Wednesday, November 14, 2012

မျိုးသုဉ်း ပျောက်ကွယ် တော့မည့် လင်းနို့ မျိုးစိတ်


ဂွါအီဟာနာ နိုဝင်ဘာ ၇
ဟိုင်ဒါ ဂွါအီ ကမ်းလွန် ဒေသတွင် ပြင်းအား ရစ်ခ်ျတာ စကေး ၇ ဒသမ ၇ ရှိသော ငလျင်တစ်ခု လှုပ်ခတ် ခဲ့ပြီးနောက် မျိုးသုဉ်း ပျောက်ကွယ် တော့မည့် လင်းနို့မျိုးစိတ် တစ်မျိုးသည် သားပေါက်ရာ အရပ်ဒေသ ဆုံးရှုံး ရတော့မည့် အခြေ အနေနှင့် ရင်ဆိုင် ရလျက် ရှိသည့်အပြင် ကျွန်းပေါ်ရှိ ရေပူစမ်း များလည်း ပျောက်ဆုံး နိုင်ကြောင်း သိရသည်။

ဂွါအီ ဟာနာ အမျိုးသား ဥယျာဉ်ရှိ ဟော့စပရင်း ကျွန်းတွင် Keen's myotis လင်းနို့ အကောင် ၄ဝ ခန့် အိပ်တန်း တက်ကြ ပါသည်။
၎င်းလင်းနို့ များသည် နွေရာသီသို့ ရောက်တိုင်း သားဖောက်ရန် အတွက် ကျွန်းသို့ လာရောက် ပြီး ရေပူ စမ်းများတွင် လင်းနို့ အမများက အစုလိုက် အိပ်တန်းတက် ကြကြောင်း ဂွါအီဟာ နက်စ်ရှိ  ဂေဟဗေဒ ပညာရှင် တစ်ဦးဖြစ်သူ ကားရေး ဘားမန်က ပြောကြား ထားသည်။
ယခု အခါတွင် ဂွါအီဟာ နက်စ်၌ ရေပူစမ်းများ ပျောက်ကွယ် သွားပြီ ဖြစ်ခြင်းကြောင့် လင်းနို့ များ ထိုအရပ်သို့ ပြန် လာ၊ မလာမှာ မကျိန်းသေ တော့ကြောင်း သိရသည်။
အဆိုပါ လင်းနို့ များသည် ၎င်းတို့ အိပ်တန်း တက်ရန် နေရာကို အထူး ရွေးချယ် ကြပြီး ၎င်းတို့သည် ကျွန်း၏ အောက် ဘက်မှ စီးဆင်း လာသော ရေပူစမ်း အနီး ရရှိသည့် အပူချိန် ဝန်းကျင် တစ်ဝိုက်ရှိ အနွေးဓာတ်ကို ခိုလှုံကြခြင်း သာဖြစ်ကြောင်း ဘားမန်က ပြောကြား ထား သည်။
ပြင်းထန်သော ငလျင် လှုပ်ခတ်မှု၏ နောက်ဆက်တွဲ အကျိုးဆက် များသည် လင်းနို့များ ပေါ်သို့ လုံးလုံး လျားလျား သက်ရောက် မှုရှိ၊ မရှိ ကိုမူ လာမည့် နွေရာသီ တိုင်အောင်  သိရှိ နိုင်ဦး မည်မဟုတ်ဟု ဘားမန်က ပြောကြား ထား သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...