Monday, September 16, 2013

သဘာဝကမ္ဘာ့အံ့ဖွယ် (၇) ခု

သဘာဝကမ္ဘာ့အံ့ဖွယ် စာရင်းဟာ အခြားသော ကမ္ဘာ့အံ့ဖွယ်များနှင့်မတူဘဲ သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ ထူးခြားသောနေရာဒေသများကို စာရင်းပြုစုထားခြင်း ဖြစ်ပါတယ်။ new7wonders ဆိုဒ်မှ ၂၀၁၀ ၊ ၂၀၁၁ လောက်က ပညာရှင်များနှင့် အင်တာနက်ပေါ်တွင်ပါ တစ်ကမ္ဘာလုံးမှ မဲပေးရွေးချယ်ခဲ့ကြပါတယ်။ ဒါပေမယ့် သဘာဝကမ္ဘာ့အံ့ဖွယ် စာရင်း ပြုစုရာမှာ သဘောထားအနည်းငယ် ကွဲလွဲကြပါတယ်။ ဒါကလည်း ကမ္ဘာပေါ်မှာ ထူးဆန်းလှပတဲ့ ဒေသတွေများလှသဖြင့် စာရင်းကို ခုနှစ်ခု နှင့်မပိတ်သိမ်းပဲ မည်မျှထားသင့်သလဲ ဆိုတာ ဆုံးဖြတ်ရခက်ခဲ့ကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့အံ့ဖွယ်တို့၏ ထုံးစံအတိုင်း နောက်ဆုံးတွင် ခုနှစ်ခုသာ  ထားကာ စာရင်းပြုစုခဲ့ကြပါတယ်။ အခု နေခရမ်းမှ အဲဒီ  သဘာဝကမ္ဘာ့အံ့ဖွယ် (၇) ခု ကိုတင်ပြပေးပါမယ်။

(၁) Amazon Rainforest

ကမ္ဘာကျော် အမေဇုန်တောအုပ်ကြီးကတော့ ကမ္ဘာ့အံ့ဖွယ်ထဲမှာ ပါဝင်နေပါတယ်။ အမေဇုန်မြစ်ကြီးကြောင့်လည်း ပိုပြီး စိတ်ဝင်စားမှုခံကြရပါတယ်။ တောင်အမေရိကတိုက်မှ Brazil, Peru, Colombia, Venezuela, Ecuador, Bolivia,Guyana, Suriname,French Guiana တို့နှင့် ဆက်စပ်နေပြီး ဧရိယာအားဖြင့် 5,500,000 km2 (2,123,562 sq mi) ရှိပါတယ်။ ထူးခြားမှုတွေနှင့် လေ့လာစရာများ များစွာ ကျန်ရှိနေသေးသော ဒေသတစ်ခု ဖြစ်ပါတယ်။

Amazon Rainforest တည်ရှိရာပြ မြေပုံ
(၂)  Ha Long Bay: Vietnam 
 ဗီယက်နန်နိုင်ငံမှာ တည်ရှိတဲ့ လှပတဲ့ ပင်လယ်ထဲမှ ကျွန်းလေးများပါ။ ပင်လယ်ထဲ ထိုးထိုးထောင်ထောင် ထွက်နေတဲ့ ဒီဒေသလေးဟာ ကမ္ဘာလှည့်ခရီးသွားများ အကြိုက်ဆုံးနေရာများမှာပါဝင်ပါတယ်။ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်ဒေသ စာရင်းထဲမှာလည်း ပါဝင်ပါတယ်။

Ha Long Bay: Vietnam တည်ရှိရာပြ မြေပုံ

(၃) Iguazu Falls: Argentina/Brazil

အာဂျင်တီးနားနှင့် ဘရာဇီးနှစ်နိုင်ငံ နယ်စပ်ရှိ  ကြီးမားထင်ရှားလှသော Iguacu Falls ဘရာဇီးနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ၂၅%ကို ထုတ်လုပ် ပေးထားပြီး ကမ္ဘာလှည့်ခရီးသွားများအား အဆွဲဆောင်နိုင် ဆုံးသော ရေတံခွန်တစ်ခုလဲ ဖြစ်ပါတယ်။ စုစုပေါင်းအကျယ်  2.7 kilometres (1.7 mi) ရှိပြီး အမြင့်ဆုံးရေတံခွန်းအပိုင်းက 82 metres (269ပေ) မြင့်ပါတယ်။

Iguazu Falls: Argentina/Brazil တည်ရှိရာပြ မြေပုံ

(၄) Jeju Island: South Korea

ကိုးရီးယား ဇာတ်ကားတွေထဲမှာ ရိုက်ကူးပြလေ့ရှိတဲ့ ကျွန်းလေးပါ။ စုစုပေါင်းအကျယ် 1,849 km2 (714 sq mi) ရှိပါတယ်။

