Monday, November 5, 2012

ဘော်စတွန်မြို့ရှိ အဏ္ဏဝါ ပြတိုက်၌ နှစ်ရောင်စပ် ကျောက်ပုစွန် တစ်ကောင် ပြသထားရှိ












ဝါရှင်တန် နိုဝင်ဘာ  
အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့ အတွင်းရှိ အဏ္ဏဝါ ပြတိုက် တစ်ခု သို့ ဒေသခံ တစ်ဦးက နှစ်ရောင်စပ် ကျောက်ပုစွန် တစ်ကောင်အား ပို့ဆောင် ခဲ့ကြောင်း သိရသည်။
အလေးချိန် တစ်ပေါင် (၄၅ဝ) ဂရမ်ရှိ ကျောက်ပုစွန် အမအား မကြာသေးမီ သီတင်းပတ်က  ဆလမ်မက်(စ်)စာချူး ဆက်(မ်)ကမ်းလွန် အတ္တလန္တိတ် ရေပြင် အတွင်းမှ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျောက်ပုစွန် အခွံ ဘယ်ဘက်ခြမ်းသည် အနက် ရောင်ရှိ၍ညာဘက်ခြမ်း သည်   လိမ္မော်ရောင် ရှိပြီး ထူးခြား ရှားပါးသော  အခွံမာရေနေ သတ္တဝါအမျိုး အစား ဖြစ်ကြောင်း၊ အဏ္ဏ ဝါပြတိုက်၏ ပြောရေး ဆိုခွင့်ရှိသူ တိုနီ လကာစီ က ပြောကြား ခဲ့သည်။
အဏ္ဏဝါဇီဝ ဗေဒပညာရှင်များက ၎င်းကျောက် ပုစွန်သည် ဥသန္ဓေ အောင်ခဲ့ချိန် အတွင်း ပြည့်စုံသော ထူးခြားသည့် ဆဲလ်ကွဲ ပွားမှုများကြောင့် အရောင် ပြောင်း လဲသွားခြင်း ဖြစ်သည် ဟု ယူဆ ထားပြီး ထိုကဲ့သို့ ရှားပါး၍ ထူးခြားသော အရောင်ရှိသည့် ကျောက်ပုစွန် သည် သာမန် ကျောက်ပုစွန် ကောင်ရေ သန်း ၅ဝ မှ သန်း ၁ဝဝ အတွင်း တစ်ကောင် တလေသာ   တွေ့ရှိ ရကြောင်း အဏ္ဏဝါပြတိုက် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ref:မြ၀တီ
 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...