
တစ်မူထူးခြားပြီးလှပသော သုံးဆင့်ရေတံခွန်ကို
လက်ဘနွန်(Lebanon)နိုင်ငံတွင် တည်ရှိပါသည်။
ထိုရေတံခွန်ကို Baatara gorge sinkhole (Balaa gorge waterfall) ဟုအမည်ရပါသည်။

ထိုရေတံခွန်၏အဆင့် သုံးဆင့်ပေါင်းရေကျနေသော
အမြင့်သည် 255 metres (837ပေ)အထိရှိပါသည်။
အဆင့်သုံးဆင့်တွင် အမြင့်ဆုံးရေကျသောအမြင့်
တစ်ခုသည် ၉၀-၁၀၀ မီတာ(၃၀၀-၃၃၀ ပေ)မြင့်ပါ
သည်။

ရေတံခွန်ကိုပတ်၍ တံတားသုံးစင်းဝန်းပတ်ထားသလို
ဖြစ်နေသဖြင့် Three Bridge ,Three Level Waterfall ဟုလည်းခေါ်ကြပါသည်။
ထိုရေတံခွန်ကို ၁၉၅၂ ခုနှစ်တွင်ပြင်သစ်လူမျိုး
Henri Coiffait ကစတင်တွေ့ရှိခဲ့ပါသည်။

နှစ်စဉ် မတ်လနှင့် ဧပြီလများတွင်သာ ရေတံခွန်မှ
ရေများစီးဆင်းနေသည်ကို လှပစွာမြင်တွေ့ရမှာပါ။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ.................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။