ဆိုပြီးတင်ဆက်ထားပေးဖူးပါတယ်။ပြီးတော့ အခြား
ထူးခြားလှပသော တံတားများကိုတင်ပြပေးဖူးပါတယ်။အဲဒီထဲမှာပါတာတွေရော
မပါတာတွေကိုပါ ကမ္ဘာ့ အမြင့်ဆုံးတံတားကြီး(၁၀)စင်းကို အစဉ်လိုက်စုစည်းတင်ပြထားပါသည်....
1. Millau Viaduct Bridge

ဒီအမြင့်ဆုံးဆိုတဲ့တံတားကြီးကတော့ သူရဲ့ အမြင့်ကိုက 1,125 ပေ(သို့) 343.0 meters ရှိပါတယ်။
ပြင်သစ်နိုင်ငံမှာပါ။ဒီအကြောင်းကိုသီးခြားပိုစ့်တင်ပေးထားဖူးပါတယ်။
2. Sutong Yantze River Bridge

တရုတ်နိုင်ငံမှာတည်ရှိတဲ့ ဒီတံတားကြီး ဟာအရှည် 8,206 meters ရှိပြီးJune 30th 2008 တွင်
ဖွင့်လှစ်ခဲ့ပါတယ်။
3. Akashi-Kaikyo Bridge

Akashi-Kaikyo တံတားကတော့ 298.3 meter မြင့်ပြီး 6,532 ပေရှည်ပါတယ်။
4. Stonecutters Bridge

ဒီတံတားကတော့ ဟောင်ကောင်နိုင်ငံမှာပါ။ ကျွန်းဆွယ်နှစ်ခုကို ဖြတ်ကူးတည်
ဆောက်ထားတဲ့ ဒီတံတား၏အမြင့်ကတော့ 298 meter ပါ။
5. The Great Belt Fixed Link

ဒိန်းမတ်နိုင်ငံမှာ တည်ရှိပြီး 254 meter မြင့်ပါတယ်။
6. Golden Gate Bridge

ဒီလိုလှပ ခံညားတဲ့တံတားကြီးကတော့ ဆန်ဖရန်စစ်စကိုမှာပါ။227.4 meter မြင့်ပါတယ်။
၁၉၇၃ ခုနှစ်တတည်းက တည်ဆောက်ထားခဲ့တာပါ။
7. Tatara Bridge

ဂျပန်နိုင်ငံ က ရှိကိုးကု နှင့်ဟွန်းရှု့ ကျွန်းကိုဆက်သွယ်ထားပြီး 890 meters ရှည်ပါတယ်။
8. The Pont de Normandie

ကမ္ဘာကျော် နော်မန်ဒီ ကတံတားပါ။ 215 meters မြင့်ပြီး 7,032 ပေရှည်ပါတယ်။
9. The Runyang Bridge

တရုတ်နိုင်ငံမှာ တည်ရှိပြီး 705 ပေ(သို့) 215 meter မြင့်ပါတယ်။ အရှည်ကတော့
1.490 meter (သို့) 4,888 ပေ ရှိပါတယ်။
10. The Verrazano-Narrows Bridge

မီးရောင်စုံများနှင့်လှပ လှတဲ့ဒီတံတားကြီးက နယူးယောက်မှာတည်ရှိပြီး 211.3 meter မြင့်ပါတယ်။
ဒီလောက်ဆိုရင် ရှည်လျားမြင့်မားလှပသော တံတားတွေစုံသလောက်ရှိပါပြီ။
နောက်များမှာ ရှာဖွေတွေ့ရှိခဲ့ရင်ဆက်လက်တင်ဆက် ပေးပါအုံးမည်။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ....................................နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။