ယခင်က ကမ္ဘာ့အသေးငယ်ဆုံး နိုင်ငံများဆိုပြီး (၁) မှ (၁၀) အထိ
နိုင်ငံ ၁၀ နိုင်ငံကို တင်ပြပေးဖူးပါသည်။ ထိုအထဲကမှ ကမ္ဘာ့
အသေးငယ်ဆုံး နိုင်ငံအဖြစ်သတ်မှတ်လက်ခံထားကြသည့်
ဗာတီကန်စီးတီးအကြောင်းကို သီးခြားတင်ပြပေးချင်ပါသည်။
နိုင်ငံ ၁၀ နိုင်ငံကို တင်ပြပေးဖူးပါသည်။ ထိုအထဲကမှ ကမ္ဘာ့
အသေးငယ်ဆုံး နိုင်ငံအဖြစ်သတ်မှတ်လက်ခံထားကြသည့်
ဗာတီကန်စီးတီးအကြောင်းကို သီးခြားတင်ပြပေးချင်ပါသည်။

တကယ်တော့ ဗာတီကန်စီးတီး နိုင်ငံဆိုတာ ဧရိယာပမာဏ
သေးငယ်သော အီတလီနိုင်ငံ ၊ ရောမမြို့အတွင်းက သီးခြားတံတိုင်း
ခတ်ကာရံထားသော ကုန်းတွင်းပိတ် နေရာလေးတစ်ခုပါ။

အီတလီနိုင်ငံ၏ ပိုင်နက်အတွင်း တည်ရှိနေသော်လည်း
ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် အုပ်ချုပ်နေသော ဘာသာရေးဆိုင်ရာ
သာသနာ့နယ်မြေ နိုင်ငံတစ်ခုဖြစ်ပါသည်။ ကက်တလစ်ခရစ်ယာန်ဘာသာ၏
အထွတ်အထိပ် ပုပ်ရဟန်းမင်းအုပ်ချုပ်ရာ နိုင်ငံတစ်ခုဖြစ်ပါသည်။
နိုင်ငံ မှာ ကမ္ဘာ့အသေးဆုံးနိုင်ငံ (ကုန်းတွင်းပိတ်နိုင်ငံ) ဖြစ်ပြီး
ဧက ၁၁၀ အကျယ်အဝန်း၊ (0.44 km2 )ရှိပြီး ၊ လူဦးရေ ၈၄၂ ကျော်သာ
ရှိသော နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် ဧရိယာအကျယ်အ၀န်းအရရော ၊
လူဦးရေအရရော ကမ္ဘာ့အသေးဆုံး နှင့် လူဦးရေ အနည်းဆုံး အချုပ်အခြာ
ပိုင် နိုင်ငံငယ်တစ်ခုအဖြစ် သတ်မှတ်ကြပါသည်။

သမိုင်းတစ်လျှောက် ဆွစ်ဇာလန်လုံခြုံရေးတပ်များ တာဝန်ယူလာသည့်
ကိုယ်ပိုင် စစ်တပ်အစောင့်အရှောက်လည်း ရှိပါသည်။

ရုံးသုံးဘာသာစကားမှာ အီတလီဖြစ်ပြီး ကိုယ်ပိုင် တယ်လီဖုန်း ကုမ္ပဏီ၊
ရေဒီယို၊ ရုပ်မြင်သံကြားဌာန၊ ငွေကြေးနှင့် တံဆိပ်ခေါင်းလုပ်ငန်းများ
တည်ရှိသော နိုင်ငံငယ် ဖြစ်သည်။

နေ့အခါတွင် နိုင်ငံ မြို့တံခါးဖွင့်ကာ အဝင်အထွက်ရှိသော်လည်း
ညအခါတွင် နိုင်ငံနယ်နမိတ် တံခါးကို ပိတ်ထားသည်။

ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုနေရာတစ်ခုဖြစ်လို ယူနက်စကို၏
ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံရပါသည်။
Sep 12, 2012 မှပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။