Thursday, August 15, 2013

ကမ္ဘာ့အကျော်ကြားဆုံး ရေပန်းအလှများ

ကမ္ဘာ့အကျော်ကြားဆုံး ရေပန်းများတည်ရှိရာအရပ်တွေကို တင်ပြပေးပါမယ်။
နေခရမ်း ၏ထုံးစံအတိုင်းပဲ ၁ မှ ၁၀ အထိစုစည်းပေးလိုက်ပါတယ်။
၁။ Bellagio Fountains (Las Vegas)

အမေရိကန်နိုင်ငံ လပ်ဗီးဂပ် မြို့မှာတည်ရှိပါတယ်။ ရေပန်းရှိုးပြသချိန်တွင်
မီးရောင်စုံနှင့်ဂီတသံများပါ နားဆင်နိုင်အောင်ပြုလုပ်ထားပါတယ်။ရေပိုက်ခေါင်း
၁၂၀၀ နှင့် မီးရောင်စုံ ၄၅၀၀ လောက်အသုံးပြုအလှဆင်ထားပါတယ်။ 

၂။ Fountain of Wealth (Suntec): World's Largest Fountain

ကမ္ဘာ့အကြီးဆုံးရေပန်း အဖြစ် ဂရင်းနစ်စံချိန်တင်ထားပါတယ်။
စင်ကာပူနိုင်ငံမှာတည်ရှိပြီး အောက်ခြေ ဧရိယာမှာ 1,683 စတုရန်းမီတာကျယ်ပါတယ်။
အမြင့်ကတော့ 13.8m (45.2 ပေ )ရှိပါတယ်။

၃။ Magic Fountain of Montjuic (Barcelona)

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာတည်ရှိတဲ့ ရေပန်းပါ။1929 ခုနှစ်တကည်းကတည်ဆောက်
ပြီးစီးခဲ့တာပါ။

၎။ Volcano Fountain (Abu Dhabi)

အဘူဒါဘီ မှာတည်ရှိပြီး ကမ္ဘာ့အလှပဆုံးရေပန်းတွေထဲမှာ တစ်ခုအပါအ၀င်လို့
ဆိုကြပါတယ်။ ပေ ၈၀ မြင့်ပါတယ်။

၅။ Big Wild Goose Pagoda Fountains (Xian)

တရုတ်နိုင်ငံမှာတည်ရှိပါတယ်။လှပတဲ့ မီးရောင်စုံနှင့်ပနံရနေတဲ့ ဒီရေပန်းဥယျာဉ်ဟာ
ကမ္ဘာ့အလှဆုံး စာရင်းများတွင်လည်း ပါဝင်ပါတယ်။

၆။ People’s Friendship Fountain (Moscow)

ရုရှားနိုင်ငံ မော်စကိုမြို့မှာတည်ရှိပါတယ်။

၇။ Trevi Fountain (Rome)

ရောမမြို့မှာတည်ရှိတဲ့ ဒီရေပန်းဟာ ကမ္ဘာ့အကျော်ကြားဆုံးရေပန်းအဖြစ်
သတ်မှတ်ထားပါတယ်။ ဒါကလည်း ရှေးဟောင်းရေပန်းတစ်ခု ဖြစ်နေပြီး
အနုပညာလက်ရာများကိုပြောင်မြောက်စွာတွေ့ရှိကြရလို့ဖြစ်ပါတယ်။
အမြင့် 25.9 meters (85 ပေ) ရှိပြီး ၊ အကျယ် 19.8 meters (65 ပေ)
ရှိပါတယ်။1732 ခုမှာစတင်ခဲ့ပြီး 1762 ခုနှစ်ကျမှ အပြီးသတ်နိုင်ခဲ့ပါတယ်။

၈။ Oval Fountain (Tivoli)

UNESCO၏ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖြစ်ပါတယ်။အီတလီနိုင်ငံ ၊
ရောမမြို့အနီးမှာ တည်ရှိပါတယ်။ရေပန်းတစ်ခုတည်းသာကျော်ကြားခြင်း
မဟုတ်ပဲ ရှေးဟောင်းအဆောက်အဦနှင့် ဥယျာဉ်တို့ကလည်းကျော်ကြား
လှပ နေပါတယ်။

၉။ Peterhof Fountain (Saint Petersburg)

1710 တည်းကစတင်ခဲ့တဲ့ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ကရေပန်းပါ။

၁၀။ King Fahd’s Fountain (Jeddah)

ရေပန်းတွေထဲမှာတော့ ကမ္ဘာ့အမြင့်ဆုံးရေပန်း အဖြစ်စံချိန်တင်ထားပါတယ်။
ဆော်ဒီအာရေဗျ မှာတည်ရှိပြီး 1023-ပေ (312m)မြင့်အောင်ရေများကို ပန်းထွက်စေ
နိုင်ပါတယ်။ဒါဟာ ကမ္ဘာကျော် အီဖယ်မျှော်စင် အမြင့်ထက် ပိုပါတယ်။

သူငယ်ချင်းတို့အတွက် ရှာဖွေပြီးတင်ပေးလိုက်ပါတယ်။ နောက်ပိုင်းပိုစ့်တွေကျမှ
ထူးဆန်းလှပတဲ့ အခြားသော ရေပန်းဥယျာဉ်များကိုရှာဖွေတင်ပြပါမယ်။
မြန်မာနိုင်ငံမှာလည်း နေပြည်တော်မှာ ရေပန်းဥယျာဉ်ရှိပါတယ်။ ကမ္ဘာ့စာရင်းတွေထဲမှာ
ရှာမတွေ့လို့ထည့်သွင်းမရေးခဲ့ပါ။ ကိုယ်တိုင်သွားပြီး လည်မှပဲဖြစ်မှာပါ။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ.............  နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...