Thursday, July 19, 2012

တရုတ်နိုင်ငံတွင် ကားလမ်းမကြီးပေါ်၌ ရုတ်တရက်အပေါက်ကြီး ဖြစ်ပေါ်သွား

ဇူလိုင်လ ၅ရက်နေ့ နံနက်အစောပိုင်းတွင် တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်၏ မြို့တော် ချန်ရှာတွင် ကားလမ်းမကြီးပေါ်၌ ရုတ်တရက် အပေါက်ကြီး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ စင်ကျန်းမြစ်အနီးရှိ စင်ကျန်းကားလမ်းမကြီးပေါ်၌ ယခုကဲ့သို့အပေါက်ကြီး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယင်းအပေါက်ကြီး အတွင်းသို့ ကားတစ်စီးပြုတ်ကျသွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့သည်။ အဆိုပါအပေါက်ကြီးသည် ပိုလီအင်တာနေရှင်နယ် ပလာဇာအနီး၌ ဖြစ်ပေါ်ခဲ့ပြီး ဧရိယာအားဖြင့် ၃၀စတုရန်းမီတာ ရှိကြောင်းသိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...