Monday, June 4, 2012
ထူးဆန်းသောဥပဒေနှင့်မြို့ ကလေး
လေမလည်ရ၊ လေချဉ်မတက်ရ၊ ကြို့ မထိုးရ၊ အသံထွက်အောင်မစားမသောက်ရသည့်စပိန်နိုင်ငံမှ မြို့ကလေး
စပိန်နိုင်ငံ၊မက်ဒရစ်မြို့ အရှေ့ မြောက်ဖက်၊မိုင် ၇၀ အကွာရှိ လာတိုဘာ မြို့ ကလေးရဲ့ မြို့ တော်ဝန်က မြို့ သူ၊မြို့ သားများအနေဖြင့် အများသူငါမြင်ကွင်း၊ လူလည်ကောင်တွင် လေမလည်ရ၊ လေချဉ်မတက်ရ၊ ကြို့ မထိုးရ၊ စားသောက်ရာတွင် ရှူးရှူးရှဲရှဲ အသံမမြည်စေရ စသည့် မယဉ် ကျေးသည့်  အပြုအမူပေါင်း ၆၅ မျိုးအား တားမြစ်ပိတ်ပင်သည့် အမိန့် တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
လူယဉ်ကျေးတစ်ယောက်ဖြစ်အောင် ဒါတွေရှောင်
အများပြည်သူရှေ့ တွင်မိမိ၏မဖွယ်မရာကိုယ်အင်္ဂါအစိတ်အပိုင်းများအား ထိတွေ့ ကိုင်တွယ်ခြင်း၊ အတွင်းခံဘောင်းဘီများအားနေသားတစ်ကျဖြစ်အောင်ပြုပြင်ခြင်း၊ နှာခေါင်းနှိုက်ခြင်း (နှပ်ချေးကလော်ခြင်း) စသည်များအား လုံးဝ၊ လုံးဝမပြုလုပ်ကြရမှာဖြစ်ပြီး လက်ဖြင့် မကာပဲ ချောင်းဆိုးခြင်း၊ သမ်းဝေခြင်းများ၊ အစားအစာစားယင်းစကားပြောခြင်း စသည်များအားလည်း တားမြစ်ထားပါတယ်။
လက်ယာယိမ်း သမားတစ်ဦးဖြစ်သည့် မြို့တော်ဝန် ဂျူလီယန်အတျန်ဇာက ၎င်းထုတ်ပြန်ခဲ့သည့် စည်းမျဉ်းများအား ချိုးဖောက်ပါက ဒါဏ်ငွေမဆောင်ရသော်လည်း လူမှုရေး၊ကိုယ်ကျင့်သိက္ခာဆိုင်ရာအားဖြင့်တော့ ပြစ်တင်ဝေဖန်ခံရမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။
အဘိုး၊ အဘွားများထံ ပုံမှန်သွားရောက်မလည်ပါတ်သည့် မြေး၊ မြစ် များလည်း သက်ဆိုင်ရာ အာဏာပိုင်များ၏ ဆုံးမခြင်းကိုခံကြရမှာဖြစ်ပါတယ်။ လူမှုရေးကျင့်ဝတ်များ လျော့နည်းလာခြင်းအား တိုက်ဖျက်နိုင်ရေးအတွက် စပိန်နိုင်ငံ၏ ညီညွတ်သောလက်ဝဲပါတီဝင်တစ်ဦးဖြစ်သည့် မြို့ တော်ဝန်က အဆိုပါစည်းမျဉ်း၊ စည်းကမ်းများရေးဆွဲပြီး ဒေသခံအုပ်ချူပ်မှုကောင်စီက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။ ဒီစည်းကမ်းတွေဟာ မေ့ လျော့ ပျောက်ကွယ်စပြုနေပြီဖြစ်တဲ့ လူယဉ်ကျေးတွေ မမေ့သင့်တဲ့ အခြေခံလူ့ ကျင့် ဝတ်၊ ယဉ်ကျေးမှုအလေ့အထတွေဖြစ်ပါတယ်လို့ လည်း မြို့ တော်ဝန်က သူရိယ သတင်းစာကြီးကိုပြောကြားခဲ့ ပါတယ်။ အဆိုပါစည်းမျဉ်း၊ စည်းကမ်းများကို မြို့ သူ၊ မြို့ သားအားလုံးက ထောက်ခံခဲ့ကြတော့မဟုတ်ပါဘူး။
source : internet
သူငယ်ချင်းတို့ ရေ..ဒီမြို့ လေးကိုအလည်ရောက်ရင်သတိထားကြပါလို့ ....နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...