေါက်ကြီး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ စင်ကျန်းမြစ်အနီးရှိ စင်ကျန်းကားလမ်းမကြီးပေါ်၌ ယခုကဲ့သို့အပေါက်ကြီး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယင်းအပေါက်ကြီး အတွင်းသို့ ကားတစ်စီးပြုတ်ကျသွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့သည်။ အဆိုပါအပေါက်ကြီးသည် ပိုလီအင်တာနေရှင်နယ် ပလာဇာအနီး၌ ဖြစ်ပေါ်ခဲ့ပြီး ဧရိယာအားဖြင့် ၃၀စတုရန်းမီတာ ရှိကြောင်းသိရသည်။
Friday, July 6, 2012
ဂေါက်သီးလုံးလောက်ကြီးသည့် မိုးသီးများနှင့် လျှပ်စီး
အင်္ဂလန်နိုင်ငံက WestMidlands Shropshire နဲ့leicestershire စီရင်စုဒေသတွေမှာ တစ်မိနစ်ကို လျှပ်စီးအကြိမ်ရေ ၁၅ဝလောက်နဲ့ မုန်တိုင်းတစ်လျှောက်လုံးမှာ စုစုပေါင်း လျှပ်စီးအကြိမ်ရေ ၅၄ဝဝဝလောက် လက်ခဲ့ပြီး ဂေါက်သီးလုံးလောက်ကြီးတဲ့ မိုးသီးတွေ ကြွေကျခဲ့တာကြောင့် လူတွေသေဆုံးခဲ့ရသလို မသေဘဲ ကျန်ရစ်ခဲ့ရသူတွေကလည်း အခြေအနေမဲ့တဲ့ဘဝ ရောက်ခဲ့ရပါတယ်။ မုန်တိုင်းတိုက်ခိုက်ချိန်မှာ ရွာသွန်းခဲ့တဲ့ မိုးရေချိန်လက်မကလည်း ၁၂ဝကျော်တောင်မှဆိုတော့ ရေခဲတွေအရည်ပျော်ပြီး ရေတွေပါကြီးလာလို့ လူတွေသာမက၊ ကားတွေနဲ့အဆောက်အအုံတွေပါ ရေထဲမှာနစ်မြုပ်ပြီး၊ ပျက်စီးသွားပါပြီ။မိုးသီးမိုးပေါက်တွေက ဒလဟောရွာချလိုက်လို့ အင်္ဂလန်ရဲ့ မနက်ခင်းဟာလည်း နေမသာတော့တဲ့အပြင်၊ အမှောင်အတိဖုံး လွှမ်းသွားခဲ့တာကလည်း အခြေအနေတွေကို ပိုမိုဆိုးဝါးစေခဲ့ပါတယ်။
Related Posts Plugin for WordPress, Blogger...