
လန်ဒန် ဧပြီ ၂၉
လွန်ခဲ့သော
နှစ်ပေါင်း ၁၂ဝဝ ခန့်က မြေထဲပင်လယ် ကြမ်းပြင်သို့ နစ်မြုပ်သွားခဲ့သည့်
Heracleion မြို့ကို သိပ္ပံပညာ ရှင်များက 3 D နည်းပညာ၏ အကူအညီဖြင့်
ပြန်လည်ပုံဖော် နိုင်ခဲ့သည်ဟု အင်တာနက် သတင်း တစ်ပုဒ် အရ သိရသည်။
Heracleion
မြို့သည် ကလီယိုပါထရာ မင်းသမီး ဘိသိက်ခံယူခဲ့သည့် ဘုရားကျောင်း တည်ရှိရာ
မြို့တစ်မြို့ ဖြစ်ပြီး ပင်လယ်ကြမ်းပြင်သို့ မနစ်မြုပ်မီက မြေထဲပင်လယ်
ဒေသတွင် အဓိက အချက်အချာ ကျသော ကုန်သွယ်ရေး မြို့ တစ်မြို့ ဖြစ်ခဲ့သည်။
ယင်းမြို့ကို တူးဖော်ရေး ပညာရှင်များက ဆယ်စုနှစ် တစ်ခုကျော်ကြာ ပြုလုပ်ပြီး
နောက်၂ဝဝ၁ ခုနှစ်တွင် ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
တူးဖော်သူများသည်
သဲများ၊ ရွှံ့လွှာများကို ဖယ်ရှားပြီး နောက်တွင် Heracleion မြို့၏
ပန်းချီကား တစ်ချပ်နှင့် ထူးခြားသော ပစ္စည်း များစွာကို တွေ့ရှိ ခဲ့ကြသည်။
ထို့အပြင် တူးဖော်သူများသည် အီဂျစ် ကမ်းရိုးတန်း အလွန် လေးမိုင်အကွာရှိ
ပင်လယ်ကြမ်းပြင် အောက်၌ နစ်မြုပ်နေသော သင်္ဘော ၆၄ စင်း ကျော်၏ အပိုင်းအစ
များကို တွေ့ရှိခဲ့ကြပြီး ယင်းကဲ့သို့ တွေ့ရှိမှုသည် နေရာ တစ်နေရာတည်း၌
ရှေးဟောင်း သင်္ဘော များစွာကို ပထမဆုံး အကြိမ် အဖြစ် စုပုံ တွေ့ရှိရခြင်းပင်
ဖြစ်သည်။
သုတေသီများသည်
ယခု အချိန်တွင် အဆိုပါမြို့၏ ပုံစံကို 3D နည်းပညာသုံး၍ ပြန်လည်
ပုံဖော်ပြီး ၎င်းမြို့ကြီး ပင်လယ်ကြမ်းပြင်အောက် နစ်မြုပ်သွားရသည့်
အကြောင်းရင်း အတိအကျကို ဖော်ထုတ်နိုင်ရန် သုတေသန ပြုမှု များကို
လုပ်ဆောင်လျက် ရှိသည်ဟု သိရသည်။
ref:မြ၀တီ

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။