Wednesday, May 25, 2016

ကမ္ဘာ့အကြီးဆုံးရေကန်ကြီးများ

ကမ္ဘာ့အကြီးဆုံးရေကန်ကြီးများ ဆိုတာမူရင်းအတိုင်း တင်စားလိုက်တာပါ။
တကယ်တော့ ဒီရေကန် ကြီးတွေက အင်း ၊ အိုင်အကြီးစားတွေပါ။
တစ်ချို့ဆိုရင် ကြီးလွန်းလို့ပင်လယ်လို့တောင်ခေါ်ကြပါတယ်။ကုန်းတွင်းပိတ်
နေရာတွေမှာ သဘာဝအလျှောက်တည်ရှိနေကြတဲ့ ဒေသတွေပါ။
ကျွန်တော့်ထုံးစံအတိုင်း အမှတ်စဉ် (၁) မှ (၁၀)အထိတင်ပေးလိုက်ပါတယ်။
1. Caspian Sea
1caspian sea 1
ကက်စပီယံ ပင်လယ်လို့အမည်တွင်ပါတယ်။ ဒီနေရာက ကုန်းတွင်းဒေသ
ထဲမှာတည်ရှိပြီး ကျယ်ဝန်းခြင်းနှင့် သူ၏တည်ရှိမှု လက္ခဏာတွေ အရ
ပင်လယ်လို့ခေါ်ကြတာပါ။ ပင်လယ်ရေလိုပဲ ဆားဓာတ်ပါဝင်မှု ရှိပါတယ်။
အကျယ်အ၀န်းကတော့ 371,000 km2 (သို့) 143,000 စတုရန်းမိုင် ရှိပါတယ်။
Kazakhstan, Turkmenistan, Iran, Azerbaijan နှင့် Russia နိုင်ငံတို့နှင့်
ဆက်စပ်တည်ရှိနေပါတယ်။
1 471px Caspian Sea from orbit

2. Michigan-Huron 
2lake michigan 

ဒီရေအိုင်ကြီးကတော့ ကနေဒါ နှင့် အမေရိကန်မှာ တည်ရှိတာပါ။
အိုင်ကြီးက တစ်ခုတည်းမဟုတ်ပဲ Michigan နှင့် Huron နှစ်နေရာ
ဆက်စပ်နေတာပါ။ သူတို့နှစ်ခုကို ကျဉ်းမြောင်းတဲ့ရေလက်ကြား နှင့်ဆက်သွယ်
နေပါတယ်။ အဲဒီရေလက်ကြားနေရာဟာ ရေတက်ချိန်ဆိုရင် ရေပြင်ကျယ်ကြီး
အဖြစ်နဲ့ဆက်စပ်ပေးပါတယ်။ တစ်ခုစီဆိုရင် ဒီစာရင်းမှာ နံပါတ်နှစ်မဟုတ်ပဲ
နံပါတ် ၃ နှင့် လေးလောက်တော့ ရှိမှာပါ။ အကျယ်အ၀န်းအားဖြင့် 117,702 km2 (သို့)
 45,445 စတုရန်းမိုင်ရှိပါတယ်။


lake superior

3. Superior 
3lake superior

ဒါလည်း ကနေဒါနှင့်အမေရိကန် မှာတည်ရှိပြီး အပေါ်က  Michigan-Huron ရဲ့
အနီးမှာတည်ရှိတာပါ။ Michigan-Huron အိုင်နှစ်ခုကိုသာ တစ်ခုစီ ခွဲပြီး မှတ်တမ်း
တင်ခဲ့ရင် ဒီရေအိုင်ကြီးက ကမ္ဘာ့အကြီးဆုံး ရေချိုရေကန် ( the world’s biggest freshwater
 lake ) လို့မှတ်တမ်းပြုရမှာပါ။ နံပါတ် ၁ က ရေငန်ဖြစ်နေတယ်လေ။
အကျယ်အ၀န်းအားဖြင့်ကတော့ 82,414 km square (သို့) 31,820စတုရန်းမိုင်
ရှိပါတယ်။

3 250px Lake Superior NASA

4. Victoria
4lake victoria 

ယူဂန်ဒါ ၊ ကင်ညာ နှင့် တန်ဇန်းနီးယား နိုင်ငံတို့နှင့် ဆက်စပ်နေပါတယ်။
69,485 km square (သို့) 26,828 စတုရန်းမိုင် ကျယ်ပါတယ်။
4 1024px Topography of Lake Victoria

5. Tanganyika
5lake tanganyika

Burundi, Tanzania, Congo နှင့် Zambia နိုင်ငံတို့နှင့် ဆက်စပ်နေပါတယ်။
32,893 km2 (သို့) 12,700စတုရန်းမိုင်ကျယ်ဝန်းပါတယ်။ ဒီအိုင်ကြီးရဲ့ထူးခြားချက်
ကတော့ ကမ္ဘာ့ရေအနက်ဆုံး ရေကန်တွေထဲမှာ ဒုတိယလို့ စာရင်းဝင်ပါတယ်။
5 240px Lake Tanganyika map

