Saturday, August 17, 2013

ဝေဟင်မှ မြေပြင်သို့ အရှိန်ဖြင့် ကျဆင်းလာသော သေတ္တာအတွင်းမှ အမေရိကန် ကောင်းကင် ကျွမ်းဘားသမား ရုန်းထွက်ပြခဲ့


အမေရိကန်နိုင်ငံ ၀စ္စကွန်ဆင်ပြည်နယ် ရှီဘွိုင်ဂမ်မြို့အနီးတွင် ကောင်းကင် ကျွမ်းဘားသမား အန်သိုနီမာတင်သည် ဝေဟင်မှ မြေပြင်သို့ တစ်ရှိန်ထိုး ကျဆင်းလာသော သေတ္တာအတွင်းမှ ရုန်းထွက်ပြီး လေထီးဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်ပြခဲ့သည်။ အသက် ၄၇ နှစ် အရွယ်ရှိ အန်သိုနီမာတင်ကို သေတ္တာအတွင်း၌ ခါးကို သံခါးပတ်ဖြင့် ပတ်ထားပြီး ခြေလက်များကို သံကြိုးဖြင့် ချည်နှောင်ပြီးနောက် သေတ္တာကို သော့ခတ်ကာ အမြင့်ပေ ချည်နှောင်ပြီးနောက် သေတ္တာကို သော့ခတ်ကာ အမြင့်ပေ ၁၄,၅၀၀ မှ ပစ်ချခဲ့ခြင်း ဖြစ်သည်။ မာတင်သည် အချိန် စက္ကန့်အချိန် စက္ကန့်၄၀ အတွင်း၌ တစ်နာရီလျှင် မိုင် ၁၂၀ နှုန်းဖြင့် ကျဆင်းနေသော သေတ္တာအတွင်းမှ အံ့သြဖွယ် ရုန်းထွက်ပြခဲ့သည်။

ထိုသို့ စတန့်ပြသရန် အတွက် မာတင် ဦးဆောင်သော စတန့်အဖွဲ့သည် အီလီနွိုက်ပြည်နယ် အိုတာဝါမြို့မှ လေယာဉ်ဖြင့် ထွက်ခွာလာပြီး ရှီဘွိုင်ကန်မြို့ အရောက်တွင် မြေပြင်ပေါ်သို့ သေတ္တာအတွင်း ၀င်ရောက်ကာ ဆင်းသက်ခဲ့သည်။ မာတင်အနေဖြင့် သေတ္တာအတွင်းမှ ရုန်းထွက်နိုင်ခဲ့ခြင်း မရှိပါက ၎င်းကို ကယ်ဆယ်ရန် အတွက် အခြား လေထီးသမား နှစ်ဦးလည်း သေတ္တာဘေးမှ ခြံရံကာ လိုက်ပါခဲ့သည်။ မာတင်သည် လွန်ခဲ့သည့် ၂၅ နှစ်ခန့်ကတည်းက ယင်းသို့သော စတန့်ပြကွက်များ ပြသရန် စိတ်ကူးယဉ်ခဲ့ပြီး ၎င်း၏ တစ်သက်တာတွင် ခြေထိတ်လက်ထိတ်များ ခတ်ကာ ကောင်းကင်ကျွမ်းဘား စတန့်ပြခြင်း ရေခဲကျောက်ဆောင်များ အောက်မှ ရုန်းထွက်ပြခြင်း တို့အပြင် အကျဉ်းထောင်အတွင်း၌ ခြေချင်းများ ခတ်ကာ ပိတ်လှောင်ခံခဲ့ပြီးနောက် အကျဉ်းထောင်အပြင်သို့ ထွက်ပြခြင်း စသည့် စတန့်ပြကွက်များ ပြသခဲ့သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...