
ဒီပုံစံထူးခြားသည့် အကောင်လေးများသည် ကဏန်းမျိုးတွင် ပါဝင်ပါသည်။
ဒီကဏန်းကောင်လေးများ၏ ခန္ဓာကိုယ်သည် တစ်လက်မခွဲ (၄ စင်တီမီတာ) မျှသာရှိပါသည်။
သို့သော် သူတို့၏ ခြေတံတွေကတော့ အများအားဖြင့် ၄ လက်မ ( ၁၀ စင်တီမီတာ ) ရှိတတ်ပါသည်။
အင်္ဂလန်နိုင်ငံ၊ နယူးကွေးမြို့က ငါးပြတိုက်မှာတွေ့ရသည့် ဒီကဏန်းမျိုးတစ်ကောင်ကတော့
၈ လက်မ (၂၀ စင်တီမီတာ) အထိရှိပါသည်။

သူ၏ ရှည်လျားပြီး သေးသွယ်သည့်ခြေတံပုံစံကြောင့်
မြားကဏန်း (Arrow Crab) ဟုခေါ်ကြပါသည်။
ကြည့်ရသည်မှာ ပင့်ကူနှင့်တူနေပါသည်။

ဒီမြားကဏန်းများသည် ရွှေရောင် ၊ အနီရောင် ၊ အဝါရောင်၊ အပြာရောင်၊ အနက်ရောင်၊အညိုရောင် ပန်းရောင် စသည်ဖြင့်တွ့ရတတ်ပါသည်။ သူတို့၏ခြေတံတွေကတော့ အနီရောင်နှင့်
အ၀ါရောင်ရှိကြပြီး သူတို့၏ခြေသည်းတွေကတော့ အပြာရောင်နှင့် ခရမ်းရောင်ရှိကြပါသည်။

မြားကဏန်းများကို အတ္တလန်တစ် သမုဒ္ဒရာ ၊ ကာရိုလီးနားမြောက်ပိုင်း နှင့် ဘာမြူဒါဒေသ မှ
ဘရာဇီးအထိတွေ့မြင်ရပြီး ကာရစ်ဘီယံ ပင်လယ်ထဲမှာလည်းရှိပါသည်။
သူတို့သည် ပင်လယ်ရေ အနက် ၁၀-၃၀ ပေ တွင် သန္တာကျောက်တန်းများ၌ နေထိုင်
တတ်ကြပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ................ နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။