Monday, June 4, 2012

ရှားပါး အာဖရိက ရွှေကြောင်

 
ယူဂန္ဓာနိုင်ငံ ကီဘာလီ အမျိုးသားဘေးမဲ့ တောအတွင်းတွင် လျှို့ဝှက်တပ် ဆင်ထားသော အနီအောက်ရောင်ခြည် ကင်မရာက ကမ္ဘာပေါ်တွင် အလွန်ရှား ပါး၍တွေ့ရခဲသောအာဖရိကရွှေရောင်ကြောင်ကိုဓါတ်ပုံရိုက်ယူနိုင်ခဲ့သည်။ ၎င်း ကြောင်သည် သာမန်အလတ်စားအရွယ်ကြောင်မျိုးဖြစ်၍အလျားသည် ၈၀ စင် တီမီတာခန့်ရှိသည်။
အနောက်အာဖရိကဒေသနှင့် အလယ်ပိုင်းအာဖရိကဒေသ တောများထဲတွင်နေထိုင်ကျက်စားလေ့ရှိသည်။၎င်းသည်သက်တမ်းတလျှောက် တွင် အရောင် ပြောင်းလဲခြင်းများ ရှိသည်။ ယခုတွေ့ရသော ကြောင်၏ အမွေး သည် အနက်ရောင်ဖြစ်သည်။ အခြားသော တိရစ္ဆာန်အသီးသီးအတွက်လေ့လာ မှုများ ပြုလုပ်ခဲ့ကြသော်လည်း အာဖရိက ရွှေရောင်ကြောင်အားကွင်းဆင်းလေ့ လာမှု ပြုလုပ်ထားခြင်း မရှိပေ။
.နေခရမ်း

B7844954863C785ACEBAC345C407964B.png image by naykhayan

2 comments:

  1. ဂျစ်ပစီမိုးတိမ်December 27, 2012 at 6:15 AM

    အစ်ကို ကြောင်ကပုံမတွေ့ရဘူးနော် ဘာလို့လဲအစ်ကို

    ReplyDelete
    Replies
    1. သူငယ်ချင်းသတိပေးမှပြန်ကြည့်မိပါတယ်။ဟုတ်ပါတယ်။ ပုံကိုမတွေ့ရတာ ပျက်သွားလို့ပါ။

      ဒါက အရင်ဒီပိုစ့်ကို facebook (note page) အနေနဲ့တင်ပြီးမှ ဒီဆိုဒ်ကို copy ယူလိုက်လို့

      လားမသိပါဘူး။တင်တာတွေများနေလို့ပုံကိုတော်တော် ပြန်ရှာလိုက်ရပါတယ်။

      ပုံကတော့ ညပိုင်းရိုက်ထားတာဖြစ်သဖြင့် သိပ်မထင်ရှားပါ။

      ကျွန်တော်မူရင်းအတိုင်းတင် ထားတာပါ။

      နောက်ထပ်လည်း အခုလို ဆိုဒ်ထဲမှာ အခက်အခဲရှိပါက အကြောင်းကြားနိုင်ပါတယ်။

      ပုံများကို မမြင်ရပါက အသိပေးခြင်းဖြင့်ကူညီကြပါ။ကျွန်တော်အနေနဲ့ ပိုစ့် များခြင်း၊

      အသစ်များတင်နေရခြင်းကြောင့် ပြန်မကြည့်နိုင်လို့ ကူညီပေးကြပါခင်ဗျာ...နေခရမ်း

      Delete

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...