Wednesday, September 18, 2013

စက္ကူဖြင့် ဖန်တီးထုဆစ်ပြသည့် အိုရီဂါမီ အနုပည


မက်သရူးသည် ရှုပ်ထွေးပြီး အလွန်အနုစိတ်သည့် တိရစ္ဆာန် ပုံတူရုပ်လေးများကို စက္ကူဖြင့် အရုပ်ချိုးကာ ဖန်တီးပြခဲ့သည်။

စက္ကူဖြင့် အနုပညာတစ်ရပ် ဖန်တီးမှုသည် မက်သရူး ဂျီယော်ဂျာ၏ ပင်ကိုယ် ပါရမီတစ်ခုအဖြစ် ညွှန်းဆိုနိုင်လောက်မည် ဖြစ်သည်။ မက်သရူးသည် ရှုပ်ထွေးပြီး အလွန်အနုစိတ်သည့် တိရစ္ဆာန် ပုံတူရုပ်လေးများကို စက္ကူဖြင့် အရုပ်ချိုးကာ ဖန်တီးပြခဲ့သည်။ မက်သရူးသည် ၎င်း၏ အနုပညာ လက်ရာအချို့ကို အင်တာနက်တွင် လွှင့်တင်ပြသခဲ့ရာ လူအများက အံ့ဩတကြီး ချီးကျူးထောမနာ ပြုခဲ့ကြသည်။ အိုရီဂါမီခေါ် စက္ကူဖြင့် အရုပ်ခေါက်သော နည်းပညာသည် ဂျပန်နိုင်ငံမှ အစပြုကာ တစ်ကမ္ဘာလုံး အတိုင်းအတာထိ ကျယ်ပြန့်ခဲ့ပြီး မက်သရူးမှာမူ အိုရီဂါမီ၏ ပါရမီမြောက် အနုပညာရှင် တစ်ဦးအဖြစ် ၎င်း၏ စိတ်ကူးစိတ်သန်းများကို ပြသနိုင်ခဲ့သည်။

အိုရီဂါမီသည် အလွန်ရှေးကျသည့် အတတ်ပညာ တစ်ခုဖြစ်ပြီး ပထမဆုံး အိုရီဂါမီ စာအုပ်ကို (၁၉၇၉)ခုနှစ်က ပုံနှိပ် ထုတ်ဝေခဲ့သည်။ ဂျပန်ဘာသာဖြင့် အိုရီသည် ခေါက်ခြင်းဖြစ်ပြီး ဂါမီသည် စက္ကူဟု အဓိပ္ပါယ်ရသည်။ အိုရီဂါမီ ပညာရှင်တို့သည် နေ့စဉ်နေ့တိုင်း နည်းလမ်းသစ်များဖြင့် စက္ကူခေါက်မှုကို ပုံဖော်တီထွင်နေပြီး မက်သရူးသည် ယင်းတို့အနက်မှ တစ်ဦးဖြစ်သည်။ မက်သရူးသည် နဂါးပုံ၊ မြွေပုံ၊ မြင်းပုံ၊ အင်းဆက်ပိုးကောင်ပုံ အစရှိသဖြင့် စက္ကူရုပ်လေးပေါင်း (၁၃၁)ခု၏ ဓာတ်ပုံများကို Flickrမှတစ်ဆင့် ပြသခဲ့သည်။

ယင်းတို့အနက် အချို့သည် အိုရီဂါမီ ပညာရှင်များဖြစ်သည့် ဆာတိုရှီကာမီယာ၊ ဒါအိုကွမ်ကူယက်၊ ရိုနယ်လ်ကိုအာတို့၏ လက်ရာများကို အခြေခံကာ ဆင့်ပွားထားခြင်းဟု မက်သရူးက ဝန်ခံထားသည်။ ၎င်းသည် ကိုယ်ပိုင်ဖန်တီးမှု လက်ရာအချို့ကို ယခုနှစ်အတွင်း ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်တွင် ပြုလုပ်သည့် ပြပွဲတစ်ခု၌ ပါဝင် ပြသခဲ့ဖူးကြောင်း သိရှိရသည်။




ref:planet.com.mm

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...