Nebraska ပြည်နယ် ၊ Monowi ဆိုတဲ့မြို့ ကလေးမှာ Elsie Eiler ဆိုတဲ့
အမျိုးသမီးကြီးတစ်ဦးသာအမှန်နေထိုင်တာပါ။

1908 ခုနှစ်က ပုံပါ...^^

လူတစ်ဦးတည်းရှိပေမယ့်အခုမြို့ အ၀င်လမ်းကကောင်းတယ်နော်...
အကျယ်အဝန်းအားဖြင့် ၀.၂၁ စတုရန်းမိုင်သာ အကျယ်သာ သတ်မှတ်ထားတဲ့ ရွာငယ်လေး ဖြစ်ပါတယ်။
၁၉၃၀ပြည့်နှစ်တွေမှာ လူဦးရေ၁၅၀ခန့် ရှိခဲ့ပေမယ့် နောက်ပိုင်းနှစ်များမှာ
တော့ ပြောင်းရွေ့ ခြင်း၊သေဆုံးခြင်းတွေ နဲ့ လူဦးရေဟာနည်းလာပါသည်။
အထူးသဖြင့် ၁၉၇၁ ခုတွင်မီးရထား လမ်းပိတ်သိမ်းချိန်မှစတင်ပြီး မြို့ လေး
ဟာတစ်ဖြည်းဖြည်းချောက်သွေ့ လာပါတော့တယ်။
၂၀၀၀ပြည့်နှစ် တွင် Rudy နဲ့ Elsie Eiler တို့ လင်မယား နှစ်ဦးသာနေထိုင်
ပါတော့တယ်။၂၀၀၁ ခုနှစ်အတွင်း(တစ်ချို့ ဆိုဒ်များတွင် ၂၀၀၄) တွင်
Rudy ဆုံးပါးသွားသဖြင့် Elsie Eilerအမျိုးသမီးတစ်ဦးသာကျန်ရှိပါတော့တယ်။

ဒီနေရာလေးကိုအစိုးရကဖျက်သိမ်းဖို့ စီစဉ်ခဲ့ပေမယ့် Eiler ကတော့
ကွယ်လွန်သူအမျိုးသား၏ စာကြည့်တိုက်လေးတည်ရှိနေသဖြင့်
ကန့်ကွက်ခဲ့ပါတယ်။စာကြည့်တိုက်လေးမှာ စာအုပ်ပေါင်း
၅၀၀၀ ကျော်ရှိနေပြီး ခေတ်အဆက် ဆက် စုဆောင်းလာတဲ့ အဖိုးတန်
စာအုပ်များ ဖြစ်ပါတယ်။
ခင်ပွန်းသည်၏စာကြည့်တိုက်
သူဟာဒီနေရာလေးအတွက်ကျသင့်တဲ့အခွန်အခများကို ကိုယ်တိုင်ဆောင်ခဲ့ပါတယ်။ဒါကြောင့် ဒီမြို့ လေးဟာအမျိုးသမီးတစ်ဦးတည်းရှိပေမယ့်
လျှပ်စစ်မီးကတော့လင်းထိန်နေပါတယ်။
သူအတွက် ၀င်ငွေကတော့ စားသောက်ဆိုင်လေးကိုဖွင့်ထားပါတယ်။
ဒီဆိုင်လေးဆီကိုမိုင် ၈၀ လောက်ဆီကလူတွေက အလည်အပတ်လာရောက်
ရင်းသုံးဆောင်ကြပါတယ်။

သူ၏စားတော်ဆက်လေး
မြို့ မှာတစ်ဦးတည်းနေထိုင်တော့ မြို့ အုပ်ချုပ်ရေးကိုလည်း
ကိုယ့်ဖာသာ ကိုယ့်ကို မဲပေး ၊ ကိုယ်တိုင်အုပ်ချုပ်ရပါတယ်။
အုပ်ချုပ်ရေးနိုင်နင်းမှာတော့သေချာတယ်နော်...........ဟီး
ဒါပေမယ့်ဒီမြို့ လေးဟာမချောက်သွေ့ တော့ပါဘူး။အခုအခါမှာ
အနယ်နယ်အရပ်ရပ်က ဧည့်သည်တွေလာရောက်လည်ပတ်လေ့
ရှိတာမို့ စည်ကားနေတက်ပါတယ်။
သူငယ်ချင်းတို့ လဲရေက်ရင်သွားလည်လိုက်ကြပါအုံး.......နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။