
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အ စွန်အဖျားကျေးရွာရှိ ရွာသူရွာ သားတို့သည် အဆိပ်ရှိသော မြွေ တို့၏ စောင်မခြင်းကို ခံယူရန် တန်းစီလျက်ရှိကြောင်း သိရ သည်။
ထိုသို့ ခံယူလိုက်ခြင်းဖြင့် ကံကောင်းစေသည်ဟု ယူဆသော ကြောင့်ဖြစ်သည်။ မြွေအလမ္ပာယ် ဆရာတို့က လက်ခုပ်တီးခြင်း၊ ဗုံ များတီးခြင်းဖြင့် ပခြုပ်အတွင်းမှ မြွေများ ထွက်လာစေရန် ဆွဲဆောင် မှုပြုကြသည်။
ယင်းသည် အနောက်ဘင်္ဂ လားပြည်နယ် ပါဘာဘီရှနုပါရွာ တွင် နှစ်စဉ်ကျင်းပသော မြွေပွဲ တော် အခင်းအကျင်းလည်းဖြစ် သည်။ မြွေများကို ပခြုပ်များအ တွင်းမှ ထွက်လာအောင် ပြုလုပ် ခြင်းသည် အတတ်ပညာတစ်ခုဖြစ်ကြောင်း အသက် ၄၆ နှစ်အရွယ်ရှိ မြွေ အလမ္ပာယ်ဆရာ ဟိုင်ဒါမားက ပြောကြားခဲ့သည်။
မြွေများသည် ဟိန္ဒူမြွေနတ် သမီး မာနာဆာဖန်ဆင်းထား သည့် သတ္တဝါများအဖြစ် ဒေသခံ တို့က ယုံစားခဲ့ကြသည်။ နှစ်စဉ်နှစ် တိုင်းလိုပင် ကိုလ်ကတ္တားမြို့မှ ၅၂ မိုင်ဝေးကွာသော ပါဘာအီရှနုပါ ကျေးရွာသို့ အနီးဝန်းကျင်ရွာများ မှ လူများလာရောက်ကာ မြွေနတ် သမီးကိုပူဇော်ပသကာ ဆုတောင်း မှုပြုလေ့ရှိကြောင်း သိရသည်။ ကောက်ရိတ်သိမ်းချိန်မတိုင်မီ မြွေ နတ်သမီးက ကံကောင်းခြင်းကို ဆောင်ကြဉ်းပေးကာ ဒုက္ခများကို ဖယ်ရှားပေးသည်ဟု ဒေသခံတို့ က ယုံကြည်လျက်ရှိကြသည်။
အိန္ဒိယနိုင်ငံတွင် မြွေအ လမ္ပာယ်ဆရာများသည် ကမ္ဘာ့ လှည့်ခရီးသွားများကိုပင် ဆွဲ ဆောင်မှု ပြုနိုင်ကြသူများဖြစ် သည်။ သို့ရာတွင် ၂၀၀၂ ခုနှစ်တွင် အစိုးရက လက်ရှိတောရိုင်း တိရစ္ဆာန်များကို အသုံးပြု၍ စီးပွား ရှာခြင်းကို တင်းကျပ်သည့် ဥပ ဒေပြဋ္ဌာန်းမှုပြုပြီးနောက် မြွေ အလမ္ပာယ်ဆရာ အရေအတွက် တဖြည်းဖြည်းလျော့နည်းလာခဲ့ သည်။
ref: Yangon Media Group

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။