Tuesday, October 25, 2016

ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၁၀ )

“ရောမ အင်ပါယာကို ရောင်းစားခြင်း”
******************************
ဒီတစ်ပတ် သူငယ်ချင်းတို့ ကိုတင်ပြချင်တာက
ကမ္ဘာ့ သမိုင်းမှာတိုင်းပြည်ကို အမှန်တကယ်ရောင်းစားခဲ့တဲ့
အကြောင်းပါ။တကယ်ကို တိုင်းပြည်ကြီး အင်ပါယာကြီးတစ်ခု
လုံးကို ငွေကြေးနဲ့တန်ဖိုးဖြတ် ရောင်းခဲ့တဲ့အဖြစ်ပါ။
အေဒီ ၁၉၃ ခု ရောမနိုင်ငံတော်ကြီးမှာ ပါတီနက် ( Pertinax )
သေဆုံးပြီးနောက် တန်ခိုးသြဇာကြီးလှသော ပရေတိုရီးယန်းဂဒ်
က ရောမကမ္ဘာကြီးကို လေလံတင်ရောင်း ချဖို့ အဆိုပြုတင်ပြခဲ့
ပါတယ်။ဒါကြောင့်လည်း အလွန်ကိုချမ်းသာလှတဲ့ ရောမကုန်သည်
ကြီး ဒီဒီးယပ်စ် ဆဲလ်ဗီးယပ်စ်ဂျူလီယားနပ်စ်မားကကပ်စ် က
အခြားသူတွေထက် ဈေးပိုပေးပြီးဝယ်လိုက်ပါတယ်။
တန်ကြေးက ဒေါ်လာငါးသန်းဖိုးနဲ့ ညီမျှတဲ့ရွှေတွေ ပေးပြီး ဝယ်ခဲ့တာ
ပါ။အေဒီ ၁၉၃ ခု မတ်လ ၂၈ ရက်နေ့ မှာပါ။
ရောမဆီးနိတ်လွှတ်တော်ကလည်း ဒီဒီးယပ်စ် ရဲ့သြဇာကိုနာခံပါ့မည်ဟု
ဂတိသစ္စာပြုခဲ့ကြပါတယ်။
ဘာပဲပြောပြော ဒီဒီးယပ်စ် တစ်ယောက်ကတော့ ရေမအင်ပါယာ၏
အယောက်နှစ်ဆယ်မြောက် ဘုရင် ဖြစ်သွားခဲ့ပါသည်။
ဒါပေမယ့် သူ့ရဲ့နန်းသက်ကတော့ သိပ်မရှည်ခဲ့ပါဘူး။

ဗိုလ်ချုပ် ဆီဗီးရပ်စ်
ဒီသတင်းကို ဗြိတိန်နိုင်ငံမှာ ရောက်ရှိစခန်းချနေတဲ့ ရောမစစ်တပ်မှ
စစ်သားများဟာ အလွန်ကိုမခံမရပ်နိုင်အောင်ဖြစ်ရပါတယ်။
ရှက်ဖွယ်ကောင်းတဲ့ နိုင်ငံတော်ရောင်းစားမှုကို ကြားသိရပြီး
ဒေါသထွက်ကာ ရောမစစ်ဗိုလ်ချုပ် ဆက်ပ်တီးမတ်စ် ဆီးဗီးရပ်စ်သည်
ရောမကိုပြန်လာကာ နိုင်ငံကိုသိမ်းပိုက်လိုက်ပါတယ်။
ဒီဒီးယပ်စ် ကို ဖမ်းဆီးထောင်ချကာ ၁၉၃ ခု ဇွန်လ ၂ ရက်နေ့မှာ သတ်ပစ်
လိုက်ပါတယ်။အဲဒီအချိန်မှ စကာ နိုင်ငံကို ဗိုလ်ချုပ် ဆီဗီးရပ်စ် မှအုပ်ချုပ်
ခဲ့ပါတယ်။ သူကတော့ နှစ်ဆယ့်တစ်ယောက်မြောက် အင်ပါယာ
အရှင်ဖြစ်သွားပါသည်။
ဒီဒီးယပ်စ်၏ နန်းသက်ကတော့ နှစ်လကို ရက်ပိုင်းလေးပဲ စွန်းပါသည်။
သြော် ရောင်းစားစရာ ရှားလို့တိုင်းပြည်ကိုရောင်းစားရသလား။
ဝယ်တဲ့လူကလည်း မ၀ယ်သင့်တာ ၀ယ်မိတော့ အသတ်ခံရတယ်နော်။
ဒီအကြောင်းလေးကို တိုင်းပြည်ရဲ့သယံဇာတတွေကို မစဉ်းစား မချင့်ချိန်ပဲ
ရောင်းစားတတ်တဲ့ လူတွေကို ဖတ်မိရင် ဒုက္ခ ဗျ။
ထူးတော့လည်း မထူးပါဘူးနော်။
သြော် ရောမမှာပြောပါတယ်နော်…ဟဲ
May 31, 2013 မှ ပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ……………   နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...