Wednesday, February 1, 2017

မြေအောက်မြို့တော် Coober Pedy

Coober Pedy မြို့ကို မြေအောက်မြို့အဖြစ်ခေါ်ကြပါတယ်။
ဒီမြို့လေးသည်  သြစတေးလျနိုင်ငံတောင်ပိုင်း တွင်တည်ရှိပါသည်။
2011 ခုနှစ်စာရင်းအရ 1,695 ဦး ( 953 ကျား, 742 မ )ရှိပါတယ်။
ဒါ့အပြင် ဒီမြို့လေးကို ကမ္ဘာ့မဟူရာကျောက်မြို့ တော်(opal capital
of the world) ဟုလည်းခေါ်ကြပါတယ်။ 

ဘာဖြစ်လို့လဲဆိုလျှင်ဒီမြို့မှအရေအသွေးကောင်းတဲ့ မဟူရာကျောက်
ထွက်ရှိရာ မိုင်းတွင်းမို့ပါ။အများအပြားလည်း ထွက်ရှိပါတယ်။
၁၉၁၅ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မဟူရာကျောက်တွေကို
စတင်တွေ့ရှိခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံးမဟူရာမိုင်းတွင်းဒေသပါ... 


ဒီမြို့လေးကို ကမ္ဘာလှည့်ခရီးသွားများလဲ အမြဲလာရောက်လည်ပတ်တက်ပါတယ်

မြေအောက်ရှိ ရတနာအရောင်းဆိုင်ပါ
မိုင်းတွင်းနယ်မြေမှ သတိပေးချက်ဖြစ်ပါတယ်...

မြေအောက်မြို့တော်ဆိုပေမယ့် ပြင်ပကမ္ဘာမှာလိုပါပဲ။ဘုရားကျောင်း၊အိပ်ခန်း၊
စားသောက်ဆိုင်နှင့် စိတ်အပန်းဖြေစရာနေရာလေးများကိုပါ မြေအောက်မှာ
တပါတည်း တည်ဆောက်ထားပါတယ်။

သပ်ရပ်တဲ့ ဘုရားကျောင်းလေးပါ...

အိမ်ခန်းလေးတွေအစီအရီ...







ဒါကတော့ဒီမြို့လေးရဲ့တည်နေရာပါ...
Dec 9, 2012 မှပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြထားပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ..........   နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...