Tuesday, June 11, 2013

နေ့တိုင်း အရေခွံလဲတဲ့ ဗြိတိသျှ ကလေးမလေး


အသက် ၅ နှစ် အရွယ် မိန်းကလေး အင်နာဘယ်လီသည် မွေးကတည်းက နီနေပြီး ခြောက်သွေ့ကာ အကြေးခွံများ ထနေတဲ့ အရေပြားဖြင့် မွေးဖွား လာခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ယခု နေ့စဉ် အရေခွံများ ကွာကျပြီး အသစ် လဲလျက် ရှိတယ်လို့ ဆိုပါတယ်။
မြွေတွေ အရေခွံလဲသလို ပုံစံမျိုးဖြစ် နေတယ်လို့ သိရပါတယ်။ သူမ ခံစားနေရတဲ့ရောဂါကို Ichthyosis လို့ ခေါ်ပါတယ်။ ဂရိစကားလုံးဖြစ်ပြီး ငါးလို့ အဓိပ္ပာယ်ရပါတယ်။
ထို ရောဂါ စာအကြေးခွံတွေထစေသော ဗီဇနှင့် သက်ဆိုင် တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။
သူမရဲ့ အရေပြားများသည် ထူပြီး မာလာကာ အကြေးခွံ များကဲ့သို့ ဖြစ်လာပါ တယ်။
သူမရဲ့ မိဘများက သူမအား ညတိုင်း ခရင်မ်တွေထူထူကြီး လိမ်းပေးရပြီး အထူးပတ်တီးများ စည်းပေးထားရပါတယ်။ သူမရဲ့ လက်နဲ့ မျက်နှာကိုတော့ နာရီဝက်တစ်ခါ လိမ်းဆေးတစ်ထပ် လိမ်းပေးနေရပါတယ်။ သူမကို တွေ့ တဲ့သူ တိုင်းက ဘာဖြစ်တာလဲ၊ ဘာကြောင့်လဲလို့ ခဏခဏ အမေးကြပါတယ်။
သူမရဲ့ အမေက “တက္ကစီ ဒရိုင်ဘာ တစ် ယောက် က ကျွန်မကို မေးဖူးတယ်။ ကလေးကို မိုက်ကရိုဝေ့ဗ် (Microwave Oven) ထဲ ထည့်ထားလိုက်လို့ လားလို့ အမေးခံရဖူးတယ်” ဟုပြောပါတယ်။
ထိုရောဂါသည် အမေရိကန် ပြည်ထောင်စုတွင် လူ ၃ သိန်းလျှင် တစ်ဦးခန့် ဖြစ်ပွား လေ့ရှိကြောင်း သိရှိရပါတယ်။ကျန်းမာရေးနှင့်ဆေးပညာ ဂျာနယ်မှ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...