Thursday, September 26, 2013

ကမ္ဘာ့အကြီးဆုံးအဏ္ဏ၀ါပြတိုက်များ

ကမ္ဘာ့အကြီးဆုံးအဏ္ဏ၀ါပြတိုက်များ ဆိုတာ ကြီးမားတဲ့ ငါးမွေးကန်တွေပါပဲ။
ဒါပေမယ့် အလှမွေးငါးမျိုးတွေသာမက ကြီးမားသောဆိုတဲ့ ဂုဏ်အင်နှင့်ညီစွာ
ငါးမန်းကဲ့သို့ ငါးမျိုးများကိုပါ ထည့်သွင်းထားတက်ကြပါတယ်။ထို့ပြင် အခြားရေနေ
သတ္တ၀ါများကိုပါ ထည့်သွင်းတည်ဆောက်ထားပါသဖြင့် ကြည့်ရှုသူများအနေဖြင့်
အဏ္ဏ၀ါရေပြင်အောက်ကို ရောက်ရှိသွားသကဲ့သို့ခံစားရမှာပါ။ဒီပိုစ့်မှာ နေခရမ်း၏
ထုံးစံအတိုင်း ကမ္ဘာ့အကြီးဆုံးအဏ္ဏ၀ါပြတိုက်တွေကို အစဉ်လိုက်စုစည်းတင်ပြ
ပေးပါမယ်။ အားပေးကြပါအုံးနော်...
(၁) Singapore

ပထမဆုံးတင်ပြမှာက ၂၀၁၂ ခုနှစ်တွင်ဖွင့်လှစ်ခဲ့တဲ့ စင်ကာပူနိုင်ငံ မှ အဏ္ဏ၀ါပြတိုက်ပါ။
ရေပမာဏအားဖြင့် 10 million gallons အထိထည့်သွင်းထားပါတယ်။

(၂) Georgia Aquarium 

တစ်ချိန်ကကမ္ဘာ့အကြီးဆုံးစာရင်းဝင် ကတော့ Atlanta, Georgia တွင် တည်ရှိပါတယ်။
ဒီအဆောက်အဦးထဲက ငါးကန်ကြီးထဲမှာ ရေပမာဏ24 million liter(6,3 million gallons) အထိ 
ထည့်သွင်းထားပါတယ်။၂၀၀၅ ခုနှစ် နိုဝင်ဘာလ မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။
ဝေလ ၊ ငါမန်း အစစ်များကို ထည့်သွင်းထားပါတယ်။


(၃) Dubai Mall Aquarium

ဒူဘိုင်း မှာတည်ရှိတာပါ။ကမ္ဘာ့အကြီးဆုံးဈေးဝယ်စင်တာ တစ်ခုဖြစ်တဲ့
Dubai Mall မှာ တည်ဆောက်ထားပေးပါတယ်။ရေပမာဏ 10 million liters (2,64 million gallons)
ထည့်သွင်းထားပြီး ရေနေသက်ရှိ 33,000 ထည့်သွင်းထားပါတယ်။ ထိုပြင် ငါးမန်း အကောင်
၄၀၀ လောက်ပါထည့် ထားပါတယ်။
(၄) Okinawa Churaumi Aquarium

ဂျပန်နိုင်ငံ တွင် တညည်ရှိပြီး ၂၀၀၂ တွင် ဖွင့်လှစ်ပြသခဲ့ပါတယ်။
7,5 million liters (1,981,000 gallons) ရေပမာဏ ထည့်သွင်းထားပါတယ်။
(၅) L'Oceanografic

စပိန်နိုင်ငံ ဗလင်စီယာ တွင်တည်ရှိပါတယ်။ 7 million liters (1,85 million gallon) ပမာဏ
ရေများထည့်သွင်းတည်ဆောက်ထားပါတယ်။
(၆) Turkuazoo

တူရကီနိုင်ငံတွင် ၂၀၀၉ ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပါသည်။
မီတာ ၈၀ ရှည်တဲ့ ရေအောက်ပိုက်လိုင်းဖြင့် တည်ဆောက်ထားပြီး ကျားငါးမန်းများ
ကိုထည်သွင်းထားပါတယ်။ရေပမာဏ အားဖြင့် 5 million liters (1,32 million gallons)
ထည့်ထားပါတယ်။
(၇) Monterey Bay Aquarium

အမေရိကန်နိုင်ငံ ကာနီဖိုးလီးယားတွင် တည်ရှိပြီး 4,5 million liter (1,2 million gallon)
ရေများထည့်သွင်းထားပါတယ်။
(၈) uShaka Marine World 

တောင်အာဖရိကနိုင်ငံ ဒါဘန်တွင် တည်ရှိပါတယ်။ငါးမန်းများနှင့်အတူ လင်းပိုင်များကိုပါ
ထည့်သွင်းထားပါတယ်။တူငါးမန်းများလည်းရှိပါတယ်။ ရေပမာဏအားဖြင့်
1 million gallons နီးပါးထည့်ထားပါတယ်။
(၉) Shanghai Ocean Aquarium

တရုတ်နိုင်ငံတွင်တည်ရှိပြီး ထူးခြားမှုအနေဖြင့် ကမ္ဘာ့အရှည်ဆုံးရေအောက် ပိုက်လိုင်း
ဖြင့်တည်ဆောက်ထားပါတယ်။ထို ရေအောက်ပိုက်လိုင်းဟာ 155 meter (509 ပေ)ရှည်ပါတယ်။
ရေပမာဏအားဖြင့်1 million gallons နီးပါးထည့်ထားပါတယ်။
(၁၀) Aquarium of Genoa 

အီတလီနိုင်ငံတွင် ၁၉၉၂ တွင်ဖွင့်လှစ်ခဲ့ပါတယ်။
ရေပမာဏအားဖြင့်1 million gallons နီးပါးထည့်ထားပါတယ်။
(၁၁) Aquarium of Western Australia

Australia တွင်တည်ရှိပြီး ရေပမာဏ 3,000,000 liters (793,000 gallons) ရှိပါတယ်။
သူငယ်ချင်းတို့အတွက် စုစည်းပေးလိုက်ပါတယ်။ နံပါတ် (၁) စင်ကာပူ၏ ပြတိုက်ကြီးမှာ 
နောက်ဆုံးစာရင်းဝင်ဖြစ်ပြီး တစ်ချို့ကမ္ဘာ့စာရင်းတွေထဲမှာ ထည့်သွင်း ထားခြင်း
မရှိသေးပါဘူး။ အချက်အလက်တွေအရနှင့် TIME သတင်းဋ္ဌာနတွင်ဖော်ပြထားလို့
စာရင်းထဲမှာ ထည့်သွင်းပေးလိုက်ပါတယ်။

ဒါကတော့ အရင် ကမ္ဘာ့စာရင်းဝင် ၁၀ ခု၏ တည်နေရာပုံပါ။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ.............  နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...