Saturday, August 17, 2013

အင်္ဂလန်တွင် ကျင်းပသော မင်္ဂလာပွဲတစ်ပွဲ၌ အပျိုရံ ၈၀ ပါဝင်ဆင်နွှဲ


အင်္ဂလန်နိုင်ငံ အက်စက်စီရင်စု ဟာ့ဝစ်ရှ်မြို့တွင် ကျင်းပခဲ့သော မင်္ဂလာပွဲတစ်ပွဲ၌ အပျိုရံ ၈၀ ခန့် ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။ ယင်းမင်္ဂလာပွဲသည် အသက်၂၆ နှစ်အရွယ် အကဆရာမ ကေတီဒါလ်ဘီနှင့် အသက် ၃၇ နှစ်အရွယ် မီးသတ်သမား နော်မန်ဂို့ရှ်တို့၏ မင်္ဂလာပွဲ ဖြစ်ပြီး သြဂုတ်လ ၉ ရက်နေ့က ဟာ့ဝစ်ရှ်မြို့ရှိ စိန့်နီကိုးလတ်စ် ဘုရားကျောင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဘိုဂီရှူးစ် အကသင်တန်း ကျောင်း၏ အကဆရာမ ဖြစ်သူ ကေတီ၏ တပည့် ၇၄ ဦးလုံးသည် ကေတီ၏ မင်္ဂလာပွဲတွင် ပါဝင် ဆင်နွှဲချင်ကြသောကြောင့် ကေတီက ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ကေတီ၏ ယောင်းမသုံးဦး၊ တူမ တစ်ဦး၊ ညီမ ၀မ်းကွဲတစ်ဦးနှင့် သူငယ်ချင်း ဖြစ်သူတို့ကပါ ကေတီ၏ ဆန္ဒအရ ပါဝင် ဆင်နွှဲခဲ့သောကြောင့် အပျိုရံပေါင်း ၈၀ ဖြင့် မင်္ဂလာပွဲကို ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

အပျိုရံများ အားလုံးသည် ပန်းရောင် တူညီဝတ်စုံများကို ၀တ်ဆင် ထားကြပြီး ယင်းအပျိုရံဝတ်စုံများကို ၄င်းတို့၏ မိဘများက အကုန်အကျခံကာ ချုပ်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ကေတီ၏ တပည့်များ ဖြစ်သော အပျိုရံများမှာ အသက် နှစ်နှစ်မှ ၁၇ နှစ်နှစ် အထိ ပါဝင်ပြီး ဘုရားကျောင်း အတွင်းသို့ အပျိုရံများ အားလုံး ၀င်ရောက်နိုင်ရန် အတွက် ယင်းနေ့တွင် ဘုရားကျောင်းကို ပိတ်ထားခဲ့ရပြီး မင်္ဂလာပွဲသီးသန့်သာ ကျင်းပခဲ့ရကြောင်း သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...