Friday, March 1, 2013

လက်နက်ကိုင်ဆောင် လာသူများကို ဗာဂျီးနီးယားပြည်နယ် ပီဇာဆိုင်မှဈေးလျှော့ပေး


အမေရိကန်နိုင်ငံ ဗာဂျီးနီးယားကမ်းခြေရှိ ပီဇာအရောင်းဆိုင် တစ်ဆိုင်သည် ၎င်းဆိုင်သို့ လာရောက်စားသုံး သူများအနေနှင့် လက်နက်များ ကိုင်ဆောင်လာပါက ပီဇာရောင်းဈေး၏ ၁၅ရာခိုင်နှုန်းကို ဈေးလျှော့ ရောင်းချပေးလျက်ရှိသည်။
ပီဇာဆိုင်ပိုင်ရှင်ဖြစ်သူ ဂျေကာဇီဆိုသူသည် အမေရိကန်နိုင်ငံတွင် လက်နက်ကိုင်ဆောင်ခွင့် လျှော့ချရေးဥပဒေကို ဆန့်ကျင်သည့်အနေဖြင့် လက်နက်ကိုင်ဆောင်ပြီး ၎င်းဆိုင်သို့ ပီဇာလာရောက် စားသုံးသူများကို ဖေဖော်ဝါရီလ ၁၅ရက်နေ့မှစတင်၍ ဈေးလျှော့ရောင်းချ ပေးခြင်းဖြစ်သည်။အစောပိုင်းတွင် အချိန်ပိုင်း ဈေးလျှော့ပေးရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် မည့်သည့်အချိန်တွင်မဆို လက်နက်ကိုင်ဆောင်၍ လာရောက်စားသုံးများကို ပီဇာတန်ဖိုး ၁၅ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းအထိ ဈေးလျှော့ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...