Tuesday, May 3, 2016

ကမ္ဘာ့အကြီးဆုံးဆားပြင်ကြီးပေါ်မှ ထူးထူးဆန်းဆန်းဆားဟော်တယ်

ဒီတစ်ခါတော့ ဘိုလီဗီးယားနိုင်ငံ က ဆားဟော်တယ်ကိုတင်ဆက်ပေးပါ့မယ်။
စပိန်လို Palacio de Sal လို့ခေါ်ကြပြီး ဆားနန်းတော် လို့ အဓိပ္ပါယ်ရသည့်
ထိုအဆောက်အဦမှာ ဆားတုံးဆားခဲများဖြင့် တည်ဆောက်ထားသော
အပန်းဖြေတည်းခိုစရာ ဟော်တယ် တစ်ခုပါ။
article 0 15 FC1 EBA000005 DC 680 964x395
ထို ဆားဟော်တယ်သည် ကမ္ဘာ့အကြီးဆုံး ဆားပြင်ကြီး ပေါ်တွင် တည်ဆောက်ထားခြင်း
ဖြစ်ပါသည်။ထိုကမ္ဘာ့အကြီးဆုံးဆားပြင်ကြီးသည် ဘိုလီဗီးယား နိုင်ငံ၏ အနောက်တောင်ဘက်
တွင် တည်ရှိပြီး La Paz မြို့၏ တောင်ဘက် 350 km(220 mi) အကွာတွင်
တည်ရှိပြီး Salar de Uyuni ဟုအမည်ရပါသည်။
800px Salar uyuni 200701
ထိုကမ္ဘာ့အကြီးဆုံးဆားပြင်ကြီးသို့ စိတ်ဝင်တစားလာရောက်လည်ပတ်ကြသော
ခရီးသွားများသည် အနားယူအပန်းဖြေစရာ နေရာကောင်းတစ်ခုကို အလိုရှိခဲ့ကြပါသည်။
ထို့ကြောင့် လာရောာက်လည်ပတ်သူများအတွက် အပန်းဖြေစရာ ၊ တည်းခိုစရာနေရာ
တစ်ခုတည်ဆောက်ရန် စီစဉ်ခဲံကြပါသည်။ ထိုအပန်းဖြေဟော်တယ်ကိုလည်း
ထိုဒေသ၏ သဘာဝနှင့် လိုက်လျောညီထွေ ရှိစေရန် ဆားတုံးဆားခဲများကို
အခြေခံ တည်ဆောက်ရန် စိတ်ကူးပုံဖော်ခဲ့ကြပါသည်။
125434328116
ပထမဆုံးဟော်တယ် အဆောက်အဦကို ၁၉၉၃ မှ ၁၉၉၅ ခုနှစ်အတွင်း
ဆားပြင်ကြီး၏ အလယ်နေရာတွင် စတင်တည်ဆောက်ခဲ့ပါသည်။
125434328179
ခရီးသွားသူများ၏ အကြိုက်ဖြစ်ခဲ့ပြီး အားပေးမှုကိုရရှိခဲ့ပါသည်။
125434328223



125434328201
သို့သော် ထိုအဆောက်အဦတွင် နှစ်ယောက်အိပ်ခန်း ၁၂ ခန်း ၊ စုပေါင်းသုံး
Bathroom တစ်ခုသာ ပါရှိခဲ့ပါသည်။ ရေချိုးခြင်းကိုတော့ လက်မခံခဲ့ပါ။
125434328137
ဆားခဲတွေကို ကိုက်ဖြတ်မစားဖို့ တော့ လိုပါတယ်။တော်ကြာ အဆောက်အဦးကြီးပြိုကျသွားမှ

စတင်တည်ဆောက်ကတည်းက တည်ဆောက်မှုနှင့် တည်နေရာ တို့တွင်
ပြဿနာ အခက်အခဲများရှိခဲ့ပြီး ၂၀၀၂ ခုနှစ်တွင်တော့ တစ်စစီ ပြန်လည်
ဖျက်သိမ်းခဲ့ရပါသည်။
article 0 15 FC1 DC8000005 DC 290 964x495
သို့သော်လိုအပ်နေသော ဟော်တယ်တစ်ခုအတွက် ၂၀၀၇ ခုနှစ်တွင်
Palacio de Sal ဟုအမည်ရသော ဆားဟော်တယ်သစ်တစ်ခုကို ပြန်လည်
တည်ဆောက်ခဲ့ကြပါသည်။
article 0 15 FC1 D71000005 DC 301 964x610

1024px Salthotel5

article 0 15 FC1 DD4000005 DC 93 964x593
ထိုဟော်တယ်သစ်တွင်တော့ တည်ဆောက်မှုပိုင်းရော၊
ဝန်ဆောင်မှုပိုင်းများတွင်ပါ အကောင်းဆုံးဖြည့်ဆည်းပြီး တည်ဆောက်ထားပါသည်။
article 0 15 FC1 E6 D000005 DC 981 964x598
သူငယ်ချင်းတို့ အလည်သွားနိုင်ပါတယ်...ငံလိုက်မယ့်မျိုးနော်....
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ........................................နေခရမ်း
9/13/2012 မှပိုစ့်အားပြန်လည်ပြင်ဆင်တင်ပြပါသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...