Monday, May 6, 2013

ကွေးညွတ်နိုင်သော ဖန်သားပြင်ဖြင့် ပြုလုပ်ထားသည့် ကမ္ဘာ့ ပထမဆုံး OLED TV စတင်ရောင်းချ


ဆိုးလ် မေ ၎
တောင်ကိုရီးယား နိုင်ငံ၏ လျှပ်စစ်ပစ္စည်း ထုတ်လုပ်သော ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် LG ကုမ္ပဏီသည် ကမ္ဘာ့ ပထမဆုံး ကွေးညွတ်နိုင်သော ဖန်သားပြင်ဖြင့် ပြုလုပ်ထားသည့် Organic Light-emitting diode (OLED)TV အမျိုးအစားသစ် တစ်မျိုးကို စတင် ရောင်းချခဲ့ကြောင်း ၎င်းကုမ္ပဏီမှ တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

အဆိုပါ OLED TV အမျိုးအစားသည် ၅၅ လက်မ အရွယ်အစား ရှိပြီး ၎င်း TV အားဝယ်ယူရန်  လက်လီ ရောင်းဝယ်ရေး ကုမ္ပဏီ ၁၄၀၀ ကျော်မှ ကြိုတင် အမှာစာများ လက်ခံ ရရှိထား ကြောင်း၊ ၎င်း TV များကို လာမည့်လတွင် စတင် ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း အွန်လိုင်း အစီရင်ခံ စာများအရ သိရသည်။
OLED TV အမျိုးအစား သစ်၏ တန်ဖိုးမှာ ၀မ် ၁၅ သန်း (အမေရိကန် ဒေါ်လာ ၁၃၅၀၀ ၀န်းကျင်) ရှိပြီး ၂၀၁၆ ခုနှစ်တွင် TV အလုံးရေ ခုနစ်သန်းထိ တိုးမြှင့်ထုတ်လုပ် ရောင်းချ ရန် မျှော်မှန်းထားကြောင်း LG ကုမ္ပဏီက ပြောကြားထားသည်။
ref:မြ၀တီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...