Wednesday, March 8, 2017

ကမ္ဘာကျော် လေဘာတီ ရုပ်ထုကြီး

အမေရိကန်နိုင်ငံ ၏ အမှတ်လက္ခဏာဖြစ်သော လေဘာတီရုပ်ထုကြီးသည်
ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့်ရုပ်ထုများစာရင်းတွင်နံပါတ် ၄၄ မှာတည်ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုရှိ နယူးယောက် ဆိပ်ကမ်းသို့ ၀င်လိုက်သည်နှင့် ကမ္ဘာကျော် လေဘာတီ ရုပ်တုကြီးကို တွေ့မြင်ရမည်ဖြစ်သည်။ Liberty Island ကျွန်းပေါ်တွင် တည်ဆောက်ထား ခြင်းဖြစ်ပါသည်။

ရုပ်ထုအမြင့်မှာ 46 m (151  ပေ ၁ လက်မ ) ရှိပါတယ်။ ဒီအမြင့်မှာ ရုပ်ထု၏ သီးခြားအမြင့်ပါ။ အောက်ခြေ ပန်းပုရုပ် အောက်ခံခုံ မြေပြင်အခြေမှ ဆိုလျှင် 93 m (305 ပေ ၁ လက်မ ) အထိ ရှိပါတယ်။(ထို အချက်အလက်များကို WIKI မှရယူပါသည်)

ထိုရုပ်တုကြီးကို ၁၈၈၆ ခုနှစ်တွင် အမေရိကန် တော်လှန်ရေး အောင်မြင်သည့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြင်သစ်နိုင်ငံက လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
၁၈၈၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်က ဤ ရုပ်တုအား ထိုစဉ်က အမေရိကန်သမ္မတ ဂရိုဗာကလိဗ် လန်း၏ရှေ့၌ ဖွင့်လှစ်ခဲ့ပါသည်။


ဤလွတ်လပ်ရေးအထိမ်းအမှတ် ရုပ်တုကို ပြင်သစ်ပန်းပုဆရာ ဖရက်ဒရစ် ဩဂတ်စ်ဘာသိုလ်ဒီက ဒီဇိုင်းဖန်တီးခဲ့ပြီး ပြင်သစ်နိုင်ငံသားများ၏ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် အမေရိကန်နိုင်ငံအား လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ထိုရုပ်တုကြီးအား တည်ဆောက်ပေးခဲ့သူကတော့ Gustave Eiffel ဖြစ်ပါသည်။

လေဘာတီရုပ်ထုကြီး၏ ဦးခေါင်းသရဖူမှာ တိုက်ကြီးခုနှစ်တိုက်ကို ကိုယ်စားပြုသော အချောင်း ၇ ချောင်းဖြင့် ပုံဖော်ထားပြီး အရှည်အားဖြင့် ၉ ပေ ရှိကာ ပေါင် ၁၅၀ လေးပါသည်။ပြတင်းပေါက်ကဲ့သို့ အပေါက် ၂၅ ပေါက် ပါရှိပါသည်။

လက်တစ်ဖက်က မီးတုတ်ကို မြှောက်ကာကိုင်ထားပြီး အခြားလက်တစ်ဖက်က စာရေးထွင်းထားသော အပြားတစ်ချပ် ကိုင်ထားပါသည်။ ရေးထားသော စာမှာ JULY IV MDCCLXXVI ဖြစ်ပါသည်။ ထိုသည်မှာ အမေရီကန်ပြည်ထောင်စု၏ အတိအလင်း လွတ်လပ်ရေးကြေငြာနိုင်သည့် နေ့စွဲ (July 4, 1776) ဖြစ်ပါသည်။

ထို့ပြင် ခြေထောက်ပိုင်းတွင်းလည်း ကြိုးပျက်နေသော သံကြိုးကွင်းများကို တွေပရမည် ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ဖိနှိပ်ညှင်းပန်း နှိပ်စက်မှုတွေကို ချိုးဖျက်နိုင်ခဲ့ပြီဟု ဖြစ်ပါသည်။

ထိုလေဘာတီရုပ်တုကြီးကို အစိတ်အပိုင်းအားဖြင့် ၃၅၀ ခန့် ပိုင်းခြားသယ်ယူလာပြီးမှ တပ်ဆင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ စုစုပေါင်း အလေးချိန်အားဖြင့် ၂၂၅ တန် လေးပါသည်။

ဤရုပ်တုသည် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် အထူးသဖြင့် အခြားနိုင်ငံများမှ အခြေစိုက်ရန် ၀င်လာသူများအတွက် လွတ်လပ်ခြင်း နှင့် တရားမျှတခြင်း အထိမ်းအမှတ် ဖြစ်လာခဲ့သည်။

၁၉၈၀-ပြည့်နှစ်များတွင် ရုပ်တုကြီးအတွင်းရှိ ရိုးရိုးသံချောင်းများကို သံမဏိစတီးချောင်းများဖြင့် အစားထိုးပြုပြင်ပြီး ပိုမိုခိုင်ခန့် တည်တံ့စေရန် ထိန်းသိမ်းထားသည်။

ကိုင်ထားသည့် မီးတိုင်မှာလည်း မူလမီးတိုင် မဟုတ်တော့ဘဲ ၁၉၈၆ ခုနှစ်တွင် ကြေးဖြင့်ပြုလုပ်ပြီး ၂၄ ကာရက်ရှိသော ရွှေသုတ်ထားသော မီးတိုင်ဖြင့်
အစားထိုးခဲ့ခြင်း ဖြစ်ပါသည်။ ခေတ်အဆက်ဆက် ပြန်လည်ပြုပြင် ထိမ်းသိမ်းမှုများကို ပြုလုပ်ခဲ့ပါသည်။

ထိုလေဘာတီရုပ်တုကြီးကို အမေရိကန်နိုင်ငံ၏ အမျိုးသားအမွေအနှစ်အဖြစ် ၁၉၂၄ ခုနှစ်တွင် သတ်မှတ်ထားခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
လေဘာတီရုပ်တုကြီး၏ အတိုင်းအထွာ စာရင်း
 
လေဘာတီရုပ်တုကြီး တည်နေရာပြမြေပုံ
 
Mar 6, 2013 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...