Thursday, October 4, 2012

ကျင်ငယ်စွန့်ချိန်၌ ကျင်ငယ်ရည်ဖြင့် ဂိမ်းကစား နိုင်အောင် တီထွင်


ကျင်ငယ် စွန့်သည့် ခွက်ပေါ်တွင် LED Screen တစ်ခုရှိပြီး ယင်း၌ ရွေးချယ် စရာ ဂိမ်းသုံးခု ရှိသည်။ အဆိုပါ Screen တွင် အမှတ်အများ ဆုံးရရှိသူကိုလည်း မှတ်တမ်းတင်ထား ပေးသည်။
ယင်းကို နယ်သာ လန်နိုင်ငံ အမ်စတာဒမ်မြို့ရှိ ရှီဖောလေဆိပ် အမျိုးသား အိမ်သာထဲတွင် တပ်ဆင်ပေးထားသည်။ ယင်းသို့တပ်ဆင်ပေးထားရခြင်းမှာ ကျင် ငယ်စွန့်သည့်အခါ ကျင်ငယ်ရည် များကို ခွက်အတွင်းရှိ တိကျသော နေရာများသို့ ကျရောက်အောင် စွန့်စေရန် အတွက် ဖြစ်ပြီး ယင်းကြောင့် သန့်ရှင်းရေး လုပ်သူများ အနေဖြင့် ကြမ်းပြင်ပေါ်သို့ ဖိတ်စင် ကျရောက်မည့် ကျင်ငယ်ရည်များကို သန့်ရှင်းရ သက်သာ သွားစေလိမ့်မည် ဟုဆိုသည်။
ယင်းကို ဗြိတိသျှ ကုမ္ပဏီ တစ်ခုက တီထွင်ခဲ့ပြီး တောင်စောင်း မှနေ၍ လှိမ့်ဆင်းလာသော လှေကလေးအား ကျင်ငယ်ရည် ဘယ်ရွှေ့ ညာရွှေ့ လုပ်ကာ ထိန်းချုပ်နိုင်လိမ့်မည်ဟု ဆိုသည်။
၎င်းအပြင် ပဟေဠိ ကစားနည်းကို ရွေးချယ်ပါက ကျင်ငယ်ရည်ဖြင့်အဖြေကို နှိပ် နိုင်လိမ့်မည်ဟုဆိုသည်။ အဆိုပါစနစ်ကို တီထွင်ရန် လေးနှစ်အချိန် ယူခဲ့ ရသည်ဟု ဆိုသည်။ ကျင်ငယ်ရည် ခွက်ထဲတွင် အာရုံခံကိရိယာ များပါဝင်ပြီး ကျင်ငယ်ရည် လှုပ်ရှားမှုဖြင့် ထိန်းချုပ် နိုင်လိမ့်မည်ဟု ဆိုသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...