6. Baikal
6lake baikal

ရုရှားနိုင်ငံ မှာတည်ရှိပြီး 31,500 km square ကျယ်ဝန်းပါတယ်။
ကမ္ဘာ့ရေအနက်ဆုံး ကန်ကြီးဖြစ်ပြီး ကမ္ဘာပေါ်မှ ရေကန်ရေအိုင်တွေထဲမှာ
ရေချို ပမာဏ အများဆုံးတည်ရှိရာ နေရာပါ။
6 800px Karte baikal2

7. Great Bear Lake
7great bear lake

ကနေဒါတွင် တည်ရှိပြီး 31,080 km2 (သို့) 12,000စတုရန်းမိုင်ကျယ်ပါတယ်။
ဒီရေကန်ကြီးဟာ ပင်လယ်ရေမျက်နှာပြင်အထက် 186 m မှာတည်ရှိပါတယ်။
7 Great Bear Lake
နှင်းအရမ်းကျသည့်ဆောင်းလတွေမှာဆိုလျှင် ဒီရေကန်ကြီးကို ရေခဲပြင်ကြီး
အဖြစ်တွေ့မြင်ရမှာပါ။

8. Malawi Lake 
8lake malawi

အလည်သွားချင်စရာနေရာလေးးပါ။ မာလာဝီ မှာတည်ရှိပြီး
30.044 km square (သို့) 11,600 စတုရန်းမိုင် ကျယ်ပါတယ်။ အာဖရိကတိုက်၏
ဒုတိယ ရေအနက်ဆုံး ရေကန်ကြီးပါ။
8 Lake Malawi seen from orbit

9. Great Slave Lake
9great slave lake

ကနေဒါမှာ တည်ရှိပြီး မြောက်အမေရိက တိုက်၏ ရေအနက်ဆုံးရေကန်ကြီးပါ။
9 Canada A2002160 1920 721 250m
28,930 km2 (သို့) 11,170 စတုရန်းမိုင်ကျယ်ပါတယ်။

10. Erie Lake
10 800px Lake Erie Islands

ကနေဒါ နှင့် အမေရိကန်မှာ တည်ရှိပြီး  25,719 km2 (သို့) 9,930စတုရန်းမိုင်
ကျယ်ပါတယ်။ ဒီစာစု ၏ နံပါတ် ၂ နှင့် ၃ အနီးအနားမှာပဲ တည်ရှိတာပါ။
10 786px Lake Erie svg
Michigan lake Huron lake နှင့် Superior lake တို့၏ အနားမှာပါ။

သူငယ်ချင်းတို့ ဒီလောက်ဆိုရင် ကျေနပ်လောက်ပါပြီနော်။ အသေးစိတ်အချက်အလက်
များကိုတော့တင်ရမှာတွေများလို့ မတင်ပေးနိုင်တာခွင့်လွှတ်ပေးပါခင်ဗျာ...
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ............နေခရမ်း

c box မှာ( လွမ်းဦးမောင်: အကိုရေ ဘယ်နေရာကလဲ ဆိုတဲ့ကုဒ်လေးတွေလိုချင်ပါတယ်အရမ်းမိုက်လို့ပါဗျာ)
ဆိုပြီးမေးထားပါတယ်။ ကျွန်တော်ဆိုဒ်မှာ အခြား ညီအကိုများဆိုဒ်မှ ပြန်လည်တင်ပြ
ချက်များကို ဆိုဒ်အမည်ကိုပြန်ညွှန်းပေးပါတယ်။ လင့်ဖြင့်မပေါ်ပေမယ့် google search ဖြင့်
ရှာလျှင်တွေ့မှာပါ။ ကျွန်တော် ကိုယ်တိုင်ရေးတင်တာတွေကတော့ နိုင်ငံခြားဆိုဒ်ပေါင်းစုံ နှင့်
အင်တာနက်မှာ တွေ့သမျှကို စုစည်းပြီးပြန်ရေးတာဖြစ်သဖြင့် link ညွှန်းရန်မလွယ်ပါ။
အများအားဖြင့်တော့ wiki ကယူသုံးရတာများပါတယ်။ ဒါကြောင့် အဆင်မပြေမှုများ
ရှိလျှင်ခွင့်လွှတ်ပေးကြပါ။  သူငယ်ချင်းများ၏ အခြားသော
အကြံပြုချက်ဆွေးနွေးချက်များကိုလည်း လေးစားစွာ ကြိုဆိုပါတယ်.........နေခရမ်း
3/18/2013 မှပိုစ့်အားပြန်လည်ပြင်ဆင်တင်ပြပါသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...