Friday, November 2, 2012

နော်ဝေနိုင်ငံမှ ရေလယ်ခေါင်ရွာ


နော်ဝေနိုင်ငံ မြောက်ပိုင်း Troms ပြည်နယ်ရှိ Hosoy အမည်ရ ကျွန်းစု ငယ်လေး ဖြစ်ပါတယ်။ Senja ဆိပ်ကမ်းမြို့ ငယ်ထဲ ပါဝင်ပေမယ့် ပင်လယ် ခြားထားပါတယ်။ ပေ ၉၈၀ ရှည်နဲ့ တံတားနဲ့ ဆက်သွယ် ထားပါတယ်။
ကျွန်းရဲ့  အကျယ်အဝန်းကေ
တာ့ မီတာ ၁၀၀၀ အရှည်၊ မီတာ ၅၀၀ အကျယ် ရှိပါတယ်။ Hosoy အမည်ရရွာမှာ ၂၀၀၉ ခုနှစ် စစ်တမ်းအရ လူဦးရေ ၂၃၂ ဦးပဲ နေထိုင်ပါတယ်။ ယနေ့ဆိုရင် ၂၇၅ ကျော် ၃၀၀ ဝန်းကျင်အထိ ရှိတယ်လို့ ဆိုပါတယ်။ ၁၉၅၀ ခုနှစ်က စလို့ စတင်တည်ထောင်ထားတဲ့ ကျွန်းစုလေး ဖြစ်ပါတယ်။

အဓိက အသက်မွေးဝမ်းကျောင်လုပ်ငန်းကတော့ တံငှာ ဖြစ်ပြီး ကျွန်းပေါ်မှာ စားသောက်ဆိုင်၊ အဝတ်အထည်ဆိုင်၊ ကုန်စုံဆိုင်၊ စာသင်ကျောင်း၊ ငါး စက်ရုံ စုံစုံလင်လင် ရှိပါတယ်။ ရွာ တစ်ပတ် ပတ်ဖို့အတွက် ၅ မိနစ်မှ ၁၀ မိနစ်ပဲ ကြာတယ်လို့ ဆိုပါတယ်။ နော်ဝေနိုင်ငံရဲ့  ကမ္ဘာလှည့် ခရီးသွားများအား အဓိက ဆွဲဆောင်ရာနေရာ တစ်ခုအဖြစ် တည်ရှိနေတယ် လို့ သိရပါတယ်။
----
Ref: wiki
facebook (international news for myanmar) မှတစ်ဆင့်

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...