Monday, November 5, 2012

ဥရောပ၏ ရှေးအကျဆုံး မြို့တော် ဘူဂေးရီးယား၌ တူးဖော်တွေ့ရှိ


လန်ဒန် နိုဝင်ဘာ ၁
ဘူဂေးရီးယား နိုင်ငံတွင် ဥရောပ၏ သမိုင်း မတင်မီ ရှေးအကျဆုံး မြို့တော်အား တူးဖော် တွေ့ရှိ ခဲ့ကြောင်းရှေးဟောင်း သုတေသန ပညာရှင် များ၏ ပြောကြားချက်အရသိရသည်။
အဆိုပါ မြို့တော်ကို တံတိုင်း များဖြင့် အခိုင်အမာ တည်ဆောက် ထားပြီး ပရိုဗာ ဒီယားမြို့ အနီးတွင် တည်ရှိသည်။ ရှာဖွေ တွေ့ရှိ ခဲ့သော မြို့တော် ဟောင်းသည်  ဆား အဓိက ထုတ်လုပ်သည့် နေရာ တစ်ခု ဖြစ်မည်ဟု သုတေသီ များက ခန့်မှန်း ထားသည်။

ဘူဂေးရီးယား အရှေ့ မြောက်ပိုင်းတွင် ရှာဖွေ တွေ့ရှိ ခဲ့သော မြို့တော် ဟောင်းတွင် လွန်ခဲ့သည့် နှစ်ပေါင်း  ၄ဝ နီးပါးက ရတနာသိုက် တစ်ခု ရှာဖွေ တွေ့ရှိ ခဲ့ဖူးကြောင်း ၎င်းတို့က ဆက်လက် ပြောကြား ခဲ့သည်။ ထို့အ ပြင် အဆိုပါ မြို့တော်သည် ဘီစီ ၄၇ဝဝ မှ ၄၂ဝဝ ကြားတွင် တည်ရှိ နိုင်ကြောင်း၊ ၎င်းမြို့တွင် လူဦးရေ ၃၅ဝ နီးပါး နေထိုင် ခဲ့ဟန် ရှိကြောင်း သုတေသီ များက ယူဆ ထားကြသည်။
အဆိုပါ မြို့ဟောင်းသည် ရှေးခေတ် ဂရိ ယဉ်ကျေးမှု မပေါ်ထွန်းမီ နှစ်ပေါင်း ၁၅ဝဝ ခန့်က ဖြစ်နိုင်ပြီး ၎င်းမြို့တွင် နေထိုင်သူ များသည် စမ်းချောင်းမှ ရေကို ကျိုချက် ကြပြီး ဆားခဲများ ထုတ်လုပ် ရာတွင်အသုံးပြုကြ ကြောင်း  ၎င်းဆားခဲ များကို ကုန်သွယ် ရောင်းချပြီး အစား အစာများ တာရှည် ခံအောင် ပြုလုပ် ရာတွင် အသုံးပြု ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ခေတ်က ဆားသည် တန်ဖိုး အကြီးဆုံး လူ့အသုံး အဆောင် ပစ္စည်း ဖြစ်သောကြောင့် ဆား ထုတ်လုပ်သည့် မြို့တော်ကို ကာကွယ်ရန် ကျောက် တံတိုင်းများဖြင့် ကာရံထားခြင်း   ဖြစ်ကြောင်ြး ဖင့် သုတေသီ များက ပြောကြား ကြသည်။
မြို့တော် ဟောင်းကို ရှာဖွေ တွေ့ရှိ ခဲ့သည့် နေရာအား သုတေသန ပညာရှင် များသည် ၂ဝဝ၅ ခုနှစ် ကတည်းက စတင် တူးဖော် ခဲ့ရာ နှစ်ထပ် အိမ်တစ်လုံး၏ အကြွင်းအကျန် များကို တွေ့ရှိခဲ့ပြီး ၎င်းအိမ်များတွင် အသုံးပြုသည့်ဘာသာရေး ဆိုင်ရာ အခမ်းအနား များတွင် သုံးသည့် ကျင်းများ ကိုလည်း ရှာဖွေ တွေ့ရှိ ခဲ့သည်။ ထို့ပြင် ယခုနှစ် အစောပိုင်းက သင်္ချိုင်းဟောင်း တစ်ခုကိုလည်း ၎င်း နေရာ တွင် ရှာဖွေ တွေ့ရှိ ခဲ့ပြီးနောက် သုတေသီ များက ဆက်လက် ရှာဖွေ တူးဖော် မှုများ ပြုလုပ် ခဲ့ကြရာ၎င်း နေရာသည်  ခရစ်တော် မပေါ်မီ ဘီစီ ၅ ရာစုက ဥရောပ ရှေးဟောင်း မြို့တော် တစ်ခု ဖြစ်ကြောင်း ဘူဂေးရီးယား နိုင်ငံအမျိုးသား ရှေးဟောင်း သုတေသန တက္ကသိုလ်မှ သုတေသန ပညာရှင် ဗာဆယ်လ် နီကိုလော့ဗ်က ပြောကြားခဲ့ ကြောင်း သိရသည်။        
ref:မြ၀တီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...