Jeju Island: South Korea တည်ရှိရာပြ မြေပုံ

(၅) Komodo(island): Indonesia

အင်ဒိုနီးရှားမှ ကျွန်းစုများပါ။ ကမ္ဘာအကြီးဆုံး the world's largest lizard ဆိုတဲ့ ကိုမိုဒိုနဂါးဆိုတဲ့ အကောင်များ တည်ရှိရာအရပ်ပါ။ ဧရိယာအားဖြင့် 390 km2 (151 sq mi) ကျယ်ဝန်းပါတယ်။
ကိုမိုဒို နဂါးများအကြောင်းကိုအင်ဒိုနီးရှားမှကိုမိုဒိုနဂါးတွင်ကြည့်နိုင်ပါသည်။

Komodo(island): Indonesia တည်ရှိရာပြ မြေပုံ

(၆) PP Underground River: Philippines

ဖိလစ်ပိုင်နိုင်ငံ Palawan ဒေသတွင်ဖတည်ရှိပြီး ကမ္ဘာ့အရှည်ဆုံးစာရင်းဝင် မြေအောက်မြစ် တည်ရှိရာအရပ်ပါ။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသဖြစ်ပြီး စုစုပေါင်းဧရိယာ 22,202 hectares (54,860 acres) ရှိပါတယ်။

PP Underground River: Philippines တည်ရှိရာပြ မြေပုံ

(၇) Table Mountain: South Africa

အမည်နှင့်လိုက်အောင် စားပွဲခုံနှင့်တူလှပါတယ်။ ညီညာနေတဲ့တောင်ထိပ်နေရာဟာ သဘာဝအတိုင်း တည်ရှိနေပါတယ်။ တောင်အာဖရိကမှာ တည်ရှိပြီး  1,084.6 m (3,558 ပေ) မြင့်ပါတယ်။

Table Mountain: South Africa တည်ရှိရာပြ မြေပုံ


သူငယ်ချင်းတို့အတွက် တက်နိုင်သလောက်စုစည်းတင်ပေးလိုက်ပါတယ်။  ဒါနဲ့တစ်ဆက်တည်း ကျွန်တော်တို့မြန်မာနိုင်ငံက မြိတ်ကျွန်းစုများကိုလည်း သဘာဝကမ္ဘာ့အံ့ဖွယ် စာရင်းပြုစုတဲ့ ၂၀၁၀ ၊ ၂၀၁၁ လောက်က စာရင်းထဲပါအောင် တင်သွင်းခဲ့ဖူးတယ်လို့ဆိုပါတယ်။
 ဒါပေမယ် အင်တာနက်ပေါ်က မဲပေးဖို့ အဲဒီအချိန်က သိပ် မတွင်ကျယ်ကြသေးလို့ နောက်ဆုံးဇကာတင် ၂၈ ခုထဲတောင် မပါခဲ့ပါဘူး။ အခုအချိန်များဆို miss internet ဆုတွေတောင် ရနေကြပြီဆိုတော့ စိတ်ထဲမှာ မချင့်မရဲဖြစ်မိပါတယ်။ ဒါကလည်း ကျွန်တော်တို့နိုင်ငံ ၏ မြိတ်ကျွန်းစု နှင့် လန်ပိကျွန်းတို့ အံဖွယ် ၇ ခုထဲ မပါရင်တောင် ဇကာတင် ၂၈ ခုထဲပါလောက်အောင် လှပပါတယ်။

မြိတ်ကျွန်းစု တည်ရှိရာပြ မြေပုံ
တစ်ခုရှိတာက သူတို့နိုင်ငံတွေက ဒီနေရာတွေကို အစိုးရရော ပြည်သူတွေကပါ အမြတ်တနိုးထိမ်းသိမ်းကာ စောင့်ရှောက်ကြပါတယ်။ စည်းကမ်းမဲ့ အမှိုက်မပစ်ရအောင် စောင့်ထိမ်းတာမျိုးကို လေ့လာရပါတယ်။ ဒါကတော့ ကျွန်တော်တို့ ကိုယ်တိုင် စောင့်ထိန်း ကာကွယ်ကြမှရပါတယ်။ ဒီဘက်နှစ်မှာတော့ ဒီဒေသများကို  ကမ္ဘာ့အမွေအနှစ် စာရင်းထိဝင်အောင်ကြိုးစားပြီးလုပ်နေကြတာကို တွေ့မြင်ရပါတယ်။ ဒီမြိတ်ကျွန်းစုနှင့် လန်ပိကျွန်းအကြောင်းများ ဆလုံလူမျိုးများအကြောင်းကို ထူးဆန်းမြန်မာ စာမျက်နှာမှာ ကြည့်ရှုနိုင်ပါတယ်။ အမှားပါရင်ခွင့်လွှတ်ပါလို့တောင်းပန်ရင်း...
September , 2013 